Who Am I!

Who Am I!

ကြည့်..ကြည့်..ကြည့်


ဇာတ်ကားနာမည်က "Who Am I” ဆိုတဲ့အတိုင်း ဇာတ်ကားထဲမှာ အဓိက Hacker တွေကို နောက်ဆုံး ခန့်မှန်းမိသွားမလား ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရမှာပါ။  Who Am I ဇာတ်ကားလေးကတော့ Netflix မှာ Rating ကောင်းရထားတဲ့ ဇာတ်ကားတစ်ခုဆိုလည်းမမှားပါဘူး။ ဇာတ်လမ်း ဇာတ်ကွက်က အင်မတန်မှ မြန်ဆန်လွန်းပြီး အရမ်းမိုက်တာကြောင့် နောက်ဆုံးအခန်းထိရောက်သွားတာတောင် သင့်အတွက် အတွေးပေါင်းများစွာနဲ့ ကျန်ခဲ့စေမယ့် ဇာတ်ကားဆိုတာလေးကိုတော့ ရဲရဲကြီးပြောလို့ရပါမယ်။ ဇာတ်ကားရဲ့ နာမည်လေးအတိုင်းပဲ ဒစ်ဂျစ်တယ် အချက်အလက်တွေကို မျက်နှာဖုံး အဖြစ်တပ်ဆင်ထားတဲ့ Hackers  တွေရဲ့ သရုပ်မှန်ကို နောက်ဆုံးမှာ ဖော်ထုတ်သွားနိုင်မှာလား၊ Character တစ်ခုချင်းစီကို ပီပြင်စွာ သရုပ်ဖော်ပြီး အတူတကွ ဆုံတွေ့ရင်း ဖွဲ့ခဲ့တဲ့ Hackers အဖွဲ့တစ်ခုဖြစ်တဲ့ "CLAY” _ “Clowns Laughing @ You”) အဖွဲ့ဝင်တွေရဲ့ မျက်နှာဖုံးတွေ ဘယ်အချိန်ကျွတ်ကြသွားမှာလဲ..ဆိုတာ မျှော်တလင့်လင့် ခံစားရမယ့်အပြင် Hacking အပိုင်းတွေကို ပျော်ရွှင်ဖြစ်အောင်တင်ဆက်ထားသလို..လူတစ်ယောက်ရဲ့ ကွန်ပျူတာ တစ်လုံး (သို့) ဖုန်းတစ်လုံးကို လွယ်လွယ်ကူကူ Hack ပြီး System တွေကို ဖောက်ချသွားတာဟာလည်း တစ်ဖက်မှာ ကြောက်စရာကောင်းလွန်းပါတယ်။ ဇာတ်ကားလေး နောက်ဆုံးမှာ ပေးလိုတဲ့ Message ကတော့ " No System is Safe” ပါ။ လုံခြုံတဲ့ System ဆိုတာမရှိဘူးဆိုတာမျိုးပါ...ပြီးတော့ အင်တာနက်ပေါ်က ကျွန်တော်တို့ရဲ့ identity နဲ့ Security ကိုချိတ်ဆက်ပြီးမြင်ကြည့်လို့ရမယ့် စိတ်လှုပ်ရှားဖွယ် ဖြစ်တဲ့ အတွက်ကြောင့် ဒီအပတ်မှာ လက်မလွှတ်ပဲ ကြည့်ရှုကြပါဗျို့...ရောင်းရင်းတို့ရေ…


ကြည့်ချင်တယ်ဆိုရင်တော့

Link: https://moviesjoy.one/movie/who-am-i-1n23p/1-full



Report Page