Windows 10 support ends on October
Window 10 နှင့်ပက်သက်၍ Security Features အသစ်တွေနဲ့ Update ထောက်ပံ့မှုကိုရပ်တန့်ခြင်းရပ်နားလိုက်တဲ့ Service တွေမှာ အောက်ပါအချက်(၃) ချက်ပါဝင်နေပါတယ်။
- Technical Support : Window 10 နဲ့ပက်သက်တဲ့ နည်းပညာ အထောက်အပံ့တွေကို မပြုလုပ်တော့ခြင်း
- Software Update: ဆော့ဖ်ဝဲ အဆင့်မြှင့်တင်၍ မရတော့ခြင်း
- Security Updates and Fixes : Window 10 နဲ့သက်ဆိုင်တဲ့ လုံခြုံရေး အဆင့်မြှင့်တင်မှုများ၊ နည်းပညာဆိုင်ရာ ပြုပြင်ခြင်းများ၊ ပြန်လည်ရေးဆွဲခြင်းများ ပြုလုပ်ခြင်း စတဲ့အချက်တွေပါဝင်ပါတယ်။
ဒါကြောင့် Window 10 နှင့်သာ အလုပ်လုပ်နိုင်တဲ့ ကွန်ပျူတာတွေကိုသာ အသုံးပြုမယ်ဆိုရင်တော့ ဆော့ဖ်ဝဲနဲ့ လုံခြုံရေး အဆင့်မြှင့်တင်မှုများ မရရှိနိုင်တော့တာကြောင့် ကွန်ပျူတာ ထဲသို့ Virus တို့ Malware တို့ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။
Security Update မရတော့တဲ့တာဖြစ်တဲ့အတွက် Window 10 အသုံးပြုခြင်းအားကြောင့် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုတွေ များစွာ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် Window 11 အဆင့်မြှင့်တင်ခြင်း (သို့) Window 11 သွင်းနို်င်သော အသစ်သော စက်ပစ္စည်းများကို အသုံးပြုသင့်ကြောင်းဆိုထားပါတယ်။
Window 10 ကလုံးဝ အလုပ်မလုပ်တော့ဘူးလား?
Window 10 နဲ့ အရင်တုန်းက သုံးခဲ့တဲ့ Function တွေကတော့ ဆက်ပြီးတော့ အလုပ်လုပ်ဦးမှာပါ။ သို့ပေမယ့်လို့ အသုံးပြုသူတွေအနေနဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်လို့မရတာ့ပါဘူး။ Microsoft အသုံးပြုသူတွေအနေနဲ့လည်း Window 10 နဲ့ပက်သက်ပြီး နည်းပညာဆိုင်ရာ အကူအညီ အထောက်အပံ့တွေရတော့ မှာမဟုတ်ပါဘူး။
Window 11 ကို Upgrade တင်ဖို့က ပိုက်ဆံကုန်မှာလား?
အခမဲ့ Upgrade တင်နို်င်တယ်လို့ဆိုပေမယ့် သူသတ်မှတ်ထားတဲ့ hardware specification တွေနဲ့ ကိုက်ညီမှုရှိရပါမယ်။ Upgrade တင်ဖို့ရမရကို စစ်ဆေးနိုင်ဖို့အတွက် ကွန်ပျူတာရဲ့ သင့် PC သည် Start > Settings > Update & Security > Windows Update သို့သွားပြီး Check for updates ကို ရွေးကြည့်ပါ။ Upgrade တင်ဖို့ လုံလောက်တဲ့ specification တွေရှိနေဖို့တော့လိုတယ်ဆိုတာကို သတိပေးပါရစေ။
Window 11 မတင်နို်င်ဘူးဆိုရင်ရော တစ်ခြားရွေးချယ်စရာရှိပါသလား?
လုံခြုံရေးအတွက်နဲ့ Security Update တွေရချင်ရင်တော့ Window 11 တင်လိုက်တာက သင့်အတွက် အကောင်းဆုံးအဖြေဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် တစ်ခြားနည်းလမ်းအချို့ ရှိပေမယ့် ဒါကလည်းသင့်ရဲ့ hardware specification ပေါ်မူတည်နေပါတယ်။
1.ဘာမှမလုပ်ခင် သင့်ရဲ့ အရေးကြီးတဲ့ ဒေတာတွေပျက်မသွားအောင် အရင်ဆုံး Back up လုပ်ပါ။ Backup ပြုလုပ်ခြင်း ကို အောက်ပါ link တွင်လေ့လာနိုင်ပါတယ်။
https://www.microsoft.com/en-us/windows/learning-center/back-up-files
2. နောက်တစ်ခုကတော့ ပိုက်ဆံပေးပြီးတော့ Security ကို Extend လုပ်နိုင်ပါတယ်။ Extended Security Update လုပ်နည်းကို ဒီနေရာမှာလေ့လာနို်င်ပါတယ်။
https://learn.microsoft.com/en-us/windows/whats-new/extended-security-update
3. Linux Operating System ကို Installed လုပ်နိုင်ပါတယ်။
Window 11လည်းမတင်ချင်ဘူး၊ Device အသစ်လည်းမဝယ်နိုင်ဘူး၊ ရှိနှင့်ပြီးသာ Window 10 ကိုပဲ ဆက်သုံးပြီး လုံခြုံအောင်လုပ်ချင်တယ်ဆိုရင်တော့ Security in a box က ပြုစုထားတဲ့ Windows 10 နဲ့ပက်သက်ပြီး အခြားရွေးချယ်စရာတွေကို ဒီ Link လေးကို ဖတ်ပြီးကြည့်ရှုနိုင်ပါတယ်။
https://securityinabox.org/my/blog/2025-10-windows10-eol/