ZF-034

ZF-034


လေးကေ့ကော်ဒေသကို ကုန်းကြောင်း၊ လေကြောင်းတိုက်ခိုက်မှုစတင်

🔺 Z Fighter December 23 🔺

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်နှင့် ဖလူးဒေသမှာ ဒီည ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီလေယာဉ်ဗုံးလာကျဲခဲ့တယ်လို့နယ်မြေခံသတင်းရင်းမြစ်ကပြောပါတယ်။

ဗုံးကျဲလေယာဉ်တစင်း မှော်ဘီကနေတက်သွားပါပြီးလို့ ဒေသခံတစ်ဦးကသတင်းပေးပို့ပြီးမကြာခင်မှာ ကရင်ပြည်နယ် လေးကေ့ကော်ဒေသကို ည ၁၀ ကျော်မှာ ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ လေးကေ့ကော်မှ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

ပထမဗုံးကျဲလေယာဉ်တက်သွားပြီးနောက် မကြာခင်မှာ နောက်ထပ်လေယာဉ်နှစ်စင်း တက်သွားဖို့ပြင်ဆင်နေတယ်လို့ မှောဘီဒေသခံတစ်ဦးကပြောပါတယ်။

"လေးကေ့ကော်မှာအများကြီးကျဲချတယ်။ မယ်ထော်သလေး၊ မေတ္တာလင်းမြိုင်မှာလည်းကျဲတယ်။ ကော့ကရိတ်ဖက်လည်း အမြောက်တွေပစ်နေပြီး" လို့ KNLA နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုသည် မဲဆောက်မြို့နေသူတချို့လည်း ဗုံးသံတွေကြားရကြောင်းပြောပါတယ်။ လေးကေ့ကော်တစ်ခွင်မှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်လို့ဒေသခံကပြောပါတယ်။

ဒါ့အပြင်ကော့ကရိတ်ကနေ အာရှလမ်းဟောင်းအတိုင်းမှာလည်း မြဝတီဖက်ကို ဒီည စစ်ကားအစီး ၄၀ တက်သွားတယ်လို့ နယ်မြေခံသတင်းပေးပို့ချက်အရသိရပါတယ်။

ထိုင်းမြန်မာနယ်စပ်နားက လေးကေ့ကော်ဒေသမှာ လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ်သတ်မှတ်ပေးရန် UN ကို KNU တောင်းဆိုနေတဲ့ကြားက စစ်ကောင်စီက အခုလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ [Salween Press][Z-F]

#Adm_7
#z_fighter

Report Page