Undercover Miss Hong (2026)

Undercover Miss Hong (2026)

By Ariel

The Judge from Hell အပြီးမှာ မမ Park Shin Hye ကတော့ ၁၉၉၀ ခုနှစ် နှောင်းပိုင်းကို ဇာတ်အိမ်တည်ထားတဲ့ လျှို့ဝှက်စုံထောက်ဇာတ်လမ်းတွဲလေးနဲ့ ပြန်ရောက်ရှိလာပြီဖြစ်ပါတယ်။


Cast တွေကတော့ Park Shin Hye အပါအဝင် Ko Kyoung Pyo၊ "Extraordinary Attorney Woo" မှ Ha Yoon Kyung၊ "The Haunted Palace" မှ Cho Han Gyeol တို့အပြင် ပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပြီး Suspicious Partner, Business Proposal တို့ရဲ့ ဒါရိုက်တာ Park Seon Ho က ရိုက်ကူးတည်းဖြတ်ထားတဲ့အတွက် ကြည့်ကိုကြည့်ရမဲ့ကားလေးပါပဲနော်။


ဇာတ်လမ်းအညွှန်း ~


၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာ Hong Geum Bo (Park Shin- Hye) ဆိုတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးကတော့

ဘဏ္ဍာငွေကြီးကြပ်ရေးဌာန အလုပ်လုပ်နေတဲ့ ကြီးကြပ်ရေးမှူး တစ်ယောက်ဖြစ်ပြီး အမြဲ အလုပ်အကြောင်းပဲ 

တွေးနေတတ်တဲ့သူပါ။


 တစ်နေ့မှာတော့ သံသယဖြစ်စရာ ရန်ပုံငွေတွေ စီးဆင်းနေတယ်လို့ သိရတဲ့ ဟန်မင်း ရင်းနှီးမြှုပ်နှံမှု နဲ့ ရှယ်ယာလုပ်ငန်းမှာ Hong Jang Mi ဆိုတဲ့ နာမည်အတုနဲ့ အသက် ၂၀ အရွယ် မိန်းကလေးဟန်ဆောင်ကာ လျှို့ဝှက်ထောက်လှမ်းရေး ဝင်လုပ်ရင်း ရည်မှန်းချက်တွေ ဖြစ်မြောက်ဖို့အတွက်ဆို ဘာမဆိုလုပ်တဲ့ ကုမ္ပဏီရဲ့ သူဌေးအသစ်ဖြစ်တဲ့ Sin Jeong U (Ko Kyoung-Pyo) နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။


 အတိတ်တုန်းက ပတ်သတ်မှုတွေရှိခဲ့ကြတဲ့ သူတို့နှစ်ယောက် တွေ့ဆုံမှုက ထောက်လှမ်းရေးအတွက် အတားအဆီး ဖြစ်လာနိုင်မလား... သံသယဖြစ်စရာ ရန်ပုံငွေအကြောင်းကိုလည်း ဘယ်လိုတွေ စုံစမ်းသွားမလဲ... ဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော်။ 




Report Page