Z-F 075(CR)
တယ်လီနောကို မရောင်းချဖို့အတွက် လက်မှတ်ထိုးကန်ပိန်းပြုလုပ်နေ
🟥Z Fighter February 11🟥
တယ်လီနောမြန်မာရဲ့ ရှယ်ရာတွေကို MI Group ထံသို့ မရောင်းချဖို့အတွက် လက်မှတ်ထိုးကန်ပိန်းပြုလုပ်ပြီး တားဆီးသွားမယ်လို့ Blood Money - သွေးစွန်းငွေ အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ MI Group ထံကို တယ်လီနောသာ ရောက်သွားမယ်ဆိုရင် မြန်မာပြည်သူ ၁၈ သန်းကျော် ရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို စိုးရိမ်ရပါတယ်။
လက်မှတ်ထိုးကန်ပိန်းမှာ ပါဝင်လိုသူတွေအတွက် https://bit.ly/stop_telenor လင့်ကိုဝင်ပြီးတော့ လက်မှတ်ထိုးတောင်းဆိုရမှာ ပါ။ မှတ်ချက်ဆိုတဲ့နေရာမှာ Protect user data! No sale to genocide! Immediately stop the sale to the military-linked Investcom ဆိုပြီးရေးရမှာဖြစ်ပါတယ်။
လက်မှတ်အရေအတွက်ကို ၂ သိန်းအထိ သတ်မှတ်ထားပြီးတော့ ဖေဖော်ဝါရီ ၁၃ ရက်ကို နောက်ဆုံးထားပြီး လက်မှတ်ထိုးတောင်း ဆိုထားတာလည်းဖြစ်ပါတယ်။
MI Group ဟာ လက်ဘနွန် အခြေစိုက် လုပ်ငန်းတစ်ခုဖြစ်ပြီးတော့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တွေကို အလေး မထား၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေကို အလေးမထားတဲ့ မှတ်တမ်းတွေနဲ့အတူ အကျင့်ပျက်ခြစားမှု မှတ်တမ်းတွေ၊ အာဏာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှု သမိုင်းကြောင်းတွေ ရှိထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း နော်ဝေဝန်ကြီးချုပ်ထံကို စာရေးသားပြီး တယ်လီနောကုမ္ပဏီ က ရောင်းချမယ့်ကိစ္စကို တာဆီးပေးဖို့ တောင်းဆိုထားပါတယ်။[PVTV ][Z_F]
#Adm_13
#z_fighter