Typhoon (2022)
Shwe Yote Shinဇာတ်လမ်းလေးကတော့ Zhang Yi Fan ဆိုတဲ့ ကယ်ဆယ်ရေး သမားကြီးဟာ ၂၀၁၁ ခုနှစ်လောက်တုန်းမှာ ပြင်းထန်တဲ့ မုန်တိုင်းကြားမှာ သူတစ်ပါးကို ကယ်ဖို့ကြိုးစားရင်း သူ့သားအရင်းကို ဆုံးရှုးလိုက်ရပါတယ်။ သားကို ဆုံးရှုးရပြီးနောက်ပိုင်းမှာ ၁၀နှစ်ကြာတဲ့အထိ သူ့ဘဝဟာ အဲဒီအရိပ်မဲထဲကနေ မထွက်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲ သူ့ဇနီးနဲ့သမီးဟာ သူနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ တောင်းဆိုလာကြပါတယ်။ သူ့သမီးလေး Yao Yao ရဲ့မွေးနေ့မှာ မုန်တိုင်းကြီး ထပ်ကျရောက်လာပါတော့တယ်။ ဒီမုန်တိုင်းဟာ သာမန်မုန်တိုင်း ဖြစ်ပေမယ့် ကမ္ဘာကြီးရဲ့ ဝင်ရိုးစွန်း လည်ပတ်နှုန်းဟာ မြင့်တက်လာတဲ့အတွက် အီကွေတာ အနီးတစ်ဝိုက်က လှိုင်းတွေဟာ မြင့်တက်လာပြီး ကမ်းရိုးတန်းတွေဆီ ရောက်တဲ့အခါ ဆူနာမီလို လှိုင်းကြီးတွေဖြစ်သွားပြီး အလွန်အားပြင်းတဲ့ မုန်တိုင်းအသွင် ပြောင်းသွားပါတော့တယ်။ အဲဒီအချိန်မှာ မွေးနေ့ပွဲကျင်းပနေတဲ့ Yao Yao ဟာ သူ့ရဲ့သူငယ်ချင်းနဲ့ မြေအောက်ခန်းထဲမှာ ပိတ်မိသွားပါတယ်။ အလွန်အားပြင်းတဲ့ မုန်တိုင်းကြားမှာ ကယ်ဆယ်ရေး သမားကြီးတစ်ယောက် ဇနီးနဲ့သမီးကို ဘယ်လို ကယ်တင်ရပါ့မလဲ။ သားကို ဆုံးရှုးလိုက်ရသလိုမျိုး ထပ်မဖြစ်ရလေအောင် ကယ်ဆယ်ရေးသမားကြီး အစွမ်းကုန် ကြိုးစားပုံကို သဲထိတ်ရင်ဖို ကြည့်ရှုရမှာပါ။