ပျိုကြီးစိန်ရဲ့..Facebook Live Location မျှဝေခန်း
Digital Mishaps
ပျိုကြီးစိန်တို့မယ် ဝီဝီရဲ့လှည့်စားမှုနဲ့ ပါတော်မှု တစ်ခန်းရပ်ဇာတ်လမ်း ပြီးတဲ့နောက်ဝယ် ဒစ်ဂျစ်တယ်အရေးနဲ့ ပက်သက်ပြီး ဆန်းဆန်းတင့် (sensitive) ကြီးကိုဖြစ်နေလေရောပဲ…အွန်းလိုင်းလောကက သိုင်းသမားတွေကိုလည်းမယုံတော့ဘူး…
အွန်လိုင်းပေါ်က လူတစ်ယောက်ကို လွယ်လွယ်ကူကူမယုံတာကတော့ ကောင်းတဲ့အလေ့အထတစ်ခုဖြစ်ပေမယ့် တူမတော်လည်း ကိုယ့်လိုတစ်ခန်းရပ်ဇာတ်ဖြစ်မလား..မသမာသူနဲ့များတွေ့မလားဆိုပြီး စိုးရိမ်းစိတ်လေးလည်းရှိတော့ နေရာကတာ သံသယမျက်လုံးနဲ့ ဒေါက်ထောက်ပြီး ချစ်တဲ့စိတ်ရော ..စိုးရိမ်တဲ့စိတ်ရော ရောထွေးပြီးတော့ ကြည့်မိတာကလည်း မဆန်းဘူးပေါ့လေ…
ဒါနဲ့ တနေ့တော့ ဇာတ်လိုက်ကျော်ရဲ့ တူမတော်ကြီး ပုံ့က အပြင်သွားမယ်လည်းဆိုရော..ထုံးစံအတိုင်းပေါ့ အမေးအမြန်း ထူပါလေရော...
တီစိန်: "ဟဲ့..မိပုံ့ ဘယ်ကိုကြွတော်မှုမလဲ" ကျုပ်ကိုလည်း ပြောခဲ့ဦးတဲ့။
ပုံ့။ ။ တီစိန်ကလည်း ပုံ့သူငယ်ချင်း ကြည်ပြာဆီ အလည်သွားမလို့ပါ။
တီစိန်။ ။ အော်..အရင်တုန်းက မြောက်ဒဂုံအိမ်မှာနေတဲ့ တစ်ယောက်လား?
ပုံ့ ။ ။ဟုတ်တယ်လေတီစိန်ရဲ့...ဝဝကစ်ကစ်နဲ့တစ်ယောက်လေ..တီစိန်ကိုတောင် မုန့်ဖို့တောင်းဖူးတဲ့ တစ်ယောက်လေ..ဒါပေမယ့် သူတို့က အခု အိမ်ပြောင်းလိုက်ပြီတီစိန်ရဲ့… မြောက်ဒဂုံမှာ မဟုတ်တော့ဘူး။ သူတို့က အခု သန်လျင်ဘက်ရောက်သွားတာ တီစိန်..
တီစိန်: ညည်းသွားမယ့်နေရာက ဝေးတာပဲ..ငါ့ကိုစိတ်ချရအောင် ဖေ့ဘွတ်က လိုက်(ဖ်)လိုကေးရှင်း (Live Location) လေး ရှယ်ယာ (Share) လုပ်ခဲ့ဦးတဲ့။ အဲ့ဒါမှ အရေးရယ် အကြောင်းရယ်ဆို လိုက်ရှာလို့ရမှာတဲ့...
ပုံ့................."တီစိန်ကလည်း အဲ့ဒါက ဘာကိုပြောတာလဲဟင်? "
တီစိန်....... "အမလေး မိပုံ့ရေ..ညည်း ဘယ်ခေတ်မှာနေနေတာတုန်း. လိုက်(ဖ်)လိုကေးရှင်းဆိုတာ..ညည်းအခုသွားနေတဲ့အတိုင်းကို ငါကမြင်ရအောင်လုပ်ခိုင်းတာဟဲ့.. မသိရင်မေး..မစင်ရင်ဆေးတဲ့..ကဲ..သက်ကြီးစကားသက်ငယ်ကြားဆိုသလို..တီစိန်ကပဲပြောပြလိုက်ပါမယ်…
ကြားတော့မကောင်းဘူးအေ..ကျုပ်လိုအိုကြီးအိုမက ညည်းလိုခေတ်လူငယ်ကို ပြန်ပြောပြရတာ..ကဲမိုပုံ့ရေ"
ဒီလိုလုပ်ရတယ်..ငါ့တူမရဲ့..
- ညည်း..မက်စင်ဂျာ (Messenger) ကိုဝင်
- အပေါင်းလေးကိုနှိပ် (ငါကပန်းသီးသမားမို့ ညည်းတို့ အန်းတရိုက်ဆိုရင်တော့ အစက်(၄) စက်ကနေဆက်သွားရမယ်နော်)....
- မျှားလေးတွေ့တယ်ဟုတ်
- အဲ့မျှားလေးကိုနှိပ်ရင် Allow Location Access လေးလုပ်ပေးရမယ်..
- Allow once (ဒါက ညည်း ဒီတစ်ခါပဲသုံးဖို့ Location ဖွင့်တဲ့သဘော)
- Allow while using App (ဒါကတော့ ဖေ့ဘွတ်ပွတ်တိုင်း ဖေ့ဘွတ်ကို ညည်း တည်နေရာကို ပေးသိမယ်ဆိုတဲ့သဘောပဲ မိပုံ့..အခုတော့ Allow once ကိုပဲရွှေး..ကြား လား)
- Allow once ကိုနှိပ်ပြီး Start sharing live location လုပ်လိုက်ရင်ရပြီး မိပုံ့ရေ...နားလည်းပီလား..သည်းမယ် လူငယ်သာဆိုတယ် ဒါမျိုးကျ ဒူပါ့....ငါ့ဖုန်းနံပါတ်ကို ဖေ့ဘွတ်မှာပေါ်အောင်လုပ်တုန်းက ငါသတိမထားမိလိုက်လို့..ပါတော်မှု တစ်ခန်းရပ်ဖြစ်သွားတာမိပုံ့ရေ...ညည်းရယ်..လူငယ်ပီပီ သတိဝရီယရှိစမ်းပါအေ..သတိဆိုတာ ပိုတယ်မရှိဘူးနော်..
ဤတွင် ပျိုကြီးစိန်ရဲ့ ဖေ့ဘွတ် လိုက်(ဖ်)လိုကေးရှင်း လက်ချာ (Lecture) ပြီး၏....