ညီ​လေးဆီကထွက်လာတဲ့ သုတ်ရည်မဟုတ်တဲ့ ဖြူဖြူအနှစ်​​တွေက ဘာ​တွေလဲ??

ညီ​လေးဆီကထွက်လာတဲ့ သုတ်ရည်မဟုတ်တဲ့ ဖြူဖြူအနှစ်​​တွေက ဘာ​တွေလဲ??

N 𝕏 D E の Studio

Back to main page

ညီလေး ထိပ်က အဖြူရည်လေးတွေ ထွက်နေတယ်၊ ဆီးသွားရင်လည်း နာတယ်…

ဒီလိုလက္ခဏာတွေဟာ Gonorrhea (ဂနို)​ရောဂါလက္ခဏာ​တွေဖြစ်ပီး လိင်မှတစ်ဆင့်ကူးစက်နိုင်ပါတယ်

✔ အကာအကွယ်မဲ့ ဆက်ဆံတာ

✔ တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာတွေကနေ

✔ တစ်ယောက်ကို တစ်ယောက် လွယ်လွယ်ကူကူနဲ့ ကူးစက်နိုင်ပါတယ်။


ဂနိုဖြစ်နေလား ? ဒီလိုလက္ခဏာတွေရှိလားကြည့်ပါ

🔹 လိင်အင်္ဂါမှ ပြည်ကျခြင်း – များသောအားဖြင့် လိ-င် တံ/စ-အိုကနေ အဖြူရည်ဆင်းလာတတ်ပါတယ်

🔹 ဆီးပူခြင်း – ဆီးသွားစဉ် ပူခြင်း၊ ဆီးကျင်ခြင်း ခံစားရတတ်ပါတယ်

🔹 ဝှေး​စေ့ (​ဘော)နာခြင်း / ရောင်ရမ်းခြင်း – မကုသဘဲထားရင် ကလေးမရတော့တဲ့ထိဖြစ်စေနိုင်ပါတယ်

🔹 စ_အိုမအီမသာဖြစ်ခြင်း – ယားမယ်၊ နာမယ်၊ သွေးယိုခြင်းများ ဖြစ်လာတတ်ပါတယ်


ဂနိုက သေချာစွာကုသမှု မခံယူမိရင် ကိုယ်တွင်းအခြားအင်္ဂါများကိုပါ ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခုပါ။

📌 ကူးစက်ခံရသူတချို့မှာ လက္ခဏာ လုံးဝမပြတာမျိုးလဲရှိပါတယ်။ လက္ခဏာမပြပေမယ့်လည်း ဆက်ဆံဖက်ကို ရောဂါကူးစက်နိုင်ပါတယ်။

အရေးကြီးတဲ့အချက်ကတော့ – မပေါ့ဆထားဖို့! အကာကွယ်မဲ့ ဆက်ဆံတာမျိုးရှိခဲ့ရင် စစ်ဆေးကြည့်ဖို့

🧪 ဂနိုကူးစက်ခံရရင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့လိုပါတယ်။

😷 လိင်မှတစ်ဆင့်ကူးစက်တတ်သော (STI) များကိုကာကွယ်ရန် ကွန်ဒုံးသုံးပါ။။


အခြား ကျန်းမာ​ရေးဗဟုသုတbContentsများကို အခုလင့်ခ်​က​နေတဆင့် ဖတ်လို့ရပါတယ်

Follow me, Retweet and like to support for more contents...😉

© 2025. All rights reserved to N 𝕏 D E の Studio.

Report Page