Time Skip Explained

Time Skip Explained

One Piece Nexus
Strawhats Pirate


Yo Jojo ပါ Yonko တွေအကြောင်းပြီးပြီဆိုတော့ ဒီနေ့တော့ Time Skip ကဘာလဲနဲ့ Strawhats Pirate တွေ Time Skip မှာဘာတွေလုပ်နေကျလဲဆိုတာကိုပြောပြသွားမှာပါ။အရင်ဆုံး Time Skip ဆိုတာဘာလဲနဲ့စလိုက်ရအောင်။Time Skip ဖြစ်လာရခြင်းရဲ့အဓိက ရည်ရွယ်ချက်က Strawhat Pirate တွေကို Level up လုပ်ပေးဖို့ကိုအဓိကလုပ်ခဲ့တာပါ။ကြားထဲမှာ Arc အနည်းငယ်လောက်ကိုထိုးထည့်ချင်တာလဲပါပေမယ့် အဓိက‌ကတော့ Level up ပါဘဲ။New World လိုနေရာမှာ Pre Time Skip ကပုံစံအတိုင်းဆိုရင်တော့ ဝင်ဝင်ချင်းနဲ့တင် လျှောသွားပါလိမ့်မယ်။ဒါကြောင့် Level up ကိုလုပ်ဖို့အတွက် Oda(One Piece's Creator)က Kuma ကိုအသုံးပြုပြီးတစ်ယောက်ချင်းစီကိုမတူညီတဲ့ နေရာတစ်နေရာစီပို့လိုက်ပါတယ်။ပို့တဲ့နေရာမှာ Random ပို့တာမဟုတ်ဘဲ သူတို့နဲ့ လိုက်တဲ့နေရာ သူတို့အတွက်အထောက်အကူဖြစ်စေမဲ့ နေရာတွေကိုပို့ခဲ့တာပါ။


Monkey D. Luffy


-Captain ဖြစ်တဲ့ Luffy ကတော့ Amazon Lily ကိုရောက်ရှိလာပါတယ်။နောက်ကျတော့ Hancock ကို Rizz ပြီး Impel Down မှာ Ace ကိုကယ်ဖို့သွားဖောက်တာတွေရယ် Marine Ford war ကိုရောက်ပြီးမှ Ace သေတာကိုမျက်စိရှေ့တွေ့လိုက်ရပြီး သတိမေ့သွားတယ်။အဲ့တာကို Jimbei က Akainu ရဲ့ တိုက်ခိုက်မှု တွေကြားထဲက Luffy ကိုကယ်ထုတ်လာပြီး Law ရဲ့လက်ထဲကိုအပ်ပြီးတော့မှ Amazon Lily ကိုပြန်ရောက်လာခဲ့တယ်။ကိုယ်ကတော့ ရှင်သန်နေခဲ့ပေမယ့် စိတ်ကတော့ မရှင်သန်ချင်လောက်အောင်ကိုဖြစ်ပျက်နေခဲ့တာပါ။ဒါကြောင့် Jimbei က သူ့ကိုလမ်းမှန်ပေါ်ပြန်ပို့ပေးခဲ့ပါတယ်။ဒါကြောင့် Luffy ကသူ့မှာ သူ့ရဲ့အဖွဲ့သားတွေရှိပြီး သူတို့ကိုကာကွယ်ဖို့ ပိုသန်မာလာချင်တာကြောင့် Marine Headquarter ကိုပြန်သွားပြီး သတင်းတွေကနေတဆင့် Luffy ရဲ့လက်မှာ 3d ကိုအမှားခြစ်ထားပြီး 2y ဆိုပြီးထပ်ဆင့်ရေးထားတာကို မြင်ရပါတယ်။Strawhats တွေကလဲအဲ့တာက ဘာကိုဆိုလိုတာလဲဆိုတာနားလည်ပြီး ဆိုလိုချင်တာကတော့ သူတို့ ၃ ရက်နေ့ရင်ပြန်တွေမဲ့ အစီအစဉ်ကိုဖျက်ပြီး ၂ နှစ်နေမှ ပြန်တွေ့မယ်လို့ဆိုလိုတာပါ။အဲ့တာတွေပြီးတော့ Rayleigh က Luffy ကို Amazon Lily ရဲ့ နားက 48 ရာသီ ရှိတဲ့ Ruskaina ဆိုတဲ့ ကြီးမားပြီးသန်မာတဲ့ Beast ကြီးတွေရှိတဲ့ကျွန်းကိုခေါ်သွားပြီး Haki ကိုရော သူ့ Devil Fruit ကိုကောင်းကောင်းအသုံးချနိုင်အောင်ရော သင်ကြားပေးခဲ့ပါတယ်။


Roronoa Zoro


-Zoro ကတော့ Mihawk နေတဲ့ Kuraigana Island ကိုရောက်ရှိသွားပြီးမှ Perona ကကယ်ခဲ့ပြီး Luffy သတင်းစကားကိုမြင်ခဲ့အပြီးမှာ အဲ့မှာဆက်နေပြီး Mihawk စီကနေ Haki နဲ့ဓားရေးတွေသင်ကြားခဲ့ပါတယ်။


Nami


-Nami ကတော့ Weatheria ဆိုတဲ့နေရာကိုရောက်သွားခဲ့ပြီးမှ Luffy ရဲ့သတင်းစကားကြောင့်ဆက်နေခဲ့ပြီး Weatheria ရဲ့ နည်းပညာနဲ့ ရာသီဉတုဆိုင်ရာ ဗဟုသုတတွေကို သင်ယူခဲ့ပြီးသူ့ရဲ့လက်နက်ဖြစ်တဲ့ Clima-Tact ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။


Ussop


-Ussop ကတော့ ဧရာမအသားစားပင်ကျွန်းကြီးဖြစ်တဲ့ Boin Archipelago ကိုရောက်သွားပြီးမှ luffy ရဲ့သတင်းစကားကြောင့်အဲ့မှာဆက်နေပြီး Heracles နဲ့အတူလေ့ကျင့်ခဲ့သလို Pop Green တွေကိုလဲ သူ့လောက်စလုံးအဖြစ်အသုံးပြုနိုင်ခဲ့ပါတယ်။


Vinsmoke Sanji


-Sanji ကတော့ Okama ဆိုတဲ့ လူတွေနေတဲ့ Kamabakka Kingdom ဆိုတဲ့ Ivankov ကျွန်းကိုရောက်သွားပြီးမှ Luffy ရဲ့သတင်းစကားကိုကြားခဲ့ရပြီးမှ Haki နဲ့ Physical ကိုလေ့ကျင့်ခဲ့ပြီး Physical ကပိုသိသိသာသာ တိုးတတ်လာပါတယ်။သူက Okama တွေစီကထွက်ပြေးရင် Sky Walk ဆိုတဲ့ technique တစ်ခုကိုတောင် တတ်မြောက်သွားပါသေးတယ်။


Tony Tony Chopper


-Chopper ကတော့ Torino Kingdom ဆိုတဲ့ရှေးကျတဲ့ လူတွေနေထိုင်တဲ့နေရာကိုရောက်သွားပြီးမှ Luffy ရဲ့သတင်းစကားကြောင့်ဆက်နေခဲ့ပြီး ဆေးပညာကိုသင်ယူခဲ့သလို သူ့ရဲ့ Devil Fruit Form တွေကိုလဲ အဲ့ကငှက်ကြီးတွေနဲ့တိုက်ခိုက်ရင်း Rumble Ball မလိုဘဲပြောင်းနိုင်တဲ့အပြင် Form အသစ်တွေပါ လုပ်လာနိုင်ခဲ့ပါတယ်။Monster Point ကိုတော့ထိန်းချုပ်နိုင်ခဲ့ပေမယ့်လဲ အသွင်ပြောင်းဖို့ Rumble ball တော့လိုသေးပါတယ်။


Nico Robin


-Robin ကတော့ Tequila Wolf ဆိုတဲ့တံတားပေါ်က မြို့လေးကိုရောက်သွားပြီး အဲ့ကနေတဆင့် Revolutionary Army ကို Join ခဲ့ပါတယ်။အဲ့မှာ သူ့ Devil Fruit ကိုပိုအသုံးပြုနိုင်အောင်ရယ် Fish Man Karate နဲ့ Dragon Claw တို့လို Martial Arts တွေကိုလဲသင်ယူလာခဲ့ပါတယ်။


Cutty Falm(Franky)


-Franky ကတော့ Vegapunk ရဲ့မွေးရပ်မြေဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာမှာ ရှေ့ပြေးနေတဲ့ ကျွန်းဖြစ်တဲ့ Karakuri ကျွန်းကိုရောက်ရှိသွားပြီးမှ Vegapunk ရဲ့ ဓာတ်ခွဲခန်းဟောင်းမှာ သူ့ရဲ့မပြီးမြှောက်တဲ့ Projects တွေကိုကြည့်ပြီး သူ့ကိုယ်သူနဲ့ Soldier Dock System ကို Upgrade မြှင့်ခဲ့ပါတယ်။


Brook


-Brook ကတော့ Namakura Island ကိုရောက်သွားပြီးမှ Satan ကိုကိုးကွယ်တဲ့လူစုတွေက ဝိုင်းကိုးကွယ်ကျပါတယ်။ကိုးကွယ်ကျတာကလဲ သူတို့ကိုစောင်မပေးဖို့ပါ။ဒါပေမယ့် Longarm tribe ထဲကတစ်ယောက်က သူ့ကိုပြန်ပေးဆွဲခဲ့ပြီး Soul King ဆိုတဲ့နာမည်နဲ့ ကျော်ကြားတဲ့ Rockstar တစ်ယောက်ဖြစ်လာခဲ့ပါတယ်။Brook ကသီချင်းဘဲဆိုနေပေမယ့်လဲ သူ့ Devil Fruit ကို အရင်ကထက် ပိုအသုံးပြုလာတတ်ပါတယ်။


Jimbei


(Jimbei ကအဲ့တုန်းက အဖွဲ့ထဲပါဝင်ခဲ့ခြင်းမရှိသေးတဲ့အပြင် Kuma ရဲ့လက်ချက်လဲမမိခဲ့ပါဘူး)


‌ဒီနေ့တော့ ဒီလောက်ပါဘဲ နောက်နေ့မှအခြားအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါ့မယ်။


#Jojo

#OnePieceNexus

#Megapari

Report Page