Z Fighter

Z Fighter

Z Fighter

ပြည်သူများ လိုလား၍ မွန်တပ် ၄ ဖွဲ့ ပူးတွဲစစ်ရေးလှုပ်ရှားမည်


🔥 Z Fighter December 19 🔥


မွန်ပြည်သူများ လိုလားတောင်းဆိုသည့်အတွက် မွန်လက်နက်ကိုင် တပ်ဖွဲ့ ၄ ဖွဲ့တို့ ပူးတွဲ စစ်ရေးလှုပ်ရှားမှု ပြုလုပ် သွားမည်ဟု မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အဖွဲ့ တာဝန်ရှိသူက ပြောသည်။


မွန်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် လွတ်မြောက်နယ်မြေ တစ်နေရာ၌ တွေ့ဆုံ စည်းဝေးပြီးနောက် ယခုလို ဆုံး ဖြတ်ကာ ပူးတွဲထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။


“ဒီလိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေ ဒီကနေတစ်ဆင့် ကျစ်လစ်ခိုင်မာတဲ့ တပ်တော်တစ်ခုဖြစ်ဖို့ အတွက် ဆုံးဖြတ် ခဲ့ခြင်းဖြစ်တယ်။ ပြည်သူ ပြည်သားများရဲ့ တောင်းဆိုချက်ကို ကျနော်တို့ ယခင်က ပြည့် ဝအောင် မလုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် အခုလိုမျိုး အစည်းအဝေးမှာ ကျနော်တို့ အကုန်လုံးပူး ပေါင်းပြီးတော့ လုပ်ဆောင်သွားဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်တယ်” ဟု MSDF တပ်မှူး Dr-သီရိမွန်ချမ်းက ကေအိုင်စီသို့ ပြောသည်။


ထို့အပြင် ယခုလို မွန်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ တစ်စုတစ်စည်းတည်း ပေါင်းစည်းနိုင်ရန်အတွက် အချိန် ၂ နှစ်ကြာသည်အထိ တွေ့ဆုံဆွေးနွေးမှုများစွာ လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုအတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု Dr သီရိမွန်ချမ်းက ဖြည့်စွက် ပြောဆိုသည်။


အဆိုပါတွေ့ဆုံမှုတွင်လည်း MSRF နှင့် MSDF တို့သည် အခြေခံစစ်သင်တန်းများနှင့် စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများတွင် အတူတကွ လုပ်ဆောင်သွားရန်၊ စစ်ဖက်ဆိုင်ရာ သတင်းအချက် အလက်များနှင့် စစ်ရေးအတွေ့အကြုံများကို အပြန်အလှန် ဖလှယ်သွားရန်၊ စစ်ဆင်ရေးတိုက်ပွဲများ ပေါ်ပေါက်လာပါက မဟာမိတ်အသွင် အတူတကွ တိုက်ပွဲဝင်သွားရန်တို့ သဘောတူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့အပြင် လက်ရှိ စစ်ရေးအခြေအနေရ ဘုံရန်သူကို တော်လှန်ချိန်တွင် တစ်ကွဲတစ်ပြား တိုက်ပွဲ ဝင်နေ မည့်အစား မဟာမိတ်ဗျူဟာနည်းနာဖြင့် ဘုံရန်သူကို တိုက်ခိုက်ခြေမှုန်းနိုင်မည်ဟု မွန် လက်နက်ကိုင်များက ပြောဆိုသည်။

[ KIC ][ Z-F ]


Photo: MSRF


#Adm_3

#kicnews 

#z_fighter

Report Page