Word Press Freedom Day
မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေ...⚠️လွပ်လပ်စွာ ရေးသားခွင့် /ထုတ်ဖော်ပြောဆိုခွင့် ဆိုတာ
Freedom of Speech နဲ့ Freedom of Expression ဆိုတာ ဘာလဲဆိုရင်တော့ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းမှာ နေထိုင်တဲ့သူတွေဟာ မိမိတို့ရဲ့ ကိစ္စအဝဝ နဲ့ပက်သက်တဲ့ အတွေးအမြင် အယူအဆတွေကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။ ဒစ်ဂျစ်တယ်ခေတ်ကို ရောက်လာတဲ့အခါမှာလည်း ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေမှာ လူတွေက မိမိတို့ရဲ့ နိုင်ငံရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ နဲ့ သက်ဆိုင်တဲ့ ကိစ္စအဝဝ တွေကို တင်ပြပြောဆို ဆွေးနွေးခွင့်ရှိရပါမယ်။ ဒီအထဲမှာ လွတ်လပ်စွာ ဆက်သွယ်ခွင့် လွတ်လပ်စွာရေးသားခွင့် တွေလည်းပါဝင်တယ်။
မြန်မာ့နိုင်ငံရဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်း လွတ်လပ်မှုရေချိန် ‼️
▼ ဆိုရှယ်မီဒီယာပေါ်က Comment တစ်ခုကနေ ခြိမ်းခြောက်ခံရနို်င်ပါတယ်။
▼ Facebook ပေါ်က တင်ပြဆွေးနွေးလိုက်တဲ့ Post တစ်ခုကနေ ထောင်ကျပြီး အသက်အန္တရာယ်ရှိတယ်ဆိုတဲ့ အနေအထားပါ။
▼အဲ့တော့ ဒစ်ဂျစ်တယ်ရပ်ဝန်းပေါ်က လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ရေးသားခွင့်ကလည်း စိတ်သုန်းခဲ့ပါပြီ။
🛑CJ တွေရဲ့ အခန်းကဏ္ဍ 🛑
တော်လှန်းရေးကာလမှာ အမှန်တရားဘက်က ရပ်တည်နေတဲ့ သတင်းမီဒီယာတွေ၊ သတင်းထောက်တွေ ရဲ့ စွမ်းဆောင်ရည်ကို အင်မတန်မှာအရေးကြီးပါတယ်။ ကင်မရာ ကိုင်ရင်အဖမ်းခံရတဲ့ ခေတ်ကြီးမှာ ပြည်သူလူထု သတင်းအချက်အလက် မပြတ်သွားအောင် အသက်တွေနဲ့ရင်းပြီး လုပ်ကိုင်နေကြရတာကတော့ ဒီအခန်းကဏ္ဍ က လူတွေအပါအဝင်ဖြစ်ပါတယ်။
📍နောက်တစ်ခုက CJ လို့ခေါ်တဲ့ Citizen Journalist − ပြည်သူ့သတင်းသမား တွေပါ။ သတင်း ပညာရပ်တွေကို မသိပေမယ့် မြေပြင်အတွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို Public Channel တွေ တစ်မျိုး၊ Scout Group ကနေတစ်ဆင့် အမျိုးမျိုး မျှဝေလာခဲ့ကြတာပါ။
📍အဲ့တော့ မတရားမှုတွေ ကြားထဲက ရှင်သန်နေကြတဲ့ သင်နဲ့ ကျွန်တော်တို့လည်း ပိတ်ဆို့ထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေအတွက် တိုက်ပွဲဝင်နိုင်ပါတယ်။
📍သင်ကိုယ်တိုင် CJ လုပ်ချင်တယ်ဆိုရင်တော့ ….
https://t.me/SpringRevSecurity/2105