ZF-034

ZF-034


တာမွေနှင့်တောင်ဒဂုံတို့တွင် သံပုံးတီး၍ စစ်တပ်က ပြည်သူများကို ဆဲဆိုပြီး ရိုက်နှက် ဖျက်ဆီး ရမ်းကား(ရုပ်/သံ)

🔴 Z Fighter December 07 🔴

ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ ည စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးလို့ တာမွေ အင်း၀လမ်း၊ အောင်မင်္ဂလမ်း ၊ တောင်ဒဂုံ ၁၈ ရပ်ကွက်တို့တွင် စစ်တပ်က ပြည်သူများကို ဆဲဆိုပြီး ပြည်သူပိုင်များရိုက်နှက်ဖျက်ဆီး၊ ပြည်သူများကိုလည်း ရိုက်နှက်ကြသည်။

တာမွေတွင် စစ်ကောင်စီတပ်များ လာရောက်သောင်းကျန်းသည်ကို ဓာတ်ပုံ၊ ဗီဒီယိုရိုက်နေသော လူငယ်တစ်ဦးကို စစ်တပ်က ဖမ်းဆီးရန် ကြိုးစားစဉ် လူငယ် အဖမ်းမခံဘဲ နေထိုင်ရာ ၅ လွှာမှ ခုန်ချကြောင်း၊ လူနာတင်ကားဖြင့် ခေါ်ဆောင်သွားပြီး အခြေအနေမသိရှိရသေးဟု တာမွေ သတင်းရင်းမြစ်နှင့် ဒေသခံတချို့က ပြောဆိုကြသည်။

"ခုန်ချတာလည်း ဟုတ်တယ်။ သေလား ရှင်းလား မသိဘူး။ လူနာတင်ကားနဲ့ ခေါ်သွားတာရှိတယ်။ သေချာတော့ မသိဘူး။ အပြင်လည်း မထွက်ရဲဘူး။ ပြည်သူတွေကို ဆဲတာကတော့ မိုးမွှန်နေတာပဲ။ မျက်ရည်မချူကြနဲ့ အကုန်ပစ် သတ်မယ်ဆိုပြီး အော်သွားတယ်။ ကျနော်တို့ လက်နက်ရှိရင် ပြန်တိုက်ချင်တယ်။ ဒီစစ်ခွေးတွေနဲ့ အတူမနေနိုင်တော့ဘူး" ဟု တာမွေ ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ တောင်ဒဂုံ ၁၈ ရပ်ကွက်တွင်လည်း ပြည်သူများက သံပုံးတီးသည့်အတွက် စစ်တပ်က ဝင်ရောက် ရမ်းကားပြီး ပြည်သူများရိုက်နှက်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"သံပုံးတော့ ညတီးမယ် ဆုံးဖြတ်ပြီးပြီ။ ဒီလောက်မှ မလုပ်ရဲရင် အသက်စွန့်သွားတဲ့ လူငယ်တွေကို အားနာစရာကြီး။ စစ်ခွေးတွေ မပြုတ်မကျမချင်း သံပုံးတီးမယ်" ဟု တောင်ဒဂုံဒေသခံတစ်ဦးက ပြောသည်။[KTM] [Z-F]

#Adm_12
#z_fighter

Report Page