Who is the real Vegapunk?

Who is the real Vegapunk?

One Piece Nexus
Vegapunks

Hello Nabo ပါဗျ


ဒီနေ့မှာတော့ လူတွေလာလာမေးနေကြတဲ့ Vegapunk အစစ်ကဘယ်လိုပုံလဲအကြောင်းနဲ့ Punk clone အရှုပ်ထုတ်အကြောင်း ရှင်းသွားပါမယ်ဗျ။ (Manga reader တွေကတော့သိထားကြပြီးဖြစ်သလို Anime မှာလဲမကြာခင်သိရတော့မှာပါ ဒါပေမယ့်အရမ်းအမေးများနေလို့ ရေးလိုက်ရတာပါ)


- Vegapunk


Vegapunk ဆိုတဲ့လူကတော့ အားလုံးသိတဲ့အတိုင်း One Piece world တခုလုံးရဲ့ ဉာဏ်အကောင်းဆုံးနဲ့ အတော်ဆုံးသိပ္ပံပညာရှင်ပါ။ ဒီလိုဖြစ်ရတာကလဲ သူစားထားတဲ့ Devil fruit ကြောင့်ပါသလို သူကိုယ်တိုင်လေ့လာစူးစမ်းချင်စိတ်ကြောင့်လဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဉာဏ်အကောင်းဆုံးဖြစ်နေတာနဲ့အညီ သူ့ရဲ့တီထွင်စူးစမ်းလိုစိတ်က အင်မတန်မှမြှင့်တက်နေပြီး သူတစ်ယောက်ထဲနဲ့အကုန်လုပ်ဖို့ စူးစမ်းလေ့လာဖို့ကလဲ အချိန်မလုံလောက်ပြန်ပါဘူး။ ဒီလိုနဲ့ပဲ သူ့ကိုယ်သူ ကိုယ်ခွဲခြောက်ခုထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကိုယ်ခွဲခြောက်ခုဟာ ကိုယ်ပိုင်ကျွမ်းကျင်ရာနယ်ပယ်၊ အလုပ်တွေနဲ့ ကိုယ်ပိုင်စူးစမ်းမှုတွေကိုလုပ်ဆောင်ကြပြီး တနေ့ကိုတကြိမ် ဒီစူးစမ်းမှုတွေကိုအချင်းချင်း ပြန်လည်ချိတ်ဆက်မျှဝေကြပါတယ်။ (အနီးစပ်ဆုံးဥပမာပေးရရင် Naruto ရဲ့ shadow clone တွေသုံးပြီး လေ့ကျင့်ခဲ့တဲ့ပုံအတိုင်းပါပဲ၊ Shadow clone တွေလိုပဲ မူရင်း body ရဲ့စိတ်ကိုအခြေခံပေမယ့် အခြေအနေအရ ကိုယ်ပိုင်စိတ်လဲရှိကြပါတယ်။)

Stella Vegapunk (Original Vegapunk)



- Shaka (Punk 01)


Shaka ကတော့ သမိုင်း သုသေသနပိုင်းကို အဓိကထားလေ့လာတယ်လို့ ပြောလို့ရပါတယ်။ သမိုင်းကိုနားလည်တဲ့လူပီပီ အရာရာကိုသင်ခန်းစာယူပြီး တွေးခေါ်တာကြောင့် တည်ငြိမ်ရင့်ကျက်တယ်လို့ပြောလို့ရပါတယ်။ သူ့ရဲ့မူရင်း Vegapunk ကိုလဲတော်တော်လေးသစ္စာရှိပါတယ်။

Shaka (Punk 01)



- Lilith (Punk 02)


အခုလက်ရှိ Ep 1090 မှာမြင်တွေ့ခဲ့ရတာကတော့ Punk 02 ဖြစ်တဲ့ Lilith ပဲဖြစ်ပါတယ်။ သူကတော့ စစ်လက်နက်ပစ္စည်းတွေကို တီထွက်တဲ့နယ်ပယ်ကို အဓိကထားပါတယ်။ သူကတော့ တိုက်ခိုက်ရေးလက်နက်တွေတီထွင်တာနဲ့အညီ လုယက်တိုက်ခိုက်ချင်တဲ့စိတ်ရှိပါတယ်။ ပင်လယ်ဓားပြတစ်ယောက်ရဲ့စိတ်ထားလိုဖြစ်နေပါတယ်။

Lilith (Punk 02)



- Flair (Punk 03)


သူကတော့ Punk 01 - Shaka နဲ့ဆန့်ကျင်ဘက်အဖြစ် အနာဂတ်အတွက် စမ်းသပ်မှုအသစ်အသစ်တွေလုပ်ဖို့အမြဲတမ်းလေ့လာနေတဲ့သူဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ပစ္စည်းအသစ်တီထွင်ဖို့အကြဉာဏ်တွေကိုထုတ်နေလေ့ရှိပါတယ်။

Fliar (Punk 03)



- Pythagoras (Punk 04)


သူကတော့ အခြားသော Vegapunk clone တွေရဲ့တီထွင်မှုတွေကို ပြန်လဲသုံးသပ်စမ်းစစ်တာတွေ၊ သူတွေ့မြင်နေရတဲ့အရာရာတိုင်းကို အချက်အလက်ကောက်ယူတာ၊ မှတ်ယူတာတွေကိုလုပ်လေ့ရှိပါတယ်။

Pythagoras (Punk 04)




- Atlas (Punk 05)


သူကတော့ နေ့စဥ်လူနေမှုဘဝနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကိုတီထွင်တယ်လို့ အနီးစပ်ဆုံးပြောနိုင်ပါတယ်။ ပြီးရင်တော့ သူဟာသူတီထွင်ထားတဲ့အရာတွေနဲ့ပတ်သက်ပြီး ပြန်လည်ရှင်းပြရတာကို တော်တော်လေးဝါသနာပါသလို စကားလဲများပါတယ်။

Atlas (Punk 05)



- York (Punk 06)


ဒါကတော့ Vegapunk တွေထဲအအေးဆေးဆုံး Punk ပဲဖြစ်ပါတယ်။ သူ့ရဲ့အလုပ်ကတော့အခြားသော Vegapunk တွေအတွက် စားသောက်တာ အညစ်အကြေးစွန့်ပစ်တာနဲ့ အိပ်တာတို့ကိုပဲလုပ်ရပါတယ်။

York (Punk 06)



ဒီနေ့တော့ ဒီလောက်ပါပဲ။ Spoiler ကိုတတ်နိုင်သမျှနည်းအောင်ရေးပေးထားပါတယ်။ အဆုံးထိဖတ်ပေးလို့လဲကျေးဇူးတင်ပါတယ်။ နောက်content တွေမှာပြန်တွေ့ကြတာပေါ့။


#Nabo

#OnepieceNexus

Report Page