VirusTotal

VirusTotal

ဒစ်ဂျစ်တယ် နဂ္ဂတစ်များ


ငါဟာမိုးတိမ်ထဲဝဲရင်း...ပါတော်မူပြန်ပြီကွာ..

====================

နှစ်သစ်လည်းရောက်ပြီဗျို့…

သင်ကိုယ်တိုင် နိုးထရမယ့်အချိန်ရောက်ပြီဆိုပြီး...တွေးရင်း...တွေးရင်းနဲ့ နှစ်သစ်ကိုစတင်တယ်ပေါ့ဗျာ…



ပြောသာပြောရတာ....နှစ်သစ်တွေလည်း ဘယ်လို ဘယ်ပုံနဲ့ ကူးလို့ကူးသွားမှန်းမသိဘူးဗျ…

 Thingyan ကာလအတွင်း ကိုယ်တွေမှာက အိမ်မှှာထိုင်လိုက်...ရုပ်ရှင်ကြည့်လိုက်...ဖုန်းပွတ်လိုက်ပေါ့ဗျာ..ကိုယ်တွေမယ် တော်လှန်ရေးကို သစ္စာရှိတယ် မလား...


ဖုန်းပွတ်လိုက်တာနဲ့ မိချောကစပြီး အင်ကလိတ်သီချင်းကို အသံထွက်ကောင်းကောင်းနဲ့ ဆိုသွားသူတွေကိုလည်းတွေ့ပါ့ဗျာ…

အဲ့ဒါတွေတွေ့ရင်းနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကြီးရဲ့ အနုပညာလောက ကလူတွေကိုလည်းစိတ်ပူတယ်ဗျ…

ကိုယ်တွေ တောင်းပိုင်းသားတွေမယ်...တောကနေ သီချင်းဆိုရတာတောင် အမယ့်လေး English သီချင်းတွေကြီး Cover လွှတ်နေတာဗျ....အွန်းလိုင်းပေါ် ထောက်ခံသူ အားပေးသူ ဝက်ဝက်ကွဲ ဗျ..မင်းသား..မင်းသမီးတွေဆိုလည်း မိတ်ကပ်မလိုပဲ အကြည်ဓါတ်လေးတွေနဲ့ လှပြီး တကယ့်ဘဝဇာတ်လမ်းတွေကို သရုပ်ဖော်...ပုံဖော်..ထုဆစ်နေကြတာကိုး...


မြောက်ပိုင်းကြီးသားတို့မယ်...မမှီရာ..မနိုင်ရာ..ဝန်ကို စင်ပေါ်တက်ပြီးထမ်းနေတာ..ကြည့်မကောင်းဘူးဗျာ…

တန်..တန်ရာ..လုပ်ပေါ့....

ဒါနဲ့ ကျော်ကြီးလို့ခေါ်တဲ့ ကျွန်တော်မယ်...အတာရေ မထိရင်နေပါစေဗျာ...အိမ်ထဲကနေပဲ..နှစ်ကူးတာပေါ့…

နှစ်ကူးပြီဆိုတော့ ထုံးစံအတိုင်း အလေ့အကျင့်ကောင်းတစ်ခု စပျိုးထောင်မယ်ပေါ့…

ဘာအကျင့်လဲလို့ မေးဦး ကိုယ့်လူရေ…

"ဒစ်ဂျစ်တယ်အလေ့အကျင့်" တစ်ခုဖြစ်တဲ့ ရှင်းလင်းရေးအလေ့အကျင့်တစ်ခုဗျ....

ကွန်ပျူတာ..ဖုန်းထဲက မလိုတာလေးတွေကို ဖျက်ပြီး..လိုတာလေးတွေကို သေသေချာချာသိမ်းမယ်ပေါ့..အချိန်ရရဆင်တော့ ဒီနှစ်အတွက် အကောင့် Password လေးတွေလည်း ပြောင်းပြီး Password  Manager ထဲမှာသိမ်းမယ်ပေါ့…


နှစ်ဆန်းတစ်ရက်နေ့ စတင်အကောင်အထည်ဖော်လိုက်တော့ မဆိုးပေါင် အချိန်က (၃-၄)နာရီ ဝန်းကျင် သာပေးလိုက်ရတယ်…အဆင်ပြေသွားရော..


ဖုန်းရော.ကွန်ပျူတာရော..ရှင်းသွားတာမှ..ရှင်းရှင်းရှင်းနဲ့ကိုနေတာပဲ…

ကျွန်တော့်ရဲ့ အဆက်ဟောင်းနဲ့ ပက်သက်တာတွေရော

လက်ရှိ Crush နေတဲ့ ဘေးနှစ်အိမ်ကျော်က ကောင်မလေးနဲ့ ပက်သက်တာတွေ ရှင်းလင်းလိုက်နိင်တော့ တော်တော်လေး Storage ထွက်လာတယ်ဗျ…


ဒါနဲ့ တော်တော်လေး အလုပ်လုပ်လိုက်ပြီဆိုတော့...သီချင်းလေးဖွင့်ပြီး နားမယ်လုပ်လိုက်ပါလေရော…

သီချင်းနားထောင်ဖို့ Browser လေးဖွင့်တယ်ဗျာ..

နားထောင်မယ့် လေးဖြူရဲ့ "မိုးတိမ်ထဲဝဲ" သီချင်းကိုရိုက်ထည့်အပြီး…

ကွန်ပျူတာ ညာဘက်ထောင့်လေးက ဖျက်ကနဲ စာတစ်စောင်လေး တက်လာတယ်…


" FB အကောင့်ကို ချက်ချင်း ဒီ Link ကိုနှိပ်ပြီး Update လုပ်ပါတဲ့..မဟုတ်ရင် အကောင့်ကို (၇)ရက်အတွင်း အလိုလိုပျက်သွားမယ်တဲ့"....အဲ့ဒါနဲ့ တစ်မျိုးတော့ခံစားရပေမယ့်...သတိဆိုတာ ပိုတယ်မရှိဘူးဆိုပြီး နှိပ်တော့....အကောင့် Gmail  နဲ့ Password တောင်းပါလေရော….


ထုံးစံအတိုင်း..ဂွက်...ဂွက်..ဂွက် နဲ့ဖြည့်လိုက်တယ်....ပြီးတော့လည်း ဒီအတိုင်းနေလိုက်တာပေါ့ဗျာ..သီချင်းနဲ့မျောနေလိုက်တာပေါ့…

"ငါဟာ..မိုးတိမ်တွေထဲဝဲ....လေနှင်တဲ့အခုအချိန်ခဏမေ့နေပြီး..." သီချင်းလေးညည်းရင်း....

ညနေကျတော့ Facebook အကောင့်သုံးမယ်လုပ်တော့...အကောင့်လည်း ဝင်ရော..Password မှားနေတယ်ကြီးပြောပေါလေရော…


အမှန်ရိုက်နေရဲ့သားနဲ့ဗျာ.... ဇူဇူတော့ ငါ့ကိုစားပြီပေါ့...

နောက်တစ်ခေါက်ရိုက်ထည့်လည်း..မှားတယ်တဲ့ဗျာ..အရပ်ကတို့ရေ လုပ်ကြပါဦး....

နောက်မှ ကျော်ကြီး သတိထားမိတာက နေ့လယ်က နှိပ်ခဲ့တဲ့ Link ကို လိုလိုပိုပို Copy လုပ်ခဲ့တဲ့ မှတ်စုလေးပြန်ကြည့်တော့မှာ Link မှာ..http ပဲ https: ဟုတ်မနေဘူး….အဲ့ဒါနဲ့ စိတ်ထဲမအေးချမ်းတာနဲ့ ဘော်တာ တစ်ယောက်က စစ်ကြည့်ဆိုပြီး VirusTotal ကိုညွှန်းပါရော...


အဲ့ဒါနဲ့ စစ်ကြည့်လိုက်ရော..

Malicious Files တွေမှ အများကြီး Unsecured နဲ့ နီးမြန်းလို့...

သေပြီ..ကျော်ကြီးရေ..မင်းသေလိုက်ပါတော့…

Phishing link ကြီးကိုမှ မိုးတိမ်ထဲဝဲ နားထောင်ဖို့ အလျင်လိုပြီး နှိပ်လိုက်မှတော့

မင်းအကောင့် လည်း မိုးတိမ်ထဲဝဲပြီးပေါ့ကွာ....


ခုချိန်ထိ..ဒစ်ဂျစ်တယ်နဲ့ ပက်သက်ရင် နာကျင်မှုပေါင်းများစွာနဲ့...ဒဏ်ရာဟောင်းတွေက ကျော်ကြီး ရင်ထဲမှ တစ်စစ်စစ်နဲ့…

ချီးချောက်ရေနူးသလိုပင်...မမကြီးနဲ့တုန်းကတစ်ဖြတ်..ညီမလေးနဲ့တုန်းကတစ်ဖြတ်..ကုမ္ပဏီက အကောင့်နဲ့ Blue ကားကြည့်မိတာကတစ်ဖျက်နဲ့....အားလားလား...အောင့်လိုက်တာဗျာ....


ဒါကြောင့် ဘော်ဒါတို့လည်း တွေ့ကရာ Link တွေကိုမနှိပ်ပါနဲ့

 စိတ်ချရတဲ့  Link ဟုတ်/မဟုတ် စစ်ချင်ရင် အောက်က Link ထဲမှာဝင်စစ်ပေးပါဗျို့…

စစ်တဲ့ နည်းကလည်း အင်မတန်မှ လွယ်ကူရိုးရှင်းတာမို့ သိပ်မသေချာတဲ့ Link တွေတွေ့ရင် copy ယူပြီး သွား စစ်ကြည့်ရုံပဲဆိုတော့...အောက်က Link လေးမှာသွားစစ်နော်..

https://www.virustotal.com/gui/intelligence-overview


အန္တရာယ်ရှိတဲ့ Link တွေဆိုရင် အတိအကျ ပြောပေးတာမို့ ဒစ်ဂျစ်တယ်ဆုံးရှုံးမှုတွေကနေ ကာကွယ်ပေးနိုင်ပါဗျို့....





Report Page