Z-F 074 [Info] ✪ K ✪

Z-F 074 [Info] ✪ K ✪


ကြည့်မြင်တိုင်မြို့နယ် အရိုးကုဆေးရုံအပေါ်လမ်း CNG ဂတ်(စ်) ဆိုင်နား ဗုံးပေါက်

🔴Z Fighter March 31🔴

ကြည့်မြင်တိုင်မြို့နယ် အရိုးကုဆေးရုံ အပေါ်လမ်းရှိ CNG ဂတ်(စ်) ဆိုင်နားတွင် ယနေ့ည ၇ နာရီ ၁၀မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူများကပြောသည်။

"ဗုံးသံကအကျယ်ကြီးပဲ ကြားလိုက်ရတယ်။ ဘာမှတော့မဖြစ်ကြဘူး။ အသံဗုံးလို့တော့ ယူဆရတယ်"ဟု အနီးအ နား ရပ်ကွက်နေပြည်သူတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

အဆိုပါ ဂတ်(စ်) ဆိုင်နားတွင် မြို့နယ်စည်ပင်သာယာရေး ရဲတပ်ရင်းနှင့် အရိုးကုဆေးရုံ ဝန်ထမ်းအိမ်ရာတို့ရှိ ကြောင်း သိရသည်။

"ဘယ်ကို‌ဖောက်တယ်လို့တော့ မသိရဘူးပေါ့။ ဟိုကောင်တွေလည်း ရောက်နေကြတော့ သွားမကြည့်ရဲဘူး"ဟု ကြည့်မြင်တိုင်မြို့နယ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အနီးအနားရှိ ဈေးဆိုင်တန်းများ ပိတ်လိုက်ကြပြီး၊ ဂတ်(စ်) ထည့်သည့် တက္ကစီယာဉ်များလည်း လှည့်ပြန်ကြကာ ဂတ်(စ်) ဆိုင်လည်း ပိတ်ထားကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများ၊ မော်တော်ပီကယ်များ ရောက်ရှိလာပြီး စစ်‌ဆေးနေကြသည်ဟု ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ယင်း ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကိုမူ မသိရှိရသေးပေ။
[Lungekhit][Z-F]

#Adm_15
#z_fighter

Report Page