Warning!

Warning!


မေတ္တရပ်ခံချက်

နွေဦးလုံခြုံရေး ချယ်နယ်သည် ဒစ်ဂျစ်တယ်လုံခြုံရေးနှင့်ပတ်သတ်သော အကြောင်းအရာများကို အဓိက ဦးတည်မျှဝေပေးနေသော ချယ်နယ်ဖြစ်ပါသည်။ 

ယခုအချိန်တွင် ပြည်သူတစ်ရပ်လုံးအနေဖြင့် ရက်စက်ပြင်းထန်သည့်ဖိနှိပ်မှုများကို ဆိုးရွာစွာကြုံတွေ့ခံစားနေရချိန် ဖြစ်သည့်အတွက် တော်လှန်ရေးအရွေ့တစ်ခုအတွင်း သဲတစ်ပွင့်အနေဖြင့် အင်တာနက်ပေါ်မှာ ချိတ်ဆက် ဆက်သွယ်မှု ဆိုင်ရာ လုံခြုံရေး ကိစ္စများကို ဦးတည်မျှဝေပေးနေလျှက်ရှိသည်ကို မိတ်ဆွေများအားလုံး သိပြီးဖြစ်မည်ဟု ယုံကြည်ပါသည်။

  • ထို့ကြောင့် ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ပါတ်သက်သော အကြောင်းအရာများကိုသာ ချယ်နယ်တွင် မျှဝေပေးကြပါရန် လေးစားစွာတောင်းဆိုအပ်ပါသည်။
  • ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် မသက်ဆိုင်သော အကြောင်းအရာများကို အလွန်အကျွန်မျှဝေခြင်းအားဖြင့် ချယ်နယ်၏ ပင်မရည်ရွယ်ချက်ဖြစ်သော ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အကြောင်းအရာများနှင့် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ အကူအညီတောင်းခံလာသူများ၏ ချယ်နယ်အား ဆက်သွယ်မှုအပေါ်တွင် ဖုံးလွှမ်းသွားသည့် အခက်အခဲများ ရင်ဆိုင်နေရသည့်အတွက် ထိုသို့ လေးစားစွာ ပန်ကြားရခြင်းကိုနားလည်ပေးနိုင်မည်ဟု ယုံကြည်ပါသည်။
  • သတင်းအချက်အလက်များကို ဦးတည်ပြီး အများပြည်သူများထံ မျှဝေပေးနေသောချယ်နယ်များလည်းရှိရာ သတင်းအချက်အလက်ဆိုင်ရာ မျှဝေမှုများအတွက် သက်ဆိုင်ရာ ချယ်နယ်များတွင် ပေးပို့ပေးခြင်းအားဖြင့် ပိုမိုအားကောင်းသောချိတ်ဆက်မှုများကို ဖြစ်စေနိုင်မှာဖြစ်ပါသည်။
  • ထို့ကြောင့် ချယ်နယ်နှင့်မသက်ဆိုင်သည့်အကြောင်းအရာများအား အလွန်တရာ မျှဝေခြင်းများ ရှိသော အကောင့်များအား သတိပေးဖယ်ရှားရမှုများ ရှိခဲ့သော နားလည်ပေးနိုင်ပါရန် ကြိုတင်ပန်ကြားအပ်ပါသည်။ 


နွေဦးမှသည် ဆောင်ဦးဆီထိ လုံခြုံသော ချိတ်ဆက်မှုများကို ပြုလုပ်နိုင်ကြစေကြောင်း Admin Team မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။


Report Page