Tips and Tricks For Relationship

‼️Relationship ကြီးက အေးစက်နေပြီလား။ အခုတလော သူနဲ့ အရင်လိုစကားလည်း သေချာမပြောဖြစ်ဘူး၊ အရင်ကနဲ့ မတူတော့ဘူးဆိုပြီး Common ဖြစ်တဲ့ Relationship ပြဿနာတစ်ခု ခဏခဏ ကြားနေရတယ်ဟုတ်။😢
‼️အချစ်နဲ့ ဆယ်ကျော်သက်ဆိုတာ ခဏခဏ မဟုတ်ရင်တောင် တစ်ခါလောက်တော့ ထိတွေ့ဖူးမှာပါ။ ရည်းစားမထားဖူးရင်တောင် one-sided love လေးတော့ရှိခဲ့ကြမယ်ဟုတ်။😝
🛎ကဲ… လိုရင်းကိုပြန်သွားကြမယ်။ ဟုတ်ပြီ.. ဒါဆိုရင် ဘယ်လိုအချက်တွေကြောင့် အနေဝေးသွားရတယ်ဆိုတာ သတိထားမိကြလား။ နှလုံးသားတစ်ခုလုံးနဲ့ ချစ်တတ်တဲ့ ချစ်တတ်သူကြီးတွေကတော့ သိကြမှာပေါ့နော်။😔 ဒါပေမယ့် လက်ရှိ ချစ်သူရှိနေတဲ့သူတွေပဲဖြစ်ဖြစ်၊ relationship တစ်ခု စတင်ဖို့ ပြင်ဆင်နေတဲ့သူတွေပဲ ဖြစ်ဖြစ် Little Lighthouseရဲ့ အချစ်အတိုင်ပင်ခံကြီး ပြောပြသွားမယ့် အချက်လေးတွေသာ ကိုယ့်ချစ်သူမှာ ရှိရင် ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားလေးတွေဖြစ်နေမှာနော်။ 🥳 Single ဖြစ်နေတဲ့သူလေးတွေကတော့ ဒီpostကို ဖတ်ရင်းဖတ်ရင်း မျက်ရည်လေးတွေ ကျနေရတော့မှာပေါ့နော်။ 😢😝 ဟီးဟီး… စတာပါ။ Lucky Boy/ Girl လေးတွေဖြစ်လာနိုင်သေးတာအကုန်လုံး အဆုံးထိဆက်ဖတ်ပေးပါဦးနော်။🙇♀️
✅Effective Communication
Relationship တိုင်းမှာ အရေးကြီးတဲ့အချက်ကတော့ Effective Communication ပါ။ ဘာတွေပါဝင်လဲဆိုရင်တော့....
➡️Active Listening
ကိုယ့်ချစ်သူက စကားပြောနေတဲ့အခါ ကိုယ့်ဘက်က internet ကြည့်နေတာတို့၊ ကိုယ်ပြောချင်တာပဲပြောပြီး သူပြောတာနားမထောင်ပေးတာတို့ မလုပ်ဘဲ သူပြောသမျှတိုင်းကို အလေးနက်ထားပြီး နားထောင်ပါ။👂🩷
➡️ Expressing Feelings
Couple တွေကြားထဲမှာ comfortable ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ဖို့ ဝန်မလေးပါနဲ့နော်။ ကိုယ်က အားနာပြီး ချစ်သူလေး ကိုယ့်ကို စိတ်ကုန်မှာစိုးလို့ဆိုပြီး မပြောဘဲ တစ်ယောက်တည်းခံစားမနေသင့်ပါဘူး။ ဥပမာ- “I feel hurt when you ignore me“ ဆိုပြီး ခံစားချက်လေးပါ ထည့်ပြောပါ။ 🫶🏻
☑️Being Open and Honest
ဒီအချက်လေးကလည်း တော်တော် အရေးပါပါတယ်။ ကိုယ့်ရဲ့ ဘဝအခြေအနေ၊ ကိုယ့်မိသားစု၊ ကိုယ့်အကြောင်း ပွင့်ပွင့်လင်းလင်းပြောသင့်ပါတယ်။ ဒီလို ရိုးရိုးသားသားပြောတာက ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ကြားက အချစ်လေးက တိုးတက်လာမှာပါနော်။ ကိုယ့်ကို ချစ်ကြိုက်ခဲ့ပြီး ကိုယ့်အကြောင်း အားနည်းချက်တွေ ပွင့်ပွင့်လင်းလင်းပြောတဲ့အခါမှ ထားခဲ့တဲ့သူဆိုရင်တော့ တစ်ခါတည်း ဂျောင်းလိုက်ပါတော့နော်။ 😝
☑️Empathy and Understanding
ကိုယ့်ချစ်သူလေးက တစ်ခုခုခံစားနေရရင် နေမကောင်းတာပဲဖြစ်ဖြစ်၊ တစ်ခုခုကို စိတ်မကောင်းဖြစ်နေတာပဲဖြစ်ဖြစ်၊ depression ဝင်နေတာပဲ ဖြစ်ဖြစ် ကိုယ့်ဘက်က သေချာလေး ကြင်ကြင်နာနာလေး နားထောင်ပေးပါ၊ အားပေးပါ၊ နားလည်ပေးပါ။
☑️Respecting Differences
ကိုယ်နဲ့ တစ်ထပ်တည်း ထပ်တူကျတဲ့သူဆိုတာက မှန်ထဲက ကိုယ်ပဲရှိပါတယ်နော်။ အဲ့တော့ ချစ်သူလေးနဲ့ မတူတဲ့ အရာလေးတွေရှိရင်ပဲဖြစ်ဖြစ် ဥပမာ စိတ်ဝင်စားတဲ့hobby လေးတွေ မတူတာ၊ သွားချင်တဲ့နေရာလေးတွေ မတူတာ၊ ဒိတ်ချင်တဲ့ စတိုင်လေးတွေ မတူတာမျိုးဆိုရင် နားလည်ပေးပါ၊ ညှိနှိုင်းပေးပါ၊ ကိုယ့်ဘက်က ဖြစ်ချင်တာတွေပဲ မလုပ်ပါနဲ့ မျှမျှတတဖြစ်ပါစေနော် ။✔️
➡️Problem Solving Together
ရန်မဖြစ်ဖူးတဲ့ ချစ်သူစုံတွဲတွေရှိတယ်ဆိုတာ ယုံလား။ အခုရေးနေတဲ့ အချစ်အတိုင်ပင်ခံကြီးကတော့ မယုံပါဘူးနော်။ ပြဿနာဖြစ်လာရင်လည်း မညှိနှိုင်းဘဲ သူစကားမပြောရင် ငါပြန်မပြောဘူး..သူလာမချော့မချင်း ငါငြိမ်နေမယ်..အရွဲ့တိုက်ပြီး လုပ်ချင်တာလုပ်မယ် …စတာတွေက ရေတိုမှာဆိုရင်တော့ ဘာမှ မဖြစ်နိုင်ပေမယ့် ရေရှည်မှာဆိုရင်တော့ အဆင်မပြေပါဘူးနော်။ ❌ အဲ့တော့ ကိုယ်မှားတာရှိရင် လွန်သွားတာရှိရင် ကိုယ့်ဘက်က စတောင်းပန်ပါ။ နှစ်ယောက်လုံး ဒေါသထွက်မိသွားရင် အချင်းချင်းတောင်းပန်ပါ။ ငါချည်းပဲ အမှန်ဆိုပြီး မတွေးပါနဲ့နော်။😈
➡️Nonverbal Communication
Body language, facial expression, tone of voice တွေကို သတိထားပါ။ တစ်ခုခုကို စိတ်မကြည်တာနဲ့ဘဲ ကိုယ့်ချစ်သူအပေါ် စိတ်မရှည်သလိုပြောတာတွေ အော်ပြောတာတွေ မလုပ်ပါနဲ့။ အဲ့လိုမျိုးတွေက အချစ်တွေ လျော့သွားစေနိုင်ပါတယ်နော် ။❗️
✅Trust and Respect
တစ်ယောက်နဲ့ တစ်ယောက် trust ဆိုတာရှိသင့်ပါတယ်။ ဥပမာ ချစ်သူက တခြားမိန်းကလေး အသိတွေနဲ့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ပြောရတဲ့အခါဖြစ်ဖြစ် သူငယ်ချင်း အုပ်စု ချိန်းတွေ့တဲ့ အခါပဲဖြစ်ဖြစ် phone တဂွမ်ဂွမ် ဆက်တာမျိုးမလုပ်ပါနဲ့။ ❌ ယုံကြည်ပါ။ (ဒီနေရာမှာလည်း အလွှတ်ယုံတာမဟုတ်ဘဲ သူက ယုံကြည်ရလောက်အောင်နေတယ် လူကြီး လူကောင်းဆန်တယ်ဆို ယုံကြည်ပါ အတွေးမလွန်ပါနဲ့။) တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုထားပါ။ ချစ်သူရဲ့ quality timeတွေ၊ ချစ်သူ အလုပ်လုပ်ချိန်မှာ ဖုန်းခေါ်တာမျိုးတွေမလုပ်ဘဲ ကိုယ်ပိုင်အချိန်လေးပေးပါ။ ဒါဆိုရင် ကိုယ်က ချစ်သူ အောင်မြင်ဖို့အတွက် supporting ပေးရာလည်းရောက်ပါတယ်။✨
✅Maintain Independence
ချစ်သူရည်းစားတွေဖြစ်တာနဲ့ သူ့အချိန်တွေ ကိုယ်ပိုင်တာ ကိုယ့်ကိုပဲ သူအချိန်အမြဲပေးရမယ်ဆိုတဲ့ အတ္တကြီးတဲ့ အတွေးတွေ မတွေးပါနဲ့။ ချစ်သူရဲ့ dreams တွေ hobbies တွေ family time တွေ အတွက် သူ့ကိုအချိန်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် relationshipက ပိုခိုင်မာလာနိုင်သလို personal growth အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
✅Express Appreciation
ဒီအချက်က အရမ်းကို အရေးပါပါတယ်နော်။ ချစ်သူက ကိုယ့်အတွက် တစ်ခုခု လုပ်ပေးတာ၊ ဥပမာ သူက ကိုယ့်ကို “ဂရုစိုက်နော်” ဆိုတဲ့ စကားလေးကအစ ကျေးဇူးတင်ပါ၊ appreciate လုပ်ပါ၊ သူကြိုးစားတဲ့ အရာလေးတွေ ဖြစ်မြောက်လာတဲ့အရာလေးတွေအပေါ်လည်း ချီးကျူးစကားပြောပေးပါ၊ ကျေးဇူးတင်ပါ။ အဲ့လိုဆို ကိုယ့်ချစ်သူလည်း ငါ့ကို အသိမှတ်ပြုပေးပါလားဆိုပြီး ပျော်မိမှာပါနော်။ ဒါဆိုရင်တော့ “thank you” ဆိုတဲ့ စကားလုံးလေးက တိုသလောက် အများကြီးအရေးပါတယ်ဆိုတာ သဘောပေါက်ကြမယ်ထင်ပါတယ်။
✅Keep Romance Alive
ကြားဖူးကြလား “နင်တို့က အရမ်းရိုကြတာပဲ၊ အမြင်ကတ်လာပြီ” ဆိုပြီး ပြောကြတာလေးတွေ.. Relationship တစ်ခုမှာ ရိုတာ မရိုတာ အရေးပါမှုကတော့ ကိုယ့် own opinion ပေါ်မူတည်ပါတယ်။ ဒါပေမယ့် အမြဲတမ်းရိုနေရမယ်ပြောတာမဟုတ်ပါဘူး။ ကိုယ့်ဘက်က အရင်လိုချစ်သေးကြောင်း ဂရုစိုက်ကြာင်းလေးတွေကို romantic ဆန်ဆန်ပြောတတ်ရင် ချစ်သူလေးက တစိမ့်စိမ့်တွေးရင်း ပြုံးနေရမှာပါနော်။
တချို့တွေကတော့ပြောကြတယ် အရမ်းရိုတဲ့ အတွဲတွေကတော့ ပြတ်သွားကြတာပဲတဲ့။ ဒါပေမဲ့ အချစ်တိုင်ပင်ခံကြီးအမြင်ကတော့ ကံမပါတဲ့အတွဲက နောက်ဆုံးတော့ လမ်းခွဲရတာပါပဲ… ဆိုတော့ လူအမြင်ကတ်လောက်တဲ့ထိ ရိုတာမဟုတ်ဘဲ ပုံမှန်လေး ရိုသွားဖို့လည်း အရေးပါပါတယ်။
✅Shared Goals and Values
ချစ်သူတွေဖြစ်နေရုံနဲ့ အချစ်အကြောင်း အမြဲပြောနေလို့ မရပါဘူးနော်။ တူတူ goal လေးတွေထားရမယ်။ ဒီချိန်ဒီချိန်ရောက်ရင်တော့ အိမ်တူတူဝယ်ကြမယ်.. မိဘတွေကို ထောက်ပံ့ကျွေးမွေးမယ်၊ လက်ထပ်မယ် စသဖြင့် dreams လေးတွေ တူတူထားရပါမယ်နော်။ အဲ့လို dreams, passionsလေးတွေကလည်း relationship ကို မြဲစေတဲ့ အချက်လေးပါပဲနော်။
✅Continual Growth
ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ ရင်ဆိုင်ရမယ့် ပြဿနာလေးတွေရှိလာရင် တူတူ အားစိုက်ထုတ်ပြီး ရင်ဆိုင်ပါ။ Challenges တွေကနေ သင်ခန်းစာယူပြီး ပိုကောင်းတဲ့ bond တွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးလေးဖြစ်လာမှာပါ။
ကဲ..ဒီအချက်တွေသာရှိရင် တည်တံ့ခိုင်မြဲတဲ့ ဆက်ဆံရေးလေးတစ်ခုဖြစ်လာမှာ သေချာပါတယ်နော်။💯
ဒါပေမယ့် တစ်ခုသတိထားရမှာက ကိုယ့်ဘက်ကပဲ ပေးဆပ်ချစ်နေရတဲ့ အချစ်မျိုးမဖြစ်စေပါနဲ့နော်။ မျှမျှတတရှိတဲ့ ဆက်ဆံရေးဖြစ်ပါစေနော်။ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်တဲ့သူတွေလည်း ရှိကြပေမယ့် အချစ်အတိုင်ပင်ခံကြီးကတော့ ကိုယ်ချည်းပဲ ပေးဆပ်ချစ်ဖြစ်မနေစေချင်ပါဘူးနော်။🚫
‼️ခုဆက်ပြီး ပြောပြပေးသွားမှာက 5 love languages ဖြစ်ပါတယ်။ အဲ့တာက ကိုယ်က အချစ်တွေကို ဘယ်လိုပေးရမလဲ ဆိုတဲ့ unique ways လေးတွေပဲဖြစ်ပါတယ် 🙆♀️။
✅Words of Affirmation
မနက်ခင်းတိုင်းမှာ Morning affirmation ပြောသလို ကိုယ့်ချစ်သူလေးကိုလည်း “I love you“ “I miss you“ တို့လိုမျိုး စကားလေးတွေမကြာခဏပြောပေးပါ။
✅Acts of Service
ကိုယ်က သူ့အတွက် ဟင်းချက်ပေးတာမျိုး၊ သူနေမကောင်းရင် ဂရုစိုက်ပေးတာမျိုး၊ သူ့ရဲ့ ဖိနပ်ကြိုးလေးပြုတ်နေရင် ချည်ပေးလိုက်တာမျိုး၊ အဲ့လိုမျိုး သေးသေးလေးတွေကအစ စိတ်ပါပါ ဂရုတစိုက်ပြုလုပ်ပေးပါ။
✅Receiving Gifts
Gift ဆိုလို့ စျေးကြီးတာတွေဝယ်ပေးရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဥပမာ ကိုယ်ရေးထားတဲ့ handwritten love note လေးပဲဖြစ်ဖြစ်၊ သူကြိုက်တဲ့ အစားစာလေးတွေ ဝယ်ပို့ပေးတာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ affection ကိုပေါ်စေတဲ့ လက်ဆောင်လေးတွေ ဝယ်ပေးလို့ရပါတယ်။ ကိုယ့်ကို ချစ်တဲ့သူက ကိုယ်ပေးတဲ့ လက်ဆောင်တိုင်းကို ရတိုင်း ဘယ်လောက်ပဲ စျေးမကြီးရင်နေပါစေ တန်ဖိုးထားပြီး ပျော်ရွှင်နေမှာဖြစ်ပါတယ်နော်။
✅Physical Contact
Inappropriate ဖြစ်တာမဟုတ်ဘဲ warm hugs လေးတွေ၊ လက်ကိုင်တာလေးတွေ၊ ညင်ညင်သာသာ kiss ပေးတာလေးတွေ ပြုလုပ်ပေးပါ။ အဲ့တာကလည်း ကိုယ့်ချစ်သူကို ပျော်သွားစေပြီး ကိုယ်က သူ့ကိုချစ်ကြောင်း ပေါ် လွင်စေပါတယ် ။
✅Quality Time
ချစ်သူနဲ့ အတူတူ hangout တာတွေ၊ စာတူတူလေ့လာတာတွေ၊ တစ်ယောက်နဲ့တစ်ယောက်အချိန်ပေးပြီး ကူညီတာတွေ၊ experience လေးတွေ တူတူ share ကြတာတွေ စတာလေးတွေက အချစ်တွေ တိုးစေပါတယ်နော်။ အမြဲမဟုတ်ရင်တောင် တစ်ခါတစ်လေတော့ အချိန်ပေးပြီး အတူတူရှိသင့်ပါတယ်။ ဒါဆို အနေဝေးလို့ ဝေးသွားကြရတယ်ဆိုတဲ့ ပြဿနာလေးမရှိတော့ဘူးပေါ့နော်။
🔐Tips for long distance Relationship
LDRS လေးတွေကလည်း အပေါ်က အချက်တွေလုပ်လို့ရပေမယ့် တချို့အရာတွေကတော့ အတူတူလုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် video call ခဏခဏပြောတာ၊ ကိုယ်ဘယ်ရောက်ရောက် သူ့ကို စာလေးပို့တတ်တာ၊ ကိုယ့်သူငယ်ချင်းတွေနဲ့ အပြင်သွားရင်တောင် ကိုယ်စားတဲ့ အစားစာလေးတွေက အစ ဓာတ်ပုံရိုက်ပို့တာ၊ ကိုယ့်ပုံလေးတွေပို့တာ၊ တူတူဂိမ်းဆော့တာ စသဖြင့် လုပ်လို့ရတဲ့ activity လေးတွေရှိပါတယ်နော်။ ဒါလေးတွေကို quality time အနေနဲ့ ပုံမှန်လုပ်သွားရင် အချစ်တွေတိုးစေမှာပါနော်။🔓
🔑ကဲ…အခု Little Lighthouse ရဲ့ အချစ်အတိုင်ပင်ခံကြီးက long-lasting rs ပိုင်ဆိုင်ဖို့အတွက် tips တွေအများကြီးပြောပြီးဆိုတော့ မောသွားပါပြီ။ အမောပြေအောင် အချစ်အတိုင်ပင်ခံကြီးတို့ရဲ့ Page လေးကိုလည်း Like and Follow လုပ်ပေးပါဦးနော်။
📝ချစ်သူစုံတွဲလေးတွေလည်း တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိနဲ့ ဆက်ချစ်ပေးကြပါလို့ စကားလက်ဆောင်မှာရင်း Valentine’s day မှာ ချစ်သူရှိတဲ့သူတွေရော၊ FA တွေေရော၊ single လေးတွေရော ကိုယ့်ချစ်တဲ့သူတွေကို ချစ်ကြောင်း အခုပဲသွားပြောလိုက်တော့နော်။ ပျော်ရွှင်ကြပါစေနော် .. ခုတော့ အချစ်အတိုင်ပင်ခံကြီး ဒိုးပါပြီ... ဪ ဒါနဲ့နောက်ပိုင်း page ရဲ့ update တွေသိရဖို့ Like and Follow လုပ်ထားကြဦးနော်။
#Feb14th
#love
#tips
#littlelighthouse