ညီ​လေးကို ​ကေရွှိုင်​ပေးသင့်လား??

ညီ​လေးကို ​ကေရွှိုင်​ပေးသင့်လား??

N 𝕏 D E

Back to main page

ဆီးခုံမွေး (လ​မွှေး) နဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ယူဆပုံခြင်း မတူပါဘူး။ တချို့ကသဘာဝတရားကြီးအတိုင်း အရှည်ထားကြသလို တချို့ကလဲ အလှအပအတွက်ဖြစ်ဖြစ်၊ ပိုသန့်သွားမယ်ထင်လို့ဘဲဖြစ်ဖြစ် ရိတ်တာ၊ Wax လုပ်ကြတာမျိုး​တွေ ရှိပါတယ်။


လ​​မွှေး​တွေက ဒီတိုင်း ပေါက်နေတာတော့ မဟုတ်ပါဘူး။ သူ့မှာလည်း ကောင်းကျိုးလေးတွေ ရှိပါတယ်။

🔹️အတူနေ(လိင်ဆက်ဆံ)တဲ့အခါ၊ သွားလာလှုပ်ရှားတဲ့အခါ ဆီးခုံမပွန်းအောင် ကာကွယ်ပေးပါတယ်။

🔹️နှာခေါင်းမွေးတို့၊ မျက်တောင်မွေးတို့လိုပဲ အညစ်အကြေးတွေ၊ ပိုးမွှားတွေ ဝင်မလာအောင် ကာကွယ်ပေးပါတယ်။

🔹️အမွေးအိတ်က ထွက်တဲ့ အဆီက ရောဂါပိုးတွေကို သေစေတာကြောင့် လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို အထိုက်အလျောက် ကာကွယ်ပေးပါတယ်။

🔹️ဆီးခုံမွေးက မသန့်ဘူးဆိုတာလည်း မဟုတ်ပါဘူး။ တခြားနေရာက အမွေးတွေလို ချွေးတွေ၊ ဆီတွေ ရှိနေနိုင်ပါတယ်။ ဒါကလည်း ရေချိုးသန့်ရှင်းပေးရုံနဲ့တင် လုံလောက်ပါတယ်။

ဒါ​ပေမဲ့ ပုံမှန်ထက် ပိုရှည်​နေခဲ့မယ်ဆိုရင်

ကျွန်​တော်တို့ မြန်မာနိုင်ငံ​နေရာအများစုဟာ အပူပိုင်း​​ဒေသများ ဖြစ်တဲ့အတွက် ​ချွေးထွက်များပါတယ်၊ ဆီးခုံး​မွှေး​တွေက ​ပြင်ပက ဘတ်တီးရီးယား​တွေကိုကာကွယ်​ပေးသင့်အ​​လျှောက် ​တကိုယ်ရည်သန့်ရှင်းမှု အားနည်းလျှင် ဆီးခုံးမှာ ယားယံတာ​မျိုး​တွေ ဖစ်တက်ပါတယ်


အာ့တာဆိုရင် ညီ​လေးကို ဘယ်​ကေထားရမလဲ၊

ညီ​လေးကို ဂတုံးတုံးနည်း ၂နည်းရှိပါတယ် 😁

အလွယ်ဆုံးနဲ့ အမြန်ဆုံးက​တော့ ဘရိတ်ဓါး၊ သုံးထပ်ဓါး​တွေနဲ့ ရိတ်တာပါ၊ ဒါ​ပေမဲ့ အခန့်မသင့်ရင်

🔹️ဓားရှနိုင်တာ

🔹️ရှတဲ့နေရာက ပိုးဝင်နိုင်တာ

🔹️စူးပီး ယားတာတွေ ဖြစ်တတ်ပါတယ်။


ဒုတိယ ၁နည်းက​တော့ Wax လုပ်တာပါ၊

အခုဆို Cosmetic ဆိုင်​တွေမှာ Sugar Wax ​​တွေ လွယ်လွယ်ကူကူဝယ်လို့ရပါတယ်၊ ကို့ရဲ့ အ​မွှေး​​ပေါ်မူတည်ပီး Ready Wax နဲ့ Hot Wax နှစ်မျိုး ရှိပါတယ်၊ Ready က​တော့ အ​မွှေးနုတဲ့ သူ​တွေ အတွက်သာအဆင်​ပြေပီး မင်မင်တို့လို အ​မွှေးကြမ်းတဲ့ သူ​တွေကျ​တော့ Hot Wax မှ အဆင်​ပြေပါတယ်! အမြစ်င​နေ ပါ​တဲ့အတွက် အ​မွှေးပြန်​ပေါက်ဖို့ကြာပီး ယားယံတာ ရှတာမျိုး​တွေ မဖစ်နိုင်​တော့ပါဘူး၊ ဒါ​ပေမဲ့ ရိတ်တာနဲ့ မတူဘဲ Wax လုပ်တာက အချိန်​​တော်​တော်​ပေးရပါတယ် (Wax လုပ်တာကို မင်မင် Video နဲ့ အ​သေးစိတ် ရိုက်ပြထားပါတယ် 😁)


အ​ကောင်းဆုံးက​တော့ ဘို​ကေတိုတိုညှပ်တာပါ၊

ကတ်​ကြေးတ​ချောင်းနဲ့ ​​အ​မွှေး​တွေကို ကိုယ်တိုချင်သ​လောက်ညှပ်​ပေးပါ၊ (​လော်ကို​တော့ ထည့်မညှပ်မိ​စေနဲ့​​ပေါ့ 🤣🤣) ညှပ်တာဖြစ်တဲ့အတွက် ရှတာ၊ အ​မွှေးကျွတ်နာ ဖြစ်တာ၊ ပြည်တည်​ရောင်ရမ်းတာ၊ Ingrown Hair ​​တွေလဲ မဖြစ်နိုင်​တော့ပါဘူး!


ဆီးခုံမွေးက မဖြစ်မနေရိတ်ရမယ့် အရာတော့ မဟုတ်ပါဘူး။ တချို့က မိမိကိုယ်တိုင် ဒါမှမဟုတ် မိမိအဖော် သဘောကျလို့ ရိတ်ကြတာမျိုး ရှိသလို တချို့ကျတော့ ရိတ်ထားရင် လိင်ခံစားမှု ပိုကောင်းတယ်လို့ ယူဆလို့ ရိတ်ကြတာပဲ ဖြစ်ပါတယ်။ (မင်မင်က​တော့ BJ ကြိုက်တဲ့ သူမို့ Wax မလုပ်ဖြစ်​​တောင် ညှပ်ထား​လေ့ရှိတယ် 😁😁)


ဒါကြောင့် ဆီးခုံမွေး ထားခြင်၊ မထားခြင်းက ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်ပါတယ်၊ (ဒါ​ပေမဲ့ လ​မွှေး​တွေက ​လော်ထက်ရှည်​နေတယ်ဆိုရင်​တော့ ကြားလို့မ​ကောင်းတာ​အမှန်ပါဘဲ 🤣🤣)


ချစ်​သောအားဖြင့်

မင်းတို့ရဲ့ အကိတ်မင်မင် 👨‍🎓


အခြား ကျန်းမာ​ရေးဗဟုသုတ Contentsများကို အခုလင့်ခ်​က​နေတဆင့် ဖတ်လို့ရပါတယ်

Follow me, Retweet and like to support for more contents...😉

© 2025. All rights reserved to N 𝕏 D E の Studio.

Report Page