ဒစ်ဂျစ်တယ်အလွဲများအပိုင်း(၃)

🔔ဒီနေ့တော့ နွေဦးလုံခြုံရေးရဲ့ စာဖတ်သူပရိတ်သတ် မပျင်းရလေအောင် ပေါ့ပေါ့ပါးပါး ဒစ်ဂျစ်တယ် လုံခြုံရေး အလွဲများ ကဏ္ဍလေး ပြန်လာပါပြီ....
👉ဒီနေ့ကတော့ ဒစ်ဂျစ်တယ်အလွဲဆိုတာထက် encryption ကို မနောက်သင့်တဲ့ အကြောင်းပါ ....
ဒစ်ဂျစ်တယ်လုံခြုံရေးမှာ အရေးကြီးတဲ့ အဆင့်တစ်ခုက data mapping လို့ခေါ်တဲ့ ကိုယ့်ဒေတာ ကိုယ်ဘယ်နားရှိလည်းဆိုတာ ပြန်ပြီး ဆန်းစစ်ရတာပါ၊ ဒီကိစ္စနဲ့ တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်ပြီး ဆက်စပ်နေလို့ပါ၊ သဘောက လုံခြုံရေး step တွေ မလုပ်ခင်မှာ ဘာတွေကို အဓိက ကာကွယ်မလည်းဆိုတာ ကိုယ့် device တွေ account တွေ အားလုံးကို review လုပ်ရတဲ့သဘောပေါ့။ ဆိုလိုတာက အချိန်လိုတာပေါ့ဗျာ ၊ ခေါင်းအေးအေးနဲ့ စဉ်းစားပြီး ဟိုချောင်ဒီချောင် folder တွေကို လိုက်ကြည့်ရတာပေါ့။ ပြီးတော့မှ ရွေ့တန်တာရွေ့၊ ဖျက်တန်တာဖျက်၊ encrypt လုပ်ပြီး သိမ်းတန်တာသိမ်းပေါ့ဗျာ၊ ဒါနဲ့ပတ်သက်ပြီးလည်း အသေးစိတ်မှဝေပေးပါဦးမယ်။
ဆက်ရရင် ကျတော်လည်း 2020 ဒီလို လ လောက်မှာပဲ တစ်ရက် ညဖက်အားတာနဲ့ မလုပ်တာလည်းကြာပြီဆိုပြီး မိုးအေးအေးနဲ့ လုပ်ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ပြန်ရှာပြန်ရှင်း သီချင်းလေးဖွင့်၊ မိုးလေးအေးတာနဲ့ လုပ်ရင်းနဲ့ ခွက်ပုန်း ကစ်ဖြစ်တာပေါ့ဗျာ။ ကစ်တဲ့ အထိအကောင်းဗျ၊ သို့သော့် မသိမသာနဲ့ အမိုက် အမှောင်ကဖုံးစပြုပြီ၊ လက်ရဲဇက်ရဲဖြစ်လာပြီ၊ အဲ့ဒါနဲ့ Veracrypt ကို တကယ်သုံးမယ်ဆိုပြီး စသုံးဖြစ်ပါတယ်၊ Veracrypt က ဖုန်းထဲက Tella/Keepass လိုပဲ (keepass နဲ့ ပိုတူပါတယ်) အချက်အလက်တွေကို encrypted container လုပ်ပြီး သိမ်းပေးတဲ့ tools ဖြစ်တဲ့အပြင် လက်ရှိမှာတော့ ခုထိကို computer/hdd/local storage encryption နဲ့ပတ်သတ်ရင် powerful အဖြစ်ဆုံးtool တစ်ခုလို့ပြောလို့ရပါတယ်။
ဆိုတော့ ကျတော် data တွေရဲ့ မပြန်လမ်းကို မူးမူးနဲ့ လျှောက်မှန်း မသိ လျှောက်မိပါပြီ၊ 18Gbs ကျော်ကျော် container တစ်ခုဖန်တီးဖို့ကြိုးစားပါတယ်၊ အဲ့ဒီမှာ ကျတော် တော်တော် လုံခြုံတဲ့ password တစ်ခုထားပြီး အမူးသမားမာန နဲ့ကို မမှတ်ထားလိုက်မိပါဘူး၊ ပြီးတော့မှ ဖျက်ပြီးလက်ကျန် အရေးကြီးတဲ့ data လေးတွေနဲ့ သိမ်းသင့်တာတွေကို (အဲ့အချိန် တော်တော် ကောင်းနေပါပြီ) folder တွေလည်း ခွဲမနေတော့ပါပဲ ဒီတိုင်း ထည့်လိုက်တာ မှတ်မိပါတယ်၊ ပြီးတော့ password က အဲ့အချိန်တုန်းက ကျတော်နားထောင်နေတဲ့ စာသားတွေကို craft ထားတာဗျ။ ကိုယ်တိုင်လည်း ခပ်ရေးရေးမှတ်မိတယ်၊ ပထမ english alphabat “o” တွေကို zero “0”, “s” တွေကိ “5” အစရှိသဖြင့်ပေါ့ဗျာ၊ 7 က “T” အကြီးဗျ၊ ဘာသီချင်းမှန်းလဲ ခပ်ရေးရေးသိတယ်။
ဒါပေမယ့်၊ ခပ်ရေးရေးက ခပ်ရေးရေးပါပဲ၊ digital က digital rights ပါဗျာ၊ digital က မမှားဘူးဗျ၊ အဓိက က password မှာပိုဆိုးတယ်၊ ဆိုတော့ long story short, ခုထိကို ကျတော် ကွန်ပြူတာမှာ အဲဒီ container လေးရှိပါသေးတယ်၊ ကျတော်ခုထိ မူးရင် အဲ့တုံးက playlist ကို ဖွင့်ပြီး နားထောင်နေတုန်းပဲ၊ ခုထိ ဖွင့်ဖို့ ကြိုးစားဆဲပါပဲ၊ ကျတော် ဓါတ်ဆရာဘဝနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ပြန်လိုချင်ပါတယ်၊ ကျတော် မစီလိုက်ရတဲ့ ဒီတိုင်းပြစ်ထည့်ထားတဲ့ ဒေတာလေးတွေ ကို မှတ်မိပါသေးတယ် (new folder တောင် မဖွင့်လိုက်ပါဘူးဗျာ)။ ခုထိလည်း ကျတော်နဲ့ နီးနီးလေးနဲ့ ဝေးနေဆဲပါပဲ။ ခုထိလည်း ကြိုးစားဆဲပါပဲ၊ veracrypt ကို crack တဲ့ နည်းပညာပေါ်လာရင်တော့ ပြန်မယ်ရမယ်လို့ မျှော်နေဆဲပါပဲ။
ဆိုတော့ကာ ရောင်းရင်းတို့ကိုလည်း ကျတော်လို အဖြစ်မျိုးမကြုံရစေဖို့ encryption ကို မနောက်သင့်ကြောင်း moral of the story အနေနဲ့ ဒစ်ဂျစ်တယ် အလွဲများကို မျှဝေပေးချင်ပါတယ်။ မိမိကိုယ်ကို ကိုးကွယ်ရာလို့ ဆိုသော်လည်းပဲ password ကိုတော့ keepass ကိုသာ အားထားကြပါဗျိုးးး။
နွေဦးမှာသာမက အင်တာနက်လောကမှာ လုံခြုံကြပါစေ...
ဒါကြောင့် ဒီအဖြစ်အပျက်လေးကို မှီငြမ်းပြီး နွေဦးလုံခြုံရေး ချယ်နယ်က မိတ်ဆွေတွေကိုမှာချင်တာကတော့ အင်တာနက် လောကမှာလှုပ်ရှား သွားလာမယ်ဆိုရင် အစစအရာရာ သတိထားပြီး နေကြဖို့ အမြဲတမ်း သံသယလေးနဲ့ စစ်ဆေးနေဖို့လေးမှာချင်ပါတယ် ......