Unseen Scenario
ပုစ္ဆာထဲမှာ အဖြေရှာ VPN လေးရယူပါ
Scenario
အခုလို ခေတ်ကာလကြီးမှာ လူတိုင်းက နိုင်ရာ တာဝန်ဝတ္တရားတွေကို ထမ်းနေကြတာ ဒို့ပြည်သူတွေ။ ဒီအတောအတွင်းမှာ ပင်ပန်းတာတွေရှိမယ် ..တစ်ချို့သောကိစ္စတွေအတွက် အားရကျေနပ်နေတာတွေရှိမယ်..တစ်ချို့ အတွက် အားမလိုအားမရဖြစ်နေတာတွေရှိပေမယ့်လည်း ကျန်ရှိနေတဲ့ အင်အားအချို့နဲ့ ရှေ့ဆက်နေတာပါ။
ဒီအချိန်မှာတော့ ကိုခက်တစ်ယောက်လည်း လူငယ်ပီပီ ဒီအခင်းအကျင်းမယ် အလုပ်လည်း တစ်ဖက်လုပ် တော်လှန်ရေးအတွက်လည်း အင်တိုက်အားတိုက်နဲ့ပါဝင်နေသူတစ်ယောက်ပါ။ သူတစ်ယောက်တည်း လည်းလုပ်ဆောင်နေသလို သူငယ်ချင်းများနှင့်လည်း အဖွဲ့ဖွဲ့၍ လုပ်ဆောင်လျက်ရှိပါသည်။
ကိုခက်တစ်ဦးတည်းအနေဖြင့် မိမိလစာ၏ (၃) ပုံ (၁) ပုံကို နာနတ်သီးများဝယ်ရန် အတွက်သော်လည်းကောင်း..ထောက်ပို့များအတွက်သော်လည်းကောင်း ပုံသေလှူဒါန်းမှုများ ပြုလုပ်လျက်ရှိပါသည်။
ကိုခက် နှင့် အဓိက ချိတ်ဆက်မှုအများဆုံးမှာ ချောချော ဆိုသူ ဖြစ်ပြီး အုပ်စုထဲတွင် အဖွဲ့ ခေါင်းဆောင်တာဝန်ယူနေသူသော သူရဲကောင်းတစ်ယောက်ဖြစ်ပါသည်။ ချောချောကတော့ လက်ရှိ အခြေအနေကြောင့် သူမ အမည်ဖြင့် မှတ်ပုံတင်ထားသော Sim Card ကိုအသုံးမပြုတော့သော်လည်း ကိုခက်မှု မှာတော့ လက်ရှိအချိန်ထိ အမည်ပေါက် မှတ်တမ်းတင်ထားသော Sim Card ကိုသာ အသုံးပြုလျက်ရှိသည်။ ချောချောတို့နှင့် အွန်လိုင်းကမ်ပိန်းများ ပြုလုပ်ရန်အတွက်သော်လည်းကောင်း၊ အလှူငွေကိစ္စများနှင့် အချိတ်အဆက်ရှိသည်။
ပုံမှန်အားဖြင့် ဆက်သွယ်ပြောဆိုမှုတွေမှာ Messenger နှင့် ဖုန်းခေါ်၍ အများဆုံး ဆက်သွယ်ကြသည်။ အချို့သသော ကိစ္စအတွက်များအတွက် Telegram နှင့် Signal ကိုအသုံးပြုသော်လည်း လုံခြုံရေး Setting များကိုမှု ကောင်းကောင်း ချိန်ညှိထားခြင်းမရှိပေ။ အများဆုံးသော အချက်အလက်များသည်လည်း ကိုခက်အနေဖြင့် ဖုန်းထဲတွင်သာ သိမ်းတတ်သူတစ်ယောက်ဖြစ်ပါသည်။
တစ်နေ့တော့ ဘောစိက သဘောမနှောကောင်းပြီး အိမ်ပြန်ပို့ပေးရာ...လမ်းတွင် နာနာသီးတစ်လုံးကွဲမှုဖြင့် ခွေးများအလုပ်ရှုပ်နေရာ..ကိုခက်တို့ကားပိတ်မိနေ၏...ဖြစ်နိုင်ခြေရှိသော ကားများကို စစ်ဆေးရာတွင် စစ်ခွေးတစ်ကောင်မှ...ကိုခက် တို့ကားကိုရပ်ပေးရန်..၁၀ ပေအကွာလောက်မှာ လက်ပြနေရာ....
ထိုအခြေအနေတွင်...ကိုခက်နေရာတွင် ရောင်းရင်ဆိုလျှင်
၁. ဖုန်းထဲတွင်ရှိသော အချက်အလက်များအတွက် မည်သို့ဆောင်ရွက်မည်နည်း။
၂. ကိုခက် မိသွားသည်နှင့် ဖြစ်နိုင်သော အကျိုးဆက်နှင့် ကွင်းဆက်များမည်သို့ ဖြစ်နိုင်မည်နည်း။
၃. ကိုခက် ဒီလို ကိစ္စတွေ မကြုံခင် ရောင်းရင်းအနေဖြင့် ကြိုတင်ပြုလုပ်သင့်သော အကြံပြုချက် ပေးပါဆိုလျှင်..ဘယ် အကြံပြုချက်ကိုပေးလိုပါသနည်း။
၄. အရေးကြီးသော Data များကို မည်သို့ သိမ်းသင့်သည် ဟုယူဆပါသနည်း။