Tinted With You (2021)
By ArielIMDb – 6.3/10, MyDramaList - 7.1
လက်ရှိအချိန်မှာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် ပန်းချီကားတစ်ချပ်ကြောင့် ဂျိုဆွန်းခေတ်ကို ပြန်ရောက်သွားခဲ့တဲ့ “အွန်းဟို”အစ်ကိုတော်ရဲ့ မုန်းတီးမှုကြောင့် နယ်နှင်ဒဏ်ပေးခံရတဲ့အပြင် တစ်နည်းမဟုတ်တစ်နည်းနဲ့ လုပ်ကြံခံနေရတဲ့ အိမ်ရှေ့စံမင်းသား “အီဟွန်း” ဟာ အနာဂတ်ကလာခဲ့တဲ့ ပန်းချီကျောင်းသား “အွန်းဟို”နဲ့ တွေ့ဆုံခဲ့ရတဲ့အခါ ကံကြမ္မာရဲ့ စေခိုင်းမှုမှာ သူတိုနှစ်ယောက်ရဲ့ ဘဝအခြေအနေတွေ ပြောင်းလဲသွားမလား
အရှင့်သား”အီဟွန်”းအတွက် ဘဝတစ်ခုလုံး ပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ကိုယ်ရံတော် “ဂွန်းလေး” နဲ့ အရှင့်သားတို့ရဲ့ ဆက်ဆံရေးမှာ “အွန်းဟို” ဝင်ရောက်လာခဲ့ပြီးတဲ့နောက် သူတို့သုံးယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲလက်ရှိအချိန်ရဲ့ သမိုင်းစာအုပ်မှာ အဆိပ်ကြောင့် သေဆုံးခဲ့ရပြီးဖြစ်တဲ့ အိမ်ရှေ့စံမင်းသားကို “အွန်းဟို”နဲ့ “ဂွန်းလေး”တို့ ကယ်တင်နိုင်ကြပါ့မလား
ကံကြမ္မာကို ပြန်ရေးဆွဲဖို့ဆိုတာ ဖြစ်နိုင်ရဲ့လားHistorical/Romance/Fantasy အမျိုးအစားဖြစ်တဲ့ BL drama ဖြစ်ပြီး လက်ရှိအချိန်ကအထက်တန်းကျောင်းသား ကောင်လေးနဲ့ ဂျိုဆွန်းခေတ်က အိမ်ရှေ့စံမင်းသားလေးတို့ရဲ့ အချစ်ကိုသာမက“အွန်းဟို” ၊ “အီဟွန်း” နဲ့ “ဂွန်းလေး” တို့ သုံးယောက်ကြားထဲက ဖြူစင်တဲ့ မေတ္တာတရားကိုပါ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ် ။