White Knight Tactic

White Knight Tactic


မင်္ဂလာပါ ကျွန်တော်Reainပါ၊


ဒီနေ့မှာတော့ Manipulation Tacticထဲက နမည်ကြီးတဲ့ Trick တစ်ခုဖြစ်တဲ့ White Knight Trick အကြောင်းပြောပြပေးသွားပါမယ် 


ကဲဆိုတော့စလိုက်ရအောင် White Knight ဆိုတာကတစ်ခြားလူတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်စေချင်လို့ပဲဖြစ်ဖြစ် ကိုယ့်အပေါ်မှီခိုပြီး ယုံကြည်မှုရအောင်လုပ်ချင်လို့ပဲဖြစ်ဖြစ် မိမ်ကိုယ်ကိုသူရဲကောင်း ဒါမှမဟုတ် ကယ်တင်ရှင်ပုံစံအဖြစ်မျိုး ပုံဖော်ရတဲ့ ခြယ်လှယ်မှုတစ်မျိုးပဲဖြစ်ပါတယ်။


သားကောင်ရဲ့စိတ်ထဲကိုယ်နဲ့ဝေးကွာရမှာကိုကြောက်ရွံတဲ့စိတ်သွင်းခြင်း ကိုယ့်ရဲ့အချစ်မေတ္တာတွေကို ဂရုစိုက်မှုတွေကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်သွင်းခြင်း ကိုယ်ကစွန့်ပြစ်သွားမှာကိုကြောက်နေခြင်းတို့ကို စိတ်ထဲစွဲနေအောင် ရိုက်သွင်းလိုက်သလို လုပ်ဆောင်ကြပါတယ် White Knight Trick ကိုခံရတဲ့လူအများစုဟာ Trauma ရှိ့တဲ့သူတွေကြီးဖြစ်ပါတယ်။


ဆုံးရှုံးမှုတွေ၊အလွဲသုံးစားမှုတွေ၊အကြမ်းခံရမှုစသည်တို့နဲ့ပတ်သတ်တဲ့ trauma တွေဖြစ်ပါတယ် သူတို့တွေဟာအသိစိတ်အတွင်းကြောက်ရွံ့မှုတစ်ခုရှိ့နေကြတက်တယ် Manipulator တွေကအဲ့ဒီအရာတွေကို ဆုပ်ကိုင်ပြီးတော့ သူတို့ရဲ့အားနည်းတဲ့အချက်တွေနဲ့ပတ်သတ်ပြီးကာကွယ်ပေးလိုက်တာတို့ ဖြေရှင်းပေးလိုက်တာတို့ တစ်နည်းနည်းနဲ့ ကယ်တင်ကြပါတယ်။


သားကောင်အနေနဲ့သူတို့ရဲ့မသိစိတ်ထဲကနေ ယုံကြည်လာအောင် Manipulator တွေဟာ လုပ်ဆောင်ကြပါတယ် အဲ့ဒီလိုနဲ့ သူတို့သားကောင်တွေဟာ သူတို့အပေါ် အားကိုးချင်စိတ် ယုံကြည်တဲ့စိတ်တွေ အရမ်းဖြစ်ပေါ်လာကြပါတယ် သူတို့ရဲ့စိတ်ထဲမှာ ဒီလိုလူမျိုးထပ်မရနိုင်တော့ဘူးဆိုတဲ့ အတွေးကို Manipulator တွေဟာ ရိုက်ထည့်ပေးလိုက်ကြပါတယ် အဲ့ဒီလိုနဲ့ စွဲလမ်းတဲ့စိတ်တွေဖြစ်ပေါ်လာပြီး Manipulator ရဲ့ထောင်ချောက်ထဲပဲ ဒီဇိုင်းမတ်မတ်ကို ဝင်လာကြပါတော့တယ်။ 


တစ်ချို့တစ်ကယ်ကျွမ်းကျင်တဲ့ Manipulator တွေဆိုရင် သူတို့ဘာသာသူတို့ ဂွင်စင်ပြီး သားကောင်ကို သူတို့အပေါ် ယုံကြည်လာအောင်လုပ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်ပါတယ် သူတို့အတွက်သားကောင်တွေဟာ လိုတဲ့အခါအသုံးချမယ် မလိုတော့ရင် စွန့်ပြစ်မယ်ပြောရရင်အသုံးခံသာသာအဆင့်ပဲရှိ့ပါတယ်။ 


White Knight Trickကို ဥဗမာတစ်ခုပေးရမယ်ဆိုရင် - Ayanokoji Kiyotaka ဟာဆိုရင် Karuizawa kei ရဲ့ အနိုင်ကျင့်ခံရတဲ့ အားနည်းချက်ကို ဆုပ်ကိုင်ပြီး သူ့ကို ကယ်တင်ပြီးတော့ အသုံးချခံသာသာ အသုံးပြုနေတာကိုမြင့်တွေ့ရမှာပဲဖြစ်ပါတယ်။


အဆုံးထိဖတ်ရှုပေးတဲ့ bro/sis တို့ကိုကျေးဇူးတင်ပါတယ် ကျွန်တော်ပြောသွားတဲ့အထဲအမှားပါသွားခဲ့ရင်တောင်းပန်ပါတယ်ဗျ ဒီPostနဲ့ပတ်သတ်ပြီးComment မှာလာရောက်ဆွေးနွေးနိုင်ပါတယ် နောက်ပြီး ဒီContactလေးတွေကို react တစ်ယောက်တစ်ချက်စီနိမ့်ပေးခြင်းအားဖြင့် ကျွန်တော့်ကိုအားပေးလို့ရပါတယ် ဒီ react လေးတွေက ကျွန်တော့်အတွက် ပိတိဖြစ်စေလို့ပါ။


#Reain

#Contact


Report Page