Why is Sanji a better character than Zoro
OnepieceNexusဟိုးးးးး ရှေ့တပတ်တုန်းက ကျွန်တော် Zoro Vs Sanji Fan voting လေး အပျင်းပြေလေးလုပ်ခဲ့ပါတယ်။ အဲ့တုန်းက Zoro က အပြတ်အသတ်ကို Sanji ကိုနိုင်သွားခဲ့တာမလို့ အဲ့post comment မှာ ကျွန်တော်ရေးခဲ့တဲ့အတိုင်း ဒီနေ့အနိုင်ရသွားတဲ့ Zoro ကို ကင်ပါမယ်။ ပထမဆုံးအနေနဲ့ ဒီနေ့ရေးတာက အပျော်သက်သက်ဖြစ်ပြီး ဟုတ်တာတွေရော၊ ဟုတ်တာတွေရော (မဟုတ်တာတွေဘယ်တော့မှမရေးဘူး :3) နဲ့ Zoro မကောင်းကြောင်းတွေ Zoro fandom မကောင်းကြောင်းတွေချည်း လိုရာဆွဲပြီး ရေးမှာမလို့ ဟာသအမြင်နဲ့ပဲဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ (နောက်ရက်ကျရင် Zoro ကောင်းကြောင်းနဲ့ Sanji မကောင်းကြောင်းပြန်ရေးဦးမှာမလို့ စိတ်မဆိုးနဲ့)
မကျေနပ်လို့ ငြင်းချင်သပဆိုလဲ လာခဲ့ပါ။ ပြိုင်ငြင်းဖို့အဆင်သင့်ရှိပါတယ်။ (Marineford က Shanks အသံဖြင့်ဖတ်ရန်)
Yo! အားလုံးပဲ Nabo ပါဗျ။ ရုတ်တရက် One Piece ထဲမှာ overrated အဖြစ်ဆုံး Character လို့ပြောလိုက်ရင် ဘယ်သူဖြစ်မယ်လို့ ထင်ကြပါသလဲ။ တော်တော်များများကတော့ ရှည်ရှည်ဝေးဝေး Shanks, Mihawk, Akainu စသဖြင့် သွားတွေးကြပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း Overrated ဖြစ်နေတာ ရေညှိခေါင်း ပါ။ ဒီကောင့်ကို Chapter 3, Episode 1 မှာကတည်းက စပြီးမိတ်ဆက်ခဲ့ပြီးတော့ သူနဲ့ရန်ဖြစ်ဖက် Sanji ကိုတော့ Chapter 43 နဲ့ Episode 20 မှာစမိတ်ဆက်ပါတယ်။ Chapter 40 နဲ့ Episode 20 လောက်ကွာနေပေမယ့် World Wide Fandom ကွာခြားချက်ကတော့ တခါတရံမှာ ရေညှိခေါင်း ကအရမ်းသာပြီး တခါတခါမှာတော့ ညီနေတတ်ကြပါတယ်။
ရေညှိခေါင်းဆိုတာ စမိတ်ဆက်ကတည်းက World Strongest Swordman wannabe ကောင်ပါ။ ဒါ့အပြင် သူက Sanji ကို အိမ်မက်အပေါ်အလေးမထားတဲ့ကောင်လို့တောင် မြင်ပါသေးတယ်။ ဒါပေမယ့် ဒီမှာအခြေအနေမတူပါဘူး။ Sanji ဆိုတာ စလာကတည်းက ကမ္ဘာ့အကောင်းဆုံးအတော်ဆုံးစားဖိုမှူးတွေထဲက တယောက်လို့ပြောရလောက်အောင်ကို အဆင့်မြှင့်နေပါပြီ။ Sanji all blue ကိုရှာရင်း ဖွန်ပတ်ကြောင်တယ် ဆိုတာ ဆယ်တန်းအောင်ပြီး ပထမနှစ်မတက်ခင် အရက်ဆိုင်ရောက်နေတာမျိုးဖြစ်ပြီး ရေညှိခေါင်း ကတော့ ခုမှဆယ်တန်းစာသင်နေတုန်းကောင်မျိုးပါ။ ဒီတော့ ကမ္ဘာမှာပြိုင်ဖက်မရှိလောက်အောင် ကျွမ်းကျင်တဲ့ စားဖိုမှူးတယောက်နဲ့ အခုချိန်အထိ Mihawk နားတောင်မကပ်နိုင်သေးတဲ့ ရေညှိခေါင်းကောင်ကို အိမ်မက်အကြောင်းပြောပြီး နှိုင်းယှဥ်နေစရာတောင်မလိုပါဘူး။
နောက်တခုက အဖွဲ့အပေါ်ဘယ်လောက်အထောက်အကူဖြစ်လဲဆိုတာပါ။ ရေညှိခေါင်း ဆိုတဲ့ကောင်က Series အစကနေ Ongoing အထိ တိုက်ပွဲပြင်ပမှာ ခေါင်းသုံးခဲ့တာဆိုလို့ Water 7 မှာ Luffy နဲ့ Usopp စကားများတုန်းကတကြိမ်ပဲရှိပါတယ်။ Sanji ကတော့ အဲ့လိုမဟုတ်ပါဘူး။ Lougetown arc, Little Garden arc, Alabasta arc, Skypiea arc, Water 7 arc စတဲ့ Before timeskip က arc တိုင်းနီးပါးက သူcarry ပေးခဲ့တာတွေချည်းပါပဲ။ ''Mr. Prince, I needed a light, Bingo'' ဒီ moment ကြီးတွေဆိုလဲ တကယ့်အနှစ်တွေပါပဲ။ Sanji ကသာ crew အတွက် အမြဲလိုလိုနောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးနေရတတ်ပြီး ရေညှိခေါင်းကတော့ တခါလာလဲ ခုတ်မယ်ထစ်မယ်နဲ့ ဦးနှောက်ထဲကိုရေညှိဝင်နေပါတယ်။ ဒါပေမယ့် ရေညှိခေါင်း fan တွေကတော့ Nothing Happened တခုကိုပဲ ဆယ်စုနှစ်တခုကျော်ကြာ ပြောလို့မပြီးနိုင်ကြပါဘူး။
Sanji ဆိုတာက Oda ကိုယ်တိုင်ကသေချာအနုစိတ် ပုံဖော်ထားတဲ့ Character တယောက်လို့တောင်ပြောရပါမယ်။ သူ့ရဲ့ personality နဲ့ သူကြုံခဲ့ရတဲ့အတိတ်ဘဝအသေးစိတ်၊ သူ့ရဲ့နူးညံ့ကြင်နာတတ်တဲ့ပုံစံနဲ့ Strong ဖြစ်မှု ဒါတွေကို လိုက်လျောညီထွေးစွာနဲ့ သေချာပေါင်းစပ်ထားပါတယ်။ သူတယောက်ထဲအတွက်သက်သက်နဲ့တင် Arc တခု၊ Saga ကြီးတခု ရေးဆွဲရလောက်အောင်အထိကိုလဲ သူဟာအရေးပါလှပါတယ်။ (တချို့ကောင်တွေကတော့ ဘိုးဘေးတွေရဲ့မွေးရပ်မြေကိုပြန်ရောက်တာတောင် ဘာဆိုဘာအကြောင်းမှမသိရပါဘူး)
ရေညှိခေါင်း fan တွေ ရေညှိခေါင်းကို ဘာလို့ကြိုက်လဲမေးရင် မိုက်လို့၊ အထာကျလို့ ဒီလောက်ပါပဲ။ ကံကောင်းထောက်မလို့ တယောက်တလေကများ သူ့ရဲ့သစ္စာရှိမှုကိုသဘောကျတယ်လို့ပြောရင်တောင် ဒါက 1 out of 1000 တကယ့် ရှာမှရှား ပြတိုက်ထဲပို့ထားရမယ့်ပုဂ္ဂိုလ်မျိုးပါ။ Sanji fan တွေကရော မိုက်လို့၊ အထာကျလို့မကြိုက်ဘူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Sanji ကိုအဓိကကြိုက်ကြတာက သူ့ရဲ့သနားစရာကောင်းတဲ့အတိတ်၊ အမျိုးသမီးလေးတွေအပေါ်ထားတဲ့ သူ့ရဲ့ချစ်ခင်ကြင်နာတဲ့ စိတ်ထားနဲ့ အစားအသောက်အပေါ်လေးစားတဲ့ စိတ်ဓာတ်ကြောင့်များပါတယ်။ ပြောရရင် ကြမ်းလို့မိုက်လို့ ကြိုက်တယ်ဆိုတဲ့ ကလေးဆန်မှုမျိုးက တည်ကြည်ခန့်ငြားတဲ့ Sanji ရဲ့ fandom မှာရှားပြီး သူ့ရဲ့စိတ်နေစိတ်ထားကြောင့် ကြိုက်ကြတာပါ။
Sanji ရဲ့ အမျိုးသမီးတွေကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်မထိခိုက်ဖို့နဲ့ အစားအသောက်တွေကို အလေအလွင့်မဖြစ်စေဖို့ဆိုတာကလဲ လက်တွေ့ဘဝမှာ တကယ်ကိုလိုက်နာသင့်တဲ့အရာတွေပါပဲ။ (Gender Equality သမားမလို့ တကူးတကမကာကွယ်ပေးနိုင်ဘူးဆိုရင်တောင် အစားအသောက်ကိုတော့လေးစားရမှာပါပဲ)
အကယ်၍ ရေညှိခေါင်းကို လက်ရုံးရည်ပြည့်ဝသူတယောက်လို့ပြောမယ်ဆိုရင် Sanji ဟာ နှလုံးရည်ပြည့်ဝတဲ့အပြင် လက်ရုံးရည်လဲမညံ့တဲ့ လူတယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့်မလို့လဲ ပိုပြီး Mature ဖြစ်တဲ့ Fandom တခုကို ပိုင်ဆိုင်ထားတယ်လို့ မြင်မိပါတယ်။
ဒီနေ့တော့ဒီလောက်ပါပဲ။ နောက်နေ့ကျမှ Sanji မကောင်းကြောင်းတွေတန်းစီရေးတင်ပါဦးမယ်။ အစစအရာရာ ဂရုစိုက်ကြပါဗျ။
#Nabo
#OnepieceNexus