Yomi no Tsugai
Presented by Ani Wizard☆ Studios: Bones Film
☆ Source: Manga
☆ Genres: Action, Adventure, Fantasy
☆ Review
လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတစ်ရွာမှာ နေ့နဲ့ည ခြားပြီး အမြွာကလေးနှစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။ နှစ်များစွာကြာတဲ့အခါ အမြွာအစ်ကိုဖြစ်သူ Yuruက တိရစ္ဆာန်အမဲလိုက်သူ ဖြစ်လာပြီး တစ်ဖက်မှာတော့ အမြွာညီမဖြစ်သူ Asaဟာ ရွေးချယ်ခံ လူအနည်းထက်ပိုပြီး တွေ့ဆုံခွင့်မပြုတဲ့ အထူးတာဝန်ကို ထမ်းဆောင်ဖို့ အမိန့်နဲ့ လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံခဲ့ရပါတယ်။
သာမန်လို ထူးခြားမှုမရှိဘူးလို့ ထင်ရတဲ့နေ့တစ်နေ့မှာ မြို့သူမြို့သားတွေအခေါ် "နဂါး"လို့ဆိုတဲ့အရာတွေကို စီးလာကြတဲ့ လက်နက်ကိုင်လူတစ်အုပ်ဟာ Yuruကို ရှာဖွေဖို့အတွက်နဲ့ ရွာကိုစီးနင်းပြီး မြင်မြင်သမျှ အရွယ်ရောက်သူတိုင်းကို သတ်ပစ်ကြပါတော့တယ်။ Yuruတစ်ယောက် Asaနဲ့ တွေပြီး ထွက်ပြေးဖို့ ကြံတဲ့အခါ လူသေအလောင်းတစ်လောင်းကို တွေ့ရတဲ့အပြင် လူသတ်သမားဟာ Yuruရဲ့ အမြွာညီမအရင်းဆိုပြီး ပြောစမှတ်တွင်ခဲ့ပါတယ်။
အဲဒီအမျိုးသမီးဘက်က Yuruကို မဖမ်းမိခင် ရွာကိုမကြာမကြာလာလည်တတ်တဲ့ Deraဆိုသူ သူစိမ်းတစ်ယောက်က Yuruကို ကယ်တင်လိုက်ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူတို့နှစ်ယောက် ချောင်ပိတ်ခံကြရတယ်။ နောက်ဆုံးကြိုးပမ်းမှုအနေနဲ့ Deraဟာ Yuruကို ရွာနတ်ဘုရားမဆီ လက်ဆောင်ဆက်သခိုင်းပြီး ဒီလိုပရမ်းပတာဖြစ်ရပ်တွေရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ပေးနိုင်မယ့် နတ်ဆိုးနှစ်ကောင်ကို ဆင့်ခေါ်ခိုင်းခဲ့ပါတော့တယ်။