Z Fighter

Z Fighter


ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီက ဆီဆိုင်မြို့အတွင်း လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့


🟣 Z Fighter March 25 🟣


ယမန်နေ့ မတ်လ ၂၄ မှာ ကျရောက်တဲ့ပအိုဝ်းအမျိုးသားနေ့မှာ စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့အကြိမ် ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


"စစ်တပ်ကမြို့ကိုဖျက်စီးနေတယ်ဆိုပေမယ့် ဒီရက်ပိုင်း စစ်ကောင်စီ ဝန်ထမ်းတွေရုံးထဲကျန်တဲ့ ပစ္စည်းဝင်ယူချိန် ကြမပစ်ဘဲ ရပ်ထားပေးတယ် ကျန်တဲ့အချိန်ဆို လေယာဥ်နဲ့ကျဲချနေတာ"လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။


စစ်ကောင်စီဟာ ယမန်နေ့တရက်ထဲမှာပင် ဆီဆိုင်မြို့ထဲကို လက်နက်ကြီးတွေနဲ့ ၂၈ ကြိမ် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က အသိပေးထားပါတယ်။


ဒါ့အပြင် ညနေ ၅ နာရီအချိန်ကလည်းမြို့ကို လက်နက်ကြီးနဲ့ အကြိမ် ၂၀ ကျော် ၊ ဒရုန်းနဲ့ ၆ ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဆီဆိုင်မြို့ကိုပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထိန်းချုပ်ထားပြီး၊ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ PNO ကတဖက်၊ PNLA မဟာ မိတ်တပ်တွေကတဖက် ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာ ကြောင့်တမြို့လုံးနီးပါးရှောင်ပြေးနေရတာဖြစ်ပါတယ်။[Burma Associated Press][Z-F]


ဓာတ်ပုံ- PNLA


#Adm_12

#Burma_Associated_Press

#z_fighter

Report Page