Zoom Ethic
“ဒစ်ဂျစ်တယ် နဂ္ဂတစ်များ “Zoom (ဇွန်းတစ်ခွင် ဗြဲဗြဲစင်....)
ကဲ...ပြည်သူ့ချဉ်ဖတ် ငတက်ပု မြန်မာမှုပြုပြီး ခေါ်နေတဲ့ ကိုဗစ်ဆယ့်ကိုး အဲ့လယ်,,ဒို့တောင်ပိုင်းသားတွေကို Covid-19 ဆိုတဲ့ပိုးဟာဆိုရင်တော့ဖြင့် ငတက်ပု ရဲ့ ပေါက်ဖော်လည်းဖြစ်...ညီအစ်ကိုတော်လည်းဖြစ်..တရုတ်ပြည်မ မှစလို့ တစ်ကမ္ဘာလုံး ပြန့်နှံ့နေသော ပိုး တွေက..ယခုလက်ရှိမှာလည်း တစ်နေ့တစ်မျိုးမရိုးရအောင် အသစ်သစ်သော မျိုးပွားများကို ထုတ်လုပ်လျက်ရှိရာ... WHO..UN နဲ့တကွ နိုင်ငံအရပ်ရပ်ကလည်း ကွဲပြားလာတဲ့ မျိုးကွဲတွေကြောင့် ကယောက်ဂယက်တွေ ထလျက်ရှိကာ.. ဖြင့် မြန်မာနိုင်ငံမှာဆိုရင်လည်း အချိန်အတိုင်းအတာ အားဖြင့် (၂)နှစ်နီးပါးဖြစ်လာပြီပေါ့လေ....

Covid-19 ကောင်းမှုကြောင့် မြန်မာနိုင်ငံသားအနေနဲ့ Stay at Home တို့..Work from Home စတဲ့ အသုံးအနှုန်းအနေနဲ့ ရင်းနှီးသွားကြသလို....ရောင်းရင်းတို့အားလုံးဟာ...အိမ်မှာနေရင်း အလုပ်လုပ်ကြ..သင်တန်းတက်ကြနဲ့..ပညာရေးနယ်ပယ်နဲ့ ကျွန်တော်တို့ရဲ့ အလုပ်လုပ်ပုံက အရှိန်ဟုန်ပြင်းပြင်းနဲ့ Online Platform ကို ရွှေ့ခဲ့ကြရတာပေါ့ဗျာ…
ကျွန်တော်တို့ရဲ့ ...ဇာတ်လိုက်ကျော်ကြီး ..မောင်တိုး ရဲ့ ဇာတ်လမ်းကအခုမှစတာဗျို့…
ပြသနာက ဒီလို...ခါတိုင်းလို အပြင်မှာတွေ့ရတဲ့ Offline အစည်းဝေးတွေလည်းလုပ်မရတော့ ဂျာကြီး မောင်တိုးတစ်ယောက် Boss အလိုကျ မားကတ်တင်းအဖွဲ့ အစည်းဝေးတစ်ခုကို ဇွန်း (Zoom) မှာ လုပ်ကြရတာပေါ့…
အစည်းဝေးကျင်းပမည့်ရက်စွဲ - ၂၁ ရက်၊ အောက်တိုဘာလ
အစည်းဝေးကျင်းမည့်အချိန်- နေ့လည် ၁နာရီတိတိ
ဂျာကြီးမောင်တိုးတစ်ယောက် ဇွန်းအစည်းအဝေးကို ဦးဆောင်ရမယ့် (host) ဖြစ်နေမယ့် ဒါက သူရဲ့ပထမဆုံးအကြိမ် ဆိုတော့ ရင်ခုန်တာကတစ်ကြောင်း အလွဲအချော်ဖြစ်မှာက တစ်ကြောင်း ကြောက်ကြောက်နဲ့ပဲ အစည်းအဝေးကို နေ့လည် ၁၂:၄၅ Meeting ကိုစဖွင့်ထားလိုက်ပါတော့တယ်။
ဒါနဲ့ စစချင်းဆိုတော့ အသံလေးစစ်...Video လေးစမ်းပြီး ကိုယ်ရုပ်လည်းကိုစစ်ပေါ့...B612နဲ့ရိုက်တာလောက် မခန့်ပေမယ့်..ရူပကခန့်ခန့်နဲ့ဆိုတော့လည်း Zoom ထဲလည်းကြည့်ကောင်းတယ်ပေါ့...အဲ့လယ်..အားလုံး အိုကေပြီ ဆိုတော့...meeting ကို လာ Join ဖို့သူတွေပဲစောင်ဖို့ ကျန်တော့တာပေါ့…
မောင်တိုး......တစ်နာရီကဖြင့်ထိုးနေပြီ ငါ့လူတွေမရောက်လာသေးပါလား?...
အော်.....တွေ့ပြီ Mi 58 ..ဆိုပါလား...(ဒါဒို့အဖွဲ့ထဲက အောင်သောင်းဖြစ်မယ်ထင်တယ်...Admit ပြီ)
နောက်တစ်ယောက် Join လာပြီ ,အဲ့ဒီတစ်ယောက်ကတော့သိပါ့...Facebook Profile ကြီးနဲ့ မိစိမ့်...Admit ပြီ
ကဲ..နောက်နှစ်ယောက်ပဲကျန်တော့...Boss ရယ်….Boss ရဲ့ အင်မတန်မှချစ်ခင်ရပါသော အတွင်းရေးမှူးမလေး Rose ပဲကျန်တော့တယ်.....
Boss ..Rose ဝင်လာပြီ..Admit လိုက်ပြီ....
မောင်တိုးတစ်ယောက်အောင်မြင်စွာ လူလက်ခံပြီးလို့ သက်ပြင်းလေးတစ်ချက်ခိုးချလိုက်ပါတယ်…
စည်းဝေးစတင်ဖို့ အစမိတ်ဆက်ကို မောင်တိုးပဲဆိုတော့....မီတင်ကိုဘာအကြောင်းအရာတွေဆွေးနွေးမလဲဆိုတာ ပြောပြပေါ့....မောင်းတိုးပြီးတာနဲ့ Meeting တို့ထုံးစံအရ ဆိုင်ဆိုင်မဆိုင်ဆိုင် Boss ကိုလည်း စကားပေးပြောခိုင်းရမှာကိုး......
မောင်တိုး။ ။ အခုအချိန်မှာတော့ Boss မှ အမှားစကားပြောကြားမှာဖြစ်ပါတယ်..
Boss။ ။ အဲ....အဲ...အဲ.....(လိုင်းကျ)
မောင်တိုး။ ။ Boss လိုင်းကျနေလို့ဗျ....Boss ပြန်ပြောပေးပါဦး..
Boss ။ ။ ဒီနေ့ မင်းတို့ကို ခေါ်လိုက်ရတာဆိုရင်တော့ဖြင့်......ပြောနေစဉ် နောက်ကဆက်တိုက်ကြားနေရသော အသံကြီးမှာ Boss အသံကိုလွှမ်း၍ (တိုက်ကြီးသံပုရာသီး ၁၀ လုံး..၅၀၀.....သံယောဇဉ်ဒိန်ချဉ် တစ်ခွက်မှ ၃၀၀ အသံမှာပြိုင်တူထွက်နေသောအခါ)..... Boss မှာ စိတ်တိုသံကြီးနဲ့ ဘယ်သူ့ဆီက အသံလဲ?
မောင်တိုး။ ။ ပြူးပြဲရှာလိုက်တဲ့အခါ အောင်သောင်းဆီက
မောင်တိုး။ ။ အောင်သောင်း..မင်းမိုက်ပိတ်ဦး
အောင်သောင်း။ ။ ဂျာကြီး ဘယ်နားမှာ ပိတ်ရမှာတုန်း ကျုပ်မသိလို့.....
မောင်တိုး။ ။ သေရော...ငါလည်းမသိဘူး....မျက်လုံးပြူးရှာပြီးမှ..ကွီးသောင်းရေ..မင်းအောက်ကမိုက်ပုံကို နှိပ်ဟ
အခြေအနေတစ်ခုကို မောင်တိုးထပ်ထိန်းချုပ်လိုက်နိုင်လို့တော်သေးတယ်......ကွန်ဖီးတန့် Level တစ်ဆင့်တက်သွားပြီ…
မောင်တိုး။ ။ Boss ဆက်ပြောလို့ရပြီဗျ…
Boss။ ။ အားနဲ့မာန်နဲ့ ဘာကြောင့် ဒီနေ့စည်းဝေးခေါ်ရကြောင်းကို ၂ နာရီလောက် တရားဟောနေစဉ်….ရုတ်တရက် ရပ်သွား....
ပြသနာက Rosy...ကွန်ပျူတာနဲ့ Zoom သုံးပြီး အသံရော / ရုပ်ရော ဖွင့်ထားပြီး ဒင်းက ဖုန်းလေးကြည့် Facebook လေးပွတ်ကာ...နေကြာစိတောင် ကိုက်နေရဲ့.......
Boss။ ။ Rose ဘာလုပ်နေတာတုန်း
Rose။ ။ Boss ပြောနေတာကို Online မှာ ရှာကြည့်နေတာပါ....
မောင်တိုး.........အော်..Rose လေးမို့လို့ပေါ့....အဖြေကောင်းလို့ အထောင်းသက်သာတယ်..ငါသာအဲ့နေရာမှာဆိုရင် မလွယ်ဘူး တွေးရင်း....
နောက်ပြသနာကတော့ မိစိမ့်...Video ကြီးဖွင့်ပြီး သန်းနေလိုက်တာများကြည့်မကောင်းဘူး....မောင်တိုးခင်ဗျာ...Boss မသိအောင် ဖုန်းခေါ်ပြီး Video ပိတ်ခိုင်းရတဲ့ အဆင့် ဖြစ်ကုန်ရောပဲ...အဲ့ဒါနဲ့ ဘာမှမပြောလိုက်ရပဲ,,,Boss မှာတမ်းအဆုံးသတ်ရင်း ဤMeeting ဤတွင် ပြီး၏....
ဝိုင်းတော်သားတွေထောက်ပြလိုတဲ့ အကြောင်းအရာကတော့ ရောင်းရင်းတို့အနေနဲ့ သိထားရမှာပေါ့လေ..Zoom Ethic လို့ပဲပြောလေမလား…
- Zoom Meeting တစ်ခုကို မကျင်းပခင် Host တစ်ယောက်အနေနဲ့ ကြိုတင်ပြင်ဆင်ပြီး Control ဘာတွေလုပ်နိုင်လဲဆိုတာ ကြိုတင်သိဖို့လိုမယ်...ပြင်ဆင်ဖို့ လိုပါမယ်....
- Zoom တွေ Join တဲ့အခါမှာလည်း ကိုယ့်နာမည်တွေကို နာမည်ဝှက်ပေးရင်တောင် သေချာလေးပေးပေးပါ....
- ကိုယ်ဝင်ရောက်မဆွေးနွေးလိုသော အကြောင်းအရာများဖြစ်ပါက အသံပိတ်ပါ,...ကင်မရာပိတ်ပါ..အိပ်ပါ..အယ်..ဟုတ်ပါဘူး...အသံလေးပိတ်ပြီး သူများပြောတာနားထောင်ပါ...အချို့အဖွဲ့တွေအတွက်က ကင်မရာမဖွင့်ရင် အဆင်မပြေတဲ့အခြေအနေမို့ပါ....
- ပြောဆိုဆွေးနွေးလိုသော အကြောင်းအရာများရှိပါက...လက်ထောင်ပြီးပြောပါ...လုမပြောပါနဲ့ဗျို့
ဒါတွေကမပြောလည်းသိရမယ့် ကျင့်ဝတ်တွေမို့ Meeting တွေ Join တဲ့အခါ သတိလေးနဲ့ လုပ်ကြပါဗျို့.......ကိုယ်တွေ့ကြုံခဲ့ရတဲ့ အလွဲလေးများလည်း Comment မှာ မျှဝေပေးခဲ့ပါဦး...
#digitalmishaps