Trust No One: The Hunt for the Crypto King
ကြည့်..ကြည့်...ကြည့်..Trust No One: The Hunt for the Crypto King မှတ်တမ်းရုပ်ရှင်ကိုတော့ ၂၀၂၂ ခုနှစ်၊ မတ်လတုန်းက မှ တွက်ထားမို့လို အရမ်းကို update ဖြစ်ပါတယ်။ ဒီကားလေးရဲ့ စတင်ပုံကတော့ Mask အုပ်ပြီး..အသံရော..ရုပ်ရောဖျက်ထားတဲ့ Gerry ကနေစတာပါ။ Gerald Cotten aka Gerry ကတော့ Cryptocurrency တွေကို အရောင်းအဝယ်နဲ့ ဖလှယ်မှုတွေကို အဓိကလုပ်ပေးနေတဲ့ ကုမ္ပဏီပါ။ ကုမ္ပဏီနာမည်ကတော့ QuadrigaCX ပါ..

၂၀၁၃ ဝန်းကျင်လောက်က စတင်တည်ထောင်ပေးမယ့် Canada မှာရော လူတွေတော်တော်များများ သိပြီးနာမည်ကြီးတယ်လို့ဆိုရမှာပါ။ ၂၀၁၈ မတိုင်ခင်မှာကတော့ Crypto ဆော့တဲ့သူတွေရော
ဝယ်ယူတဲ့ စျေးကွက်က အစစအရာရာ အဆင်ပြေနေသလိုရှိနေခဲ့ပါတယ်...သို့ပေမယ့် အားလုံးတုန်လှုပ်ခြောက်ခြားသွားတာကတော့ မမျှော်လင့်ထားပဲ ဖေဖော်ဝါရီ ၂၀၁၉ မှာ ကုမ္ပဏီရဲ့ လုပ်ဆောင်မှု Operation တွေရပ်သွားပြီး..ဒေဝါလီခံရတော့မယ့် ကိစ္စတွေအပြင်..ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Gerry ရဲ့ ရုတ်တရက် သေဆုံးမှုသတင်းပါ.....
လူတွေမေးခွန်းထုတ်နေတာက Garry ရဲ့ အချိန်မတော် သေဆုံးမှုကြီးပါ..အိန္ဒိယ မှာသေဆုံးတယ် ဆိုပေမယ့်..လူတွေတကယ်ကို မယုံနိုင်တာပါ။ သူ့မိန်းမက ပြန်သတ်တာလား၊လူဆိုးတွေကြောင့်လား..တကယ့်ကို ဇဝေဇဝါပါ... ပြသနာက အသက်အာဖြင့် ၂၄နှစ်သာ Gerry သေဆုံးမှုက သာမန်လား..လုပ်ဇာတ်ခင်းနေတာလားဆိုတာ ကိုလူတွေ စူးစမ်းချင်ကြပါတယ်..
ဘာလို့လဲဆိုတော့...၂၀၁၈ နောက်ပိုင်းမှာ Bitcon တွေရဲ့ စျေးကျလာမှုနဲ့ အခြေအနေမဟန်မှုတွေကြောင့် လူတွေက ကုမ္ပဏီက Crypto တွေကို ထုတ်ဖို့လုပ်နေရာမှာလည်း Error တွေဖြစ်ပြီး ထုတ်မရဖြစ်နေခဲ့တာပါ..အဲ့ဒါတွေအပြင် Gerry တကယ်သေသွားရင် $190 Millions က Gerry မှလွှဲပြီး ဘယ်သူမှ Access မလုပ်နိုင်တဲ့အတွက် တစ်နေရာရာမှာ Lock ဖြစ်နေမယ်ဆိုတဲ့ အချက်ကို စိုးရိမ်နေကြတာပါ…
အဲ့တော့ Crypto investigator အချို့က သူတို့ငွေတွေပြန်ရဖို့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ဖို့ “Crypto King” ဆိုတာမျိုးကိုလုပ်ပြီး..အွန်လိုင်းရသမျှ ဒေတာတွေကို အခြေခံပြီး Gerry တကယ်သေသွားခြင်းရှိ..မရှိ ဇစ်မြစ်ကို တူးဖော်ကြတာပါ..
Crypto ကိုစိတ်ဝင်စားတဲ့သူတွေအပြင် ခေတ်သစ် ဒစ်ဂျစ်တယ် ပိုက်ဆံတွေမှာရော..ဘယ်လိုဖြစ်နိုင်ချေတွေ..အလားအလားတွေ လှည့်ကွက်တွေရှိမလဲဆိုတာ ကောင်းကောင်း အတွေးများရရှိနိုင်တဲ့ကားမို့လို့...ကြည့်ရှုဖို့တိုက်တွန်းပါရစေဗျို့…
ကြည့်ရှုရန်Link:https://moviesjoy.to/movie/trust-no-one-the-hunt-for-the-crypto-king-78598