Z Fighter

Z Fighter

Z Fighter

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မ ပေါ်တာဆွဲခံရမှာ စိုးရိမ်တဲ့ လူငယ်တွေ SSTF ကို ဆက်သွယ်ဖို့ ဖိတ်ခေါ်


🛑Z Fighter January 13🛑


အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မပေါ်တာဆွဲခံရမှာကို စိုးရိမ်နေတဲ့ လူငယ်တွေအနေနဲ့ ဘယ်ကိုတိမ်းရှောင် ရမှန်းမသိဖြစ်နေရင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့လက်အောက်ခံ SSTF (ပြင်ဦးလွင် အထူးတပ်ဖွဲ့) ဆီကိုဆက်သွယ်ကြဖို့ ပြင်ဦးလွင်(SSTF) ပြန်ကြားရေးတာဝန်ခံက PVTVကို ပြောပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပေါ်တာဆွဲခံရမှာတွေကြောင့် ပြည်တွင်းထဲမှာ လမ်ပျောက်နေတဲ့ လူငယ်တွေနဲ့ အထူးသဖြင့် ပြင်ဦးလွင် အပါအဝင် မန္တလေးနဲ့ အနီးတဝိုက်နဲ့ မြေပြန့် ဒေသက လူငယ်တွေကို လွတ်မြောက်မယ့်လမ်းပြပေးဖို့ ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။


"ပေါ်တာဆွဲခံရမှာစိုးလို့ ဘယ်ကိုရှောင်တိမ်းရမှန်းမသိဖြစ်နေရင် SSTFဆီကိုသာအမြန်ဆုံးလာခဲ့လိုက်ပါ။ ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့လက်အောက်ခံSSTF (ပြင်ဦးလွင်) အထူးတပ်ဖွဲ့ဆီကိုသာအမြန်ဆုံးလာခဲ့လိုက်ပါ"လို့ ပြင်ဦးလွင် (SSTF) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


အဲဒါကြောင့် ပြည်တွင်းထဲမှာ လမ်းပျောက်ပြီး လမ်းစရှာမရတဲ့ လူငယ်တွေအနေနဲ့ Pyin Oo Lwin SSTF၊ t.me/SSTFMyanmarAdminကို ဆက်သွယ်နိုင်ပါတယ်။[PVTV][Z_F]


#Adm_1

#PVTV

#z_fighter

Report Page