Zoro

Zoro


တစ်ချိန်က East Blue တစ်ခွင်မှာ "Pirate Hunter" ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ပင်လယ်ဓားပြတွေအားလုံး ဒူးတုန်သွားလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ Zoro ရဲ့ ဇာတ်လမ်းကိုပြန်ပြောပြပးသွားပါမယ်။ ပုံမှန်ဆိုရင် Bounty Hunter တစ်ယောက်ဖြစ်လာဖို့ဆိုတာ ရည်ရွယ်ချက်ကြီးကြီးမားမား၊ ငွေကြေးမက်မောမှုတွေ ရှိရမှာဖြစ်ပေမယ့် Zoro အတွက်ကတော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ သူက ကမ္ဘာ့အကောင်းဆုံး ဓားသမားဖြစ်လာဖို့ဆိုတဲ့ အိပ်မက်တစ်ခုတည်းနဲ့ သူ့ရဲ့မွေးရပ်မြေ Shimotsuki ရွာလေးကနေ စထွက်လာခဲ့တာပါ။ ဒါပေမယ့် ပြဿနာက အဲဒီကနေစတာပါပဲ သူ့ရဲ့ တနည်းအားဖြင့် လမ်းပျောက်တတ်တဲ့ အကျင့်ကြောင့် ရွာကို ပြန်ရာလမ်း ရှာမတွေ့တော့ဘဲ ပင်လယ်ပြင်မှာ အပြီးအပိုင် လမ်းပျောက်သွားခဲ့တာပါ။


လမ်းပျောက်နေတဲ့အချိန်မှာ ဗိုက်ဆာလာတယ်၊ အစားအသောက်နဲ့ နေထိုင်စရိတ်တွေ လိုအပ်လာပါတယ်။ ဒီတော့ သူ့မှာရှိတဲ့ ဓားစွမ်းရည်ကိုသုံးပြီး မျက်စိရှေ့တွေ့တဲ့ ပင်လယ်ဓားပြတွေကို ရှင်းလင်းရင်း ဆုကြေးငွေထုတ်ယူပြီးအသက်ဆက်ခဲ့ရပါတယ်။ ဒီလိုနဲ့ မရည်ရွယ်ဘဲ ပင်လယ်ဓားပြတွေကို လိုက်ဖမ်းနေရင်းကနေ East Blue တစ်ခွင်မှာ "Pirate Hunter Zoro" ဆိုပြီး နာမည်အကြီးကြီး ရသွားခဲ့တာပါ။ 


ဇာတ်လမ်းအစမှာ Luffy နဲ့ စတွေ့တဲ့အချိန်က Zoro ရဲ့ စကားလေးကို မှတ်မိကြမှာပါ။ "ငါက Bounty Hunter လို့ ကိုယ့်ကိုယ်ကိုယ် တစ်ခါမှ မပြောခဲ့ဖူးဘူး။ လူတစ်ယောက်ကို ရှာဖို့ ပင်လယ်ပြင်ကို ထွက်လာပြီးမှ အိမ်ပြန်လမ်း ရှာမတွေ့တော့လို့ အသက်ရှင်ဖို့အတွက် ပင်လယ်ဓားပြတွေကို လိုက်ဖမ်းရင်း ဒီလိုဖြစ်သွားတာ" ဆိုပြီး ဝန်ခံခဲ့ဖူးပါတယ်။ ဒါကိုကြည့်ရင် သူက ငွေနောက်လိုက်တဲ့ Bounty Hunter တစ်ယောက် မဟုတ်ဘဲ၊ ကိုယ့်ဝမ်းစာအတွက် မတတ်သာလို့ ကြုံရာကျပန်း ဓားပြဖမ်းရင်း နာမည်ကြီးသွားတဲ့ လမ်းပျောက်နေတဲ့ ဓားသမားတစ်ယောက်သာ ဖြစ်ခဲ့တာပါ ")


ဒါကြောင့်လည်း နောက်ပိုင်းမှာ Luffy ရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး Pirate အဖြစ် ပြောင်းလဲသွားဖို့ကိုလည်း ဘာဝန်လေးမှုမှ မရှိခဲ့တာဖြစ်ပါတယ်။ ခုဆိုရင်ကမ္ဘာ့ထိပ်သီး Imu တို့နဲ့ပါ ယှဉ်နေရတဲ့ အနေအထားရောက်နေပါပြီ ရွာတော့မပြန်နိုင်သေးပါဘူး :3

Report Page