Z-F

Z-F


မန္တလေးတိုင်းဝန်ကြီချုပ် ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ် ၅ နှစ်ချ ၊
မြို့တော်ဝန် ဒေါက်တာရဲလွင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်အချို့ ထောင်ချခံရ

📌Z Fighter December 08📌

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကို ဒီနေ့မှာ စစ်ကောင်စီဟာ ထောင်ဒဏ် ၅ နှစ်ချလိုက်ပြီး တိုင်းအစိုးရအဖွဲ့ဝင်အချို့ကိုလည်း ထောင်ချလိုက်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂ ခုနဲ့စွဲဆိုထားတဲ့အမှု ၂ ခုအတွက် ထောင်ဒဏ်. ၃ နှစ် ၊ ဆူပူအောင်လှုံဆော်မှုအတွက် ထောင်ဒဏ် ၂ နှစ် ချလိုက်တာပါ။

မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကိုလည်း ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် တပါတည်းချပါသေးတယ်။

ဒါအပြင် ဒီနေ့မှာ တိုင်းအစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ၊ လယ်ဆည်ဝန်ကြီး ဒေါက်တာစိုးသန်း နဲ့ မန္တလေးခရိုင် ဒီချုပ် ဥက္ကဋ္ဌ ဦးတင်ကိုကိုတို့ကိုလည်း ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၃စီချခဲ့တယ်လို့သိရပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ဟာ ထောင်ဒဏ် ၅ နှစ်ချခံရတဲ့အပြင် အဂတိပုဒ်မ ၇ မှုနဲ့လည်း စွဲဆိုခံထားရပါတယ်။[SP][Z_F]

#Adm_7
#z_fighter

Report Page