Tracking locations and devices via Find My App

Tracking locations and devices via Find My App

Apple ရဲ့ Find My App သုံးပြီး တည်နေရာတွေ ရှာကြမယ်


iPhone ရဲ့ Find My အသုံးပြုပြီးပျောက်ဆုံးပစ္စည်းများရှာဖွေခြင်း 


Find My iPhone ကတော့ Apple ID တစ်ခုနဲ့ချိတ်ဆက်ထားတဲ့ ပျောက်ဆုံးသွားတဲ့ သင့်ရဲ့ Apple Product တွေကိုရှာဖွေနိုင်ဖို့အတွက် အသုံးပြုရတဲ့ Features တစ်ခုပဲဖြစ်ပါတယ်။ Find My ဆိုတဲ့ App ကို Download လုပ်ထားရပါမယ်။ 

Find My ကိုအသုံးပြုနိုင်ဖို့ရန်အတွက် သင့်ရဲ့တည်နေရာ ဖြစ်တဲ့ Location ကို “On ထားဖို့" လိုမှာပါ။

  1. Setting ထဲကိုဝင်ပါ။ 
  2. Privacy & Security ကိုဝင်ပါ။ “Location" ကိုဖွင့်ပါ။ 
  3. Find My “On” ထားခြင်းရှိ/မရှိကို သေချာစေရန်အတွက် 
  4. မိမိရဲ့ Setting ထဲက Apple ID Profile ထဲကိုဝင်ပါ။
  5. Find My ကိုဝင်ပါ “On” ထားပြီဆိုရင်တော့ သင့် တည်နေရာကို သေချာဖွင့်ထားပြီဖြစ်ပါတယ်။ 


ဒီလိုမျိုး “On” ထားပြီးပြီဆိုရင်တော့ သင့်ရဲ့ Apple Product တစ်ခုခုပျောက်ဆုံးသွားပါက 

  1. သင့်မှာ ရှိနေသော နောက် iPhone တစ်လုံး (သို့) Apple စက်ပစ္စည်းတစ်ခုခုကနေ Find My App ထဲကိုဝင်ပြီး Devices ထဲကနေ သင့်ရဲ့ပျောက်ဆုံးသွားတဲ့ စက်ပစ္စည်းကို ရှာဖွေနို်င်ပါတယ်။
  2. ပျောက်ဆုံးသွားတဲ့ စက်ပစ္စည်းကို နှိပ်ပါ။ အောက်ကို ဆွဲလိုက်တာနဲ့ ပျောက်သွားတဲ့ စက်ပစ္စည်းကို အသံပေးမလား၊ ပျောက်သွားတယ်ဆိုတာကို အများသိစေရန်အတွက် Mark as Lost “On” ထားမလား၊ ပြန်မရနို်င်တော့မှန်း သိတဲ့အခြေအမျိုးအတွက် စက်ပစ္စည်းထဲက ဒေတာတွေကို လှမ်းဖျက်ပစ်မလား  Erase This Device  အကုန်ပြုလုပ်လို့ရပါတယ်။ 
  3. ဒီနေရာမှာ ပျောက်ဆုံးသွားတဲ့ ပစ္စည်းများအတွက်  Mark As Lost လုပ်ဖို့အရေးကြီးပါတယ်။ 


iPhone ရဲ့ Find My အသုံးပြုပြီး မိမိအသိမိတ်ဆွေများ၏ စက်ပစ္စည်းများအား ရှာဖွေပေးခြင်း 

မိမိမိတ်ဆွေများရဲ့ ပျောက်ဆုံးသွားသော စက်ပစ္စည်းများအား ကူရှာနိုင်ရန်အတွက် သင့်ဖုန်းထဲက 

  1. Find My App ကိုဝင်ပါ။ 
  2. “Me” ဆိုတဲ့ Tab ထဲကိုဝင်ပါ။
  3. “Help a friend” ကိုနှိပ်ပါ။ 
  4. ပျောက်ဆုံးသွားသော ဖုန်းထဲတွင်ဝင်ခဲ့သော Apple ID ကိုဝင်ပါ။
  5. ဝင်လို့ရပြီဆိုတာနဲ့ location “On” ထားပြီး Find My ကို Setup လုပ်ထားခဲ့လျှင် စက်ပစ္စည်း၏ တည်နေရာကို တွေ့ရပါမယ်။ 
  6. Mask as Lost “On” တာ ..ဒေတာတွေကိုဖျက်ဖို့ “Erase This Device” လုပ်နိုင်ပါတယ်။ 


iPhone တွင်ပါဝင်သော Family Sharing 

Apple ဖုန်းတွင်ပါဝင်သော Family Sharing ကိုလူတွေတော်တော်များများက iTunes Music မှာသီချင်းနားထောင်ဖို့ မိသားစုဝင် အချင်းချင်းဝေမျှတာမျိုး၊ iCloud Storage ကိုအတူတူ မျှဝေသုံးစွဲတဲ့ အခါမျိုးတွေမှာ သိကြတာများပါတယ်။ ဒီတစ်ခါမှာတော့ မိ်မိရဲ့ မိသားစုဝင်အချင်းချင်း Location မျှဝေပြီး တစ်ယောက်နဲ့ တစ်ယောက် တည်နေရာတွေကို ဘယ်လို မျှဝေသုံးစွဲနိုင်သလဲဆိုကို ပြောပြပေးပါမယ်။

Location ကိုမိသားစုများနှင့် မျှဝေထားခြင်း 

  1. Family Sharing Setting ကို Setup ပြုလုပ်ဖို့ရန်အတွက် Setting ထဲကိုဝင်ပါ။ 
  2. Setup Family Sharing ကိုနှိပ်ပါ။
  3. Continue ကိုနှိပ်ပါ။
  4. ပြီးရင်တော့ Invite Other ကိုနှိပ်ပြီး Mail ကနေ (သို့) iMessage ကနေ မိမိမျှဝေလိုတဲ့သူကို ဖိတ်လို့ရပါတယ်။ 
  5. Family Sharing Setup လုပ်ပြီးပြီဆိုတာနဲ့ Family Sharing မှာ location စတင်ဖွင့်လို့ရပါပြီ။ 
  6. Setting ထဲဝင်ပါ။ 
  7. Family Sharing မှာ “Location” “On”ပါ။ 
  8. ဒီနေရာမှာတော့ မိမိ တည်နေရာကို ပေးသိလိုတဲ့ သူတွေကိုရွေးချယ်ပြီးပေးနို်င်ပါတယ်။ 
  9. တစ်ဖက်လူက သူရဲ့ Find My App ထဲကနေ ဝင်ရောက်ပြီးသင့်ရဲ့ တည်နေရာကို သိနိုင်ပါတယ်။ 
  10. အရေးပေါ်အခြေအနေများအတွက်လည်း Notification များကို “On” ထားခဲ့နိုင်ပါတယ်။ 
  11. Location Sharing က အတိုင်းအတာတစ်ခုထိ ထိရှလွယ်နိုင်တာကြောင့် ယုံကြည်ရသောသူများနှင့် အချိန်အတိုင်းအတာ တစ်ခုထိသာ သတ်မှတ်ပြီး မျှဝေကာ မလိုအပ်တော့လျှင် ပြန်၍ ပိတ်ထားရမှာဖြစ်ပါတယ်။  


Report Page