Zoro & Sanji
Zoro က Sanji ထက်မသာသလို၊ Sanji ကလည်း Zoro ထက်မသာပါဘူး ...
၂၀၂၅ ဒီဇင်ဘာလက One Piece mini magazine ထဲမှာ Oda ကိုယ်တိုင် သူတို့နှစ်ယောက်ရဲ့ Lv အကြောင်းပြောပြဖူးပါတယ်။ Bounty ပမာဏချင်းယှဉ်ရင် Zoro ကများပြီး Sanji ကနည်းတယ်ဆိုပေမယ့် သူတို့နှစ်ယောက်ရဲ့ jitsuryoku ကတော့ အတူတူပါပဲလို့ Oda က အတိအလင်း အတည်ပြုပေးထားတာပါ။
Oda ရဲ့ဆိုလိုရင်းက Zoro နဲ့ Sanji ဟာ Luffy ရဲ့ တောင်ပံနှစ်ဖက်ဖြစ်လို့ ဘယ်သူမှ အားပိုကြီးလို့မရဘူးဆိုတဲ့ သဘောပါပဲ။တစ်ဖက်က ပိုအားကြီးနေလို့မရဘဲ တန်းတူညီမျှဖြစ်ရမယ်ပေါ့ ဒါကိုလည်း ပြီခဲ့တဲ့ Chapter 1195 မှာ တွေ့နိုင်ပါတယ်။
Weakness လို့ နာမည်ပေးထားတဲ့ အဲ့ဒီအခန်းထဲမှာ Oda က နှစ်ယောက်စလုံးကို parallel ဖြစ်အောင် တပြိုင်နက်တည်း ဖန်တီးပေးထားတာပါ။ Zoro ဘက်မှာဆိုရင် Conqueror’s Haki Coating ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီး Saint Sommers က ကြောက်လန့်ပြီး ငိုယိုထွက်ပြေးတဲ့အထိ ဖြစ်သွားတာမို့ Zoro ရဲ့အနိုင်ပါပဲ။ တစ်ချိန်တည်းမှာပဲ Sanji ဘက်မှာလည်း Saint Killingham နဲ့ တိုက်နေဆဲဖြစ်ပြီး regeneration ကြောင့် အဆုံးမသတ်နိုင်သေးပါဘူး။ အဲဒီအချိန်မှာပဲ အရင်က Ivankov ပြောခဲ့ဖူးတဲ့ သူ့ရဲ့အားနည်းချက်ဆိုတဲ့ စကားတွေ ခေါင်းထဲပြန်ပေါ်လာပြီး flashback တစ်ခု စလာပါတယ်။
အရင်တုန်းက Gaban ဆီကနေပါ Sanji မှာ Conqueror’s Haki aptitude ရှိတယ်ဆိုတဲ့ အရိပ်အမြွက်တွေကို ရထားတာကြောင့် ဒီအခိုက်အတန့်က သူလည်း သူ့ရဲ့ အားနည်းချက်ကို ကျော်ဖြတ်ပြီး နောက်ထပ် level တစ်ခုကို တက်လှမ်းတော့မယ့်ဆိုတဲ့သဘောပါပဲ။ Zoro က Haki mastery ဘက်မှာ ခြေဦးစကြို တက်လှမ်းသွားပြီဖြစ်သလို Sanji ကလည်း သူ့ရဲ့ အတားအဆီးကို ကျော်ဖြတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဘယ်သူ့မှ နောက်မကျကျန်ခဲ့ဘဲ တစ်ပြိုင်နက်တည်း အပြိုင်အဆိုင် တက်လာကြတဲ့ ဒီနှစ်ယောက်ရဲ့ ပုံစံက တစ်ကယ့်ကို တောင်ပံနှစ်ဖက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြနေသလိုပါပဲ။ ဒါကြောင့် Zoro နဲ့ Sanji က ခုချိန်မှာ ကိုယ်မသာ၊ သူမသာတွေ လို့ပြောနိုင်ပါတယ်။