Telegram ​ပေါ်က Scammer များ!!

Telegram ​ပေါ်က Scammer များ!!

N 𝕏 D E

Back to main page

ခုရက်ပိုင်း Telegram မှာ Scammers တွေ ပိုပိုများလာတာကို​တွေ့တယ်၊ သူတို့အလုပ်များဆုံးနည်းလမ်းက​တော့ GP ​​တွေထဲမှာ link ​တွေကို Caption မျိုးစုံနဲ့ ရှဲလ် လုပ်ပီး Attention ယူကြတာများတယ်!

Data ​ဆိုတာကို အရင်က​တော့ လူ​တွေက အ​ရေးကြီးတယ် မထင်ခဲ့ကြဘူး၊ အာ့တုန်းကလဲ ဖုန်းဆိုတာ ဖုန်း​ပြော​ဖုန်း​ခေါ်တာ စာပို့တာ​အတွက်​လောက်ဘဲ သုံးဖစ်ခဲ့တာကို၊ အခု​နောက်ပိုင်းမှာ​တော့ Bankings ​တွေ (Kpay, Wavepay,...) အလုပ်တဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း​တွေ၊ နဲ့ Personal Chats ​တွေ အကုန်နီးပါးကို ဖုန်း​ပေါ်က​နေဘဲ ​သုံး​နေ ပို့​နေတာဖြစ်လို့ အဟက်ခံခဲ့ရရင် မိမိရဲ့ Privacy ​တွေ ​ပေါက်ကြားတာမျိူး​တွေ၊ အလုပ်မှာ အ​နှောက်ယှက်ဖြစ်တာမျိူး​တွေ ကြုံနိုင်ပါတယ်!


🥷 သူတို့သုံးတဲ့နည်းလမ်းများ

• GP ​​တွေထဲမှာ လူစိတ်ဝင်စား​​စေတဲ့ caption နဲ့ link ​တွေကို တွဲပီး ခဏတိုင်းပို့​နေတက်တယ်!

• ဒီပုံထဲမှာ ပါတာ သင်လား?? ဆိုပီး Fake link တစ်ခုနဲ့ လာပို့တက်တယ်!

• တစ်ခါတလေတော့ ကိုယ့်နဲ့ မိတ်ဆွေလို act လုပ်ပြီး message ပေးလာတတ်ပါတယ်!


🚫 သတိထားဖို့ အချက်များ

• မသိတဲ့ link မနှိပ်ပါနဲ့။

• ဝင်မိခဲ့ရင်လဲ သိချင်​စောနဲ့ အ​ကောင့်ဝင်တာမျိုးမလုပ်ပါနဲ့!


💡 ကိုယ့်အကောင့်အတွက် လုပ်ထားသင့်တာ

• 2-Step Verification (two-factor auth) ဖွင့်ထားပါ။

• မသိတဲ့ account တွေကို block / report လုပ်ပါ။

• ကိုယ်က Mod Apps ​တွေ သုံးတာရှိရင် ယုံကြည်ရတဲ့ Dovelopers Sites ​တွေက​နေသာ Install လုပ်ပါ


အခြား ကျန်းမာ​ရေးဗဟုသုတContentsများကို အခုလင့်ခ်​က​နေတဆင့် ဖတ်လို့ရပါတယ်


မင်းတို့ ADMIN က​တော့ Scammer တ​ယောက်မဟုတ်လို့ ယုံကြည့်စွာနဲ့ Member လာဝင်နိုင်ပါတယ် 😁😁

Follow me, Retweet and like to support for more contents...😉

© 2025. All rights reserved to N 𝕏 D E の Studio.

Report Page