Time Management

Time Management


📌 လူ့ဘဝမှာ အချိန်ဆိုတာ မွေးဖွားလာစဥ်ကတည်းက အသားအရောင် အခြေအနေမခွဲခြားဘဲနဲ့ admin တို့‌​​ရော အခု စာဖတ်နေတဲ့သူတို့ရော အားလုံး တန်းတူညီတူပိုင်ဆိုင်ခွင့်ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။

‼️ တကယ့်လက်တွေ့လောကမှာ နာရီထဲကို ဓါတ်ခဲထည့်၊ "အချိန်" ဆိုတဲ့နာမ်တစ်ခုပေးပြီး တချက်ချက် ရွေ့လျားနေတဲ့အရာဝတ္ထုတစ်ခုက ပျက်စီးသွားခဲ့ရင်တောင် အသစ်ပြန်ဝယ်လို့ရပေမဲ့ ကုန်ဆုံးသွားတဲ့ စက္ကန့်သံတစ်ချက်က ဝယ်ယူလို့မရနိုင်သလို နောက်ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး​နော်‼️

➡️ ဒါကြောင့် အခုလို ရှင်သန်နေတဲ့ကာလတစ်လျှောက်မှာ တစ်ခါပဲ ပိုင်ဆိုင်ခွင့်ရတဲ့ အဖိုးတန်အချိန်တွေကို ဘယ်လို အသုံးချ စီမံကိုင်တွယ်မလဲဆိုတဲ့ "TIME MANAGEMENT SKILL" ကို ငယ်ရွယ်စဉ်တည်းက ကောင်းကောင်း ရင်းနှီးကျွမ်းဝင်ထားတတ်ဖို့ လိုအပ်ပါတယ်။


✔️Time Management ဆိုတာက လူငယ်တွေတိုင်းအတွက်အမြဲတမ်း မရှိမဖြစ်လိုအပ်နေတဲ့ စွမ်းရည်တစ်မျိုးဖြစ်ပေမဲ့ လူငယ်တွေအများဆုံး struggle လုပ်ရတဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ အရင်လိုနယ်ပယ်တစ်ခုထဲပဲ ထူးချွန်တတ်မြောက်လို့ အဆင်မပြေတော့တဲ့ ခေတ်ကြီးမှာ academic အပြင် တစ်ဖက်မှာလည်း personal growth, social life, extracurricular activities စသဖြင့် ပြုလုပ်လာရတဲ့အတွက် အချိန်ကို ဟန်ချက်ညီညီနဲ့ မျှမျှတတ အသုံးပြုတတ်ဖို့ လိုအပ်တဲ့အတွက်ကြောင့် ဒီနေ့ နည်းလမ်းလေးအချို့ကို မျှဝေပေးချင်ပါတယ်။😍


✅ Set Goals: တစ်လဖြစ်စေ တစ်ရက်ဖြစ်စေ Short-term (or) Long-term goals လေးတွေထားပေးပါ။ အဲလိုလုပ်ခြင်းဖြင့် တစ်နေ့တာမှာ ကိုယ်ဘာလုပ်ရမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းသိစေပြီးတော့ လုပ်ရမဲ့အလုပ်တွေလည်း မြန်မြန်ပြီးပါတယ်။

⏩Break tasks into smaller steps: ဥပမာအားဖြင့် လှေကားထစ် အထစ် ၅၀၀ ကို တက်ရမယ်ဆိုရင် တစ်နေ့ထဲမှာပဲ ဘယ်လိုမှ အဲဒီ အထစ် ၅၀၀ ကို တက်နိုင်မှာမဟုတ်သလို မရရအောင် တက်မယ်ဆိုရင်တောင် လမ်းတစ်ဝက်မှာ မူးလဲပြီး အောက်ပြန်လိမ့်ကျသွားရင် ကြိုးစားမှုက ဘာမှ မထူးပါဘူး။ အဲဒီ ဥပမာအတိုင်းပဲ ကိုယ်လုပ်ရတဲ့ tasks တွေက အရမ်းများပြားနေရင် စိတ်မညစ်လိုက်ပါနဲ့‌‌​နော်။ တစ်နေ့ထဲမှာပဲ မအိပ်မနေ ထမင်းမစား ရေမသောက်ပဲလုပ်မယ်လို့မတွေးပါနဲ့။ တစ်ရက်ချင်းစီ ဖြည်းဖြည်းမှန်မှန် ဖြိုချသွားပါ။ တစ်နေ့ကို လှေကားထစ် ၁၀ ထစ်ပဲတက်ရင် ၁၀ ထစ်ပဲတက်၊ နောက် ရက် ၅၀ ဆိုရင် အထစ် ၅၀၀ ဆိုတာ ပင်ပန်းနွယ်နယ်မှုမရှိဘဲ ရောက်သွားမှာပါ။ အလုပ်မြန်မြန်ပြီးရမှာက အဓိကဆိုပေမဲ့ မိမိစိတ်၊ ကျန်းမာရေးဆိုတာကလည်း အရေးကြီးတဲ့အရာတွေပဲ မဟုတ်လား။

⏩ Avoid Multitasking: တစ်ချိန်ထဲမှာ အလုပ် ၅ ခုကို ပြိုင်လုပ်နိုင်ရင် အလုပ်တွေအများကြီးပြီးမှာလို့ စိတ်ကူးကောင်းစိတ်ကူးနိုင်ပေမဲ့ တကယ်တမ်း Multitasking လုပ်တာက အလုပ်ကို ရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက်မပြီးနိုင်တဲ့အပြင် အချိန် ပိုပြီးကြာသွားစေနိုင်တာကို သတိမထားမိကြပါဘူး။ ဥပမာ - ကိုယ့်မှာ ဒီနေ့ မပြီးသေးတဲ့ essays တွေ၊ စာစီစာကုံးတွေ၊ သင်္ချာအိမ်စာတွေကလည်းအများကြီးရှိတယ်။ ကိုယ်စောင့်နေတဲ့ ကိုရီးယားကားကလည်း ဒီနေ့ထွက်ပြီ။ ကဲ...ဘယ်လိုလုပ်ကြမလဲ။ အိမ်စာလုပ်ရင်း ကိုရီးယားကားကြည့်မယ်လို့တော့ မစဥ်းစားမိလောက်ပါဘူးနော်။ အဲလိုဆိုရင်တော့ အဲဒီအိမ်စာမှာ ဖျက်ရာတစ်သိန်းနဲ့ ကိုးရီးယားကားအကြောင်းပဲ ရေးသွားမှာ မြင်ယောင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်ရဲ့သဘောသဘာဝအရ အချိန်တစ်ခုမှာ အလုပ်တစ်ခုကိုပဲ သေချာ attention ပေးပြီး အာရုံစိုက်လိုက်တာက ထင်တာထက် အကျိုးသက်ရောက်မှုပိုရှိစေပြီး ကိုယ့်လုပ်တဲ့အလုပ်ကိုလည်း သေသေချာချာ မှတ်မိနိုင်ပါတယ်။ဒါဆို goalကို သေချာရှာတွေ့သွားပြီ၊ လုပ်ရမယ့်တာဝန်တွေ write downလုပ်ပြီးသွားရင် နောက်ထပ် Tipလေးတွေ ဆက်ကြည့်ကြရအောင်။😉


📌အခု စာဖတ်နေတဲ့ စာဖတ်သူတွေရဲ့ တစ်နေ့တာကို အစီစဉ်မကျဘဲ ဘာမှ မဖြစ်မြောက်ဘဲ ဘာလိုလိုနဲ့ ပြီးသွားတဲ့နေ့တွေ ကြုံဖူးကြတယ်မလား🤔 အခုရေးနေတဲ့ admin ကတော့လေ ခဏခဏကြုံဖူးတယ်🤘 ကိုယ်လုပ်ရမယ့်အရာတွေ မပြီးမြောက်သွားတဲ့နေ့တွေဆိုတာ အိုး....များကြီးမှ များကြီးပါပဲ။ ဒါဆိုရင် ဒီပြဿနာကို ဘယ်လိုကျော်လွှားကြမလဲ?🤔

✅အခုပြောပြမယ့် ဒုတိယမြောက် Tipလေးကတော့ ကိုယ်တစ်နေ့တာ Daily-planတွေကို scheduleဆွဲခြင်းပဲဖြစ်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေပေါ်အခြေခံပြီး နေ့စဉ်အလုပ်အစီအစဉ် ရေးဆွဲဖို့ပဲဖြစ်ပါတယ် ။ကိုယ့်အနေနဲ့ studying, homework, hobbies, relaxation စတာတွေကို သတ်မှတ်နိုင်ဖို့ allocate လုပ်နိုင်ဖို့ဆိုရင် daily-plan ဆွဲဖို့ မဖြစ်မနေ အရေးကြီးပါတယ်။ဒါဆို ကိုယ်တစ်နေ့တာ လုပ်ဆောင်ချက်တွေက organize ဖြစ်ပြီး ခုနကပြောခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုတာ မလွဲမသွေပါပဲ။

⏩လူတော်တော်များများက မနက်အိပ်ရာထတာနဲ့ ကိုယ်တစ်နေ့တာဘာလုပ်ရမယ်‌ဆိုတာ ခေါင်းထဲမှာပဲ တွေးပြီး ချရေးဖို့မေ့နေကြပါတယ်။လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့် routine မစတင်ခင်မှာ စိတ်တည်ငြိမ်ဖို့ ၅ မိနစ် လောက် meditation လုပ်မယ့်အစား ဖုန်းကိုကောက်ကိုင်ပြီး notification စစ်မိကြတယ်။ notiစစ်ရုံပဲဆိုရင်တော့ ဘာမှ မဖြစ်နိုင်ပေမယ့် notiစစ်ရင်း social media သုံးမိရင်တော့ ကိုယ်နောက်ဆက်လုပ်ရမယ့် planတွေက အစီစဉ်မကျဘဲ delay ဖြစ်သွားတတ်ပါတယ်။ ဒီလိုအကျင့်လေးရှိနေရင် မြန်မြန် ပြင်ဆင်ဖို့ တိုက်တွန်းချင်ပါတယ်။

❗ဖြစ်တတ်တဲ့ ပြဿနာလေးတွေ ပြောပြပြီးပြီဆိုတော့ ကိုယ်မနက်အိပ်ရာထတာနဲ့ ၁၀မိနစ်လောက်အချိန်ပေးပြီး daily-planဆွဲဖို့ မမေ့နဲ့တော့နော်🙇‍♀

⏩Schedule ဆွဲတဲ့နေရာမှာလည်း organize ဖြစ်ပြီး အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ပြီးမြောက်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ example အနေနဲ့ "Eisenhower Matrix" ဆိုတဲ့ technique လေးနဲ့ illustrate လုပ်ချင်ပါတယ်။ US ရဲ့ 34 ယောက်မြောက် သမ္မတ president ဖြစ်လာတဲ့ Dwight Eisenhowerဟာ သူရဲ့ဘဝမှာ decision တွေချမှတ်နိုင်ဖို့ ခက်ခက်ခဲခဲ ဖြစ်ခဲ့ပါတယ်တဲ့။ ဒါမယ့် အဲ့ချိန်မှာ သူက ခုပြောပြပေးမယ့် technique လေးကိုသုံးခဲ့ပါတယ်။ သူ့ဖော်ထုတ်ခဲ့တဲ့ technique လေးဖြစ်တဲ့အတွက်ကြောင့် "Eisenhower Metrix" လို့ခေါ်ခဲ့တာဖြစ်ပါတယ်။ (တချို့က Urgent-important matrix ဟုလည်းခေါ်ကြပါသေးတယ်)


⏊Urgent and important- Do it now and drop everything else

(ကိုယ့်အတွက် အရေးလည်းကြီးတယ်၊ အလျင်လည်း လိုတယ်ဆိုတဲ့ အရာတွေကို ချက်ချင်းလုပ်ပါတဲ့၊ ဥပမာ emergency problemတွေ၊ examတွေ၊ deadline နီးနေပြီဖြစ်တဲ့ projectတွေ စတာတွေပဲဖြစ်ပါတယ်)🚨


⏊Important but not urgent- decide

(ကိုယ့်အတွက် အရေးတော့ကြီးတယ် ဒါမယ့် အလျင်မလိုဘူး၊ ဒါဆိုရင်တော့ ကိုယ့်အနေနဲ့ သေသေချာချာတွေးပြီး ဆုံးဖြတ်ဖို့လိုပါတယ်တဲ့၊ ဥပမာ- relationships တွေ၊ reading ၊ seminarတွေ တက်ရောက်ပြီး နားထောင်တာတွေ၊ deadline အဝေးကြီးလိုသေးတဲ့ assignment‌‌​တွေဆိုရင်တော့ ကိုယ့်အနေနဲ့ ချက်ချင်းလုပ်သင့်လား မလုပ်သင့်ဘူးလားဆိုတာ လေ‌းလေးနက်နက်တွေးပြီး ဆုံးဖြတ်ဖို့လိုပါတယ်)


⏊Not urgent but important- delegate if possible

(ကိုယ့်အတွက် အရေးတော့ကြီးတယ် ဒါမယ့် ချက်ချင်းလုပ်စရာတော့မလိုဘူး ဆိုတဲ့အရာတွေဆို နောက်မှလုပ်တာပဲဖြစ်ဖြစ်၊ ဖြစ်နိုင်မယ်ဆိုရင်တခြားသူကို တာဝန်ခွဲပေးတာတွေ လုပ်ရပါမယ်၊ ဥပမာ- emailတွေကို replyပြန်ဖို့၊ အရေးကြီးတဲ့ project တစ်ခုလုပ်တဲ့အခါ ကိုယ်ကပဲ အကုန်လိုက်ပြီး အသေးစိတ်‌ဂရုစိုက်ပေးတာတို့ မလုပ်ဘဲ တခြား memberတွေကို တာဝန်ခွဲပေးတာတို့ စတာတွေပဲဖြစ်ပါတယ်)


⏊Not urgent and not important- delete

(ကိုယ့်အတွက် အရေးလည်းမကြီးသလို urgentလုပ်စရာလည်းမလိုဘူးဆိုရင် delete လုပ်ပစ်နိုင်ရပါမယ်၊ ဥပမာ- drama ရုပ်ရှင်ကြည့်တာ၊ gameဆော့တာ၊ social media ထိုင်သုံးတာ၊ သူငယ်ချင်းတွေနဲ့ ခဏခဏ hangoutတာ စဝာာတွေပဲဖြစ်ပါတယ်) ✂️

‼️ကဲ....‌ဒါဆိုရင်တော့ ကိုယ့်ရဲ့ daily-plan ဆွဲတဲ့အခါ ဘယ်အရာတွေကို ထိပ်ဆုံးမှာထားပြီး ဦးစားပေးရမလဲ၊ ဘယ်လိုအရာတွေကို တတ်နိုင်သမျှ ignore ရမလဲဆိုတာ သိသွားကြမယ်လို့ မျှော်လင့်ပါတယ်။ အပေါ်မှာ ပြောပြပေးသွားတဲ့ အချက်တွေက ဘယ်အရာကို လုပ်သင့်၊ မလုပ်သင့်ဆိုတာထက် ကိစ္စတွေအများကြီး ကိုယ့်ဆီရောက်လာပြီး ကိုယ် ကိုယ်တိုင်ဆုံးဖြတ်ရတဲ့အခါ မှန်ကန်တဲ့ decisionတွေ ချနိုင်ဖို့ပဲဖြစ်ပါတယ် ( game ဆော့တာ ၊ ရုပ်ရှင်ကြည့်တာတို့ကို လုံးဝမလုပ်ဖို့ ပြောတာမဟုတ်ဘဲ limit လုပ်နိုင်ဖို့ပဲဖြစ်ပါတယ်)

✅နောက်တစ်ခု အရေးကြီးတာ ရှိပါသေးတယ်။ အဲ့တာကတော့ "Regular breaks are important for preventing burnouts and help you be more productive" တဲ့။ ကိုယ်ရဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေကို တောက်လျှောက် မရပ်မနားလုပ်တာထက် တစ်ခုနဲ့တစ်ခုကြား ကိုယ်က ၈မိနစ်‌‌​လောက်နားတာ၊ နားတဲ့ချိန်မှာ ပတ်ဝန်းကျင်က စိမ်းစိမ်းစိုစိုအရာလေးတွေကြည့်တာ၊ ငှက်ကလေးတွေကြည့်တာ၊ မျက်လုံးလေးမှိတ်ပြီး စိတ်တည်ငြိမ်အောင်လုပ်တာ၊ သီချင်းနားထောင်တာ၊ podcast နားထောင်တာ စတဲ့ ကိုယ့်ကို relax ဖြစ်စေမယ့် အရာတွေကို လုပ်ဆောင်ရပါတယ်၊ အာ့လိုမဟုတ်ဘဲ မရပ်မနားဆက်တိုက် ဆောင်ရွက်မယ်ဆိုရင်တော့ better outcomeကိုရနိုင်မှာ မဟုတ်သလို ကိုယ်ဆက်လုပ်နေမယ့်အရာတွေအပေါ် ငြီးငွေ့ပြီး drawn ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင် "Taking breaks" ဖို့လည်း မမေ့နဲ့ဦးနော်။ 😉🥰


✅Schedule ဆွဲတဲ့အကြောင်းပြောပြီးသွားပြီဆိုတော့ နောက်အရေးကြီးတာတစ်ခုက distractions တွေကို လျှော့ပစ်ဖို့ပါပဲ။ သူများတွေတော့ မပြောတတ်ဘူး၊ Admin ကတော့ စာလုပ်နေတဲ့အချိန် noti များတက်လာလို့ကတော့ စိတ်ကလွင့်တော့တာပါပဲ😁။ အဲ့လိုမျိုးစိတ်မပြန့်အောင် Noti တွေကို အလုပ်လုပ်တဲ့အချိန်တွေမှာ ဖြစ်နိုင်ရင် offထားတာအကောင်းဆုံးပါပဲ။ဒီထက် ပိုထိရောက်ချင်ရင်တော့ ဖုန်းကို စက်ပိတ်ပြီး သော့ခတ်လို့ရတဲ့‌​နေရာ တစ်ခုခုထဲ ထည့်သိမ်းထားတာပဲပြီး‌ေတာ့ သော့ကို အမြင့်တစ်နေရာမှာထားတာတို့၊ မိဘကို ပေးထားတာတို့ စ‌တာတွေလုပ်သင့်ပါတယ်။နောက်တစ်ချက်က ကိုယ့်စားပွဲကို organize ဖြစ်အောင်ထားသင့်ပါတယ်။ကိုယ့်ပတ်ဝန်းကျင်ကို ရှုပ်ပွနေအောင် မထားဘဲ ကိုယ်လုပ်ရမယ့်အရာတွေနဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေပဲထားသင့်ပါတယ်။Social media သုံးတာ၊ TV ကြည့်တာ တွေကို time limit လေးနဲ့သွားပါလို့ ထပ်ဆောင်းပြောချင်ပါတယ်။ Time management လုပ်တဲ့အခါမှာ သုံးလို့ရတဲ့ productivity apps တွေကို အောက်မှာ ဆက်ပြောပေးသွားပါမယ်။

✅နောက် လူအများစုမှာ ရှိတတ်တဲ့အကျင့်တစ်ခုကတော့ အားနာတတ်တာပါ။ အားနာတာက ရှိသင့်ရှိထိုက်တယ်လို့ ပြောလို့ရပေမယ့်လည်း တစ်ခါတလေ အားနာလို့ မငြင်းလိုက်တာကတော့ အဆင်မပြေပါဘူး။ သူများတောင်းဆိုတာက ကိုယ်လုပ်နိုင်တာထက် ကျော်နေရင် ငြင်းလိုက်တာဟာ အကောင်းဆုံးပါ။ ကိုယ်မနိုင်တာကို လက်ခံလိုက်ရင် ကိုယ်ပဲpressureတွေပိပြီး ကိုယ့်ရဲ့ planတွေကိုလည်း အနည်းနဲ့ အများထိခိုက်နိုင်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက အကူအညီလာတောင်းတိုင်း ငြင်းရမယ်လို့ မဆိုလိုပါဘူး။ ချင့်ချိန်ဆုံးဖြတ်ဖို့ပါပဲ။ ကိုယ်က မလုပ်နိုင်ရင် တခြားလုပ်လို့ရနိုင်တဲ့ way တွေကို advice ပေးသင့်ပါတယ်။

✅နောက်ပြီးတော့ Realistic ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ မနိုင်ဝန်တွေ မလုပ်ပါနဲ့လို့ သတိပေးချင်ပါတယ်။ အပေါ်မှာပြောခဲ့သလို Urgent-important matrix သုံးပြီး ကိစ္စတစ်ခုက urgent လား၊ important လား သေချာခွဲခြားဆုံးဖြတ်ပြီးမှ လုပ်ပါ။ ၅ရက်လောက်လုပ်မှ ပြီးမယ့်project ကို ၁ရက်အတွင်း ပြီးအောင်လုပ်တာမျိုးကလည်း ကိုယ့်ကိုယ်ကိုယ် stress ပေးတာသက်သက်ပဲဖြစ်လို့ ဒါတွေကိုတော့ ရှောင်ကြဉ်ရပါမယ်။

✅Teenagers တွေမှာဖြစ်တတ်တဲ့ ပြဿနာတစ်ခုက priority မပေးတတ်တာပါပဲ။ ကိုယ်က စာလုပ်နေပြီဆိုရင်တောင် သူငယ်ချင်းက message ပို့လို့ သွားကြည့်ပြီးစာပြန်တာတို့၊ movie ကောင်းနေလို့ သွားကြည့်တာတို့ စတာတွေကို မလုပ်သင့်ပါဘူး။ movie ဆိုတာ နောက်မှ ပြန်ရှာပြီးကြည့်လည်းရသလို သူငယ်ချင်းကောင်းဆိုရင် ကိုယ်မအားလို့ နောက်ကျမှ စာပြန်ရင်တောင် နားလည်ပေးမှာပါ။ဒါ့‌‌ေကြာင့် အရင်ဆုံး ကိုယ်လုပ်ရမယ့်ဟာတွေကို list တစ်ခုထဲချရေးလိုက်ပြီး urgent-important ခွဲလိုက်ပါ။ဒီအ‌ေကြာင်းကိုလည်း အပေါ်မှာ အသေးစိတ်ရှင်းပြပေးထားပါတယ်။စာမေးပွဲတွေ၊ assignment တွေဆို အရင်ဆုံးပြီးအောင် လုပ်သင့်ပါတယ်။ အားလုံးပြီးပြီဆိုမှ game ဆော့တာ၊ TV ကြည့်တာတွေကို လုပ်လို့ရပါတယ်။ Last-minute changes တွေလည်း မရှိအောင်ကြိုးစားပါ။ ကိုယ့် decision ကို ပြတ်ပြတ်သားသားချပါ။ ဘဝဆိုတာ မမျှော်လင့်ထားတာတွေနဲ့ ပြည့်နေတာဖြစ်လို့ flexible ဖြစ်ဖို့လိုပါတယ်။ အာ့လို မမျှော်လင့်တဲ့ အရာတွေ ကြုံလာတဲ့အခါ ကိုယ့် planတွေ မပျက်သွားဖို့ဆို extra emergency time ကိုပါ ကိုယ့် Daily-plan ထဲထည့်ထားသင့်ပါတယ်။


✅နောက်တစ်ချက်အနေနဲ့ Time management လုပ်တဲ့နေရာမှာအရေးကြီးတဲ့ အရာတစ်ခုကတော့စိတ်ရှည်ဖို့လိုအပ်ပါတယ်။ Time management ဆိုတဲ့အရာက ဘယ်လိုအရာနဲ့တူလဲဆိုရင် ဘာသာစကားတစ်ခုကို သင်ကြားတာနဲ့ဆင်တူပါတယ်။ ဘာသာစကားတစ်ခုကိုသင်ကြားရမှာတစ်ရက်ကိုအချိန်အများကြီးပေးပြီးတစ်ပတ်​လောက်ပစ်ထားတဲ့လူတစ်ဦးနဲ့ တစ်ရက်ကို ၁နာရီအချိန်​ပေးပြီး​ နေ့စဥ်ပုံမှန် လုပ်သွားတဲ့လူတစ်ဦးနဲ့ကွာခြားမှု​တွေအများကြီးရှိပါတယ်။ ထိုနည်းတူပဲ Time management ကိုလုပ်​ဆောင်တဲ့​နေရာမှာ task​ တွေအများကြီးကိုစုပြုံပြီးမလုပ်ဘဲ ​သေချာ manage လုပ်ပြီး ဖြည်းဖြည်းမှန်မှန်လုပ်သွားမယ်ဆိုရင် သိသာတဲ့ရလဒ်တစ်ခုကို​သေချာ​ပေါက်ရရှိလာနိုင်ပါတယ်။ ဒါ​ပေမဲ့ Time management ဆိုတဲ့အရာကအခုလုပ်ပြီး ချက်ချင်း benefit​ တွေရနိုင်တဲ့အရာမျိုး မဟုတ်တဲ့အတွက်​ကြောင့် ​နေ့စဥ်ပုံမှန်လုပ်​ဆောင်နိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုအချိန်မှာစိတ်မရှည်ပဲ ကိုယ်လုပ်သမျှ ဘာမှအရာမထင်ဘူးလို့​တွေးပြီး daily routine​ တွေဖျက်တာ၊ plan​ တွေကိုဖျက်ပစ်တာကလဲ လုံးဝမလုပ်သင့်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဒါ​ကြောင့် time management လုပ်​နေတဲ့တစ်​လျှောက်လုံးမှာ စိတ်ရှည်သည်းခံနိုင်ဖို့ကလည်းလွန်စွာမှအ​ရေးကြီးပါတယ်နော်။

​✅နောက်ဆုံးအချက်အ​နေနဲ့က​တော့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြု​ပေးဖို့ပါပဲ။ Time management လုပ်လိုက်လို့ကိုယ့်ရဲ့မ​ကောင်းတဲ့အကျင့်​တွေ​ဖျောက်နိုင်လာမယ်၊ အရာရာကို​သေချာစီမန်ခံ့ခွဲနိုင်လာမယ်၊ အရင်ကထက်ပိုပြီးတိုးတက်လာနိုင်ပြီဆိုရင်​တော့ အရင်ဆုံးကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြု​ပေးလိုက်ပါ။ ကိုယ်အကြိုက်ဆုံးအစားအစာ​တွေကိုစားတာ၊ သူငယ်ချင်း​တွေ၊ မိသားစု​တွေ နဲ့အတူတူ activities​ တွေအတူတူလုပ်တာမျိုး​တွေနဲ့ဂုဏ်ပြုမယ်ဆိုရင်စိတ်​ရောကိုယ်ပါ​ပျော်ရွှင်ရမှာအမှန်ပါပဲ။ ဒီလိုအဆင့်ထိ​ရောက်လာနိုင်လို့ ကိုယ့်ကိုယ်ကိုယ်ချီးကျူးရင်း နောက်ပိုင်းမှာလဲဆက်လက်ထိန်းသိမ်းပြီး စနစ်တကျပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။


ဒါဆိုရင်​တော့ Admin က Time managementလုပ်ဖို့ ကူညီပေးနိုင်တဲ့app​လေး​တွေကို​အောက်မှာဆက်ပြီး​ဖော်ပြ​ပေးထားပါတယ်။🤗

To-do List ✅️

✔️ဒီapplication​လေးက​တော့​ ကျောင်းသား​ကျောင်းသူ​တွေအတွက်​ရော လူတိုင်းအတွက်ပါအသုံးဝင်နိုင်မဲ့app​လေးဆိုလဲမမှားပါဘူး။ ဒီappမှာဆိုရင်ကိုယ်လုပ်စရာရှိတဲ့အရာ​လေးကိုအချိန်၊ရက် အတိအကျနဲ့မှတ်ထားနိုင်ပြီး​ပါတယ်။ Appကလဲအချိန်နီး​နေရင်remind​ပေးတာမို့မ​မေ့ရ​တော့ဘူး​ပေါ့။ ဒီလိုlist​တွေမှတ်နိုင်တဲ့အပြင်appကပြင်ဆင်​ပေးထားတဲ့ drink water, exercise, go to bed အစရှိတဲ့routine​တွေပါဝင်တဲ့အတွက်​ကြောင့် သုံးရလွယ်ကူပြီးအဆင်​ပြေတဲ့app​လေးတစ်ခုလည်းဖြစ်ပါတယ်။


Microsoft To Do ✅️

✔️ဒီapp​လေးက​တော့ microsoftက​နေထုတ်လုပ်ထားတဲ့to-do list app​လေးပဲဖြစ်ပါတယ်။ ဒီapp​လေးဟာဆိုရင်လဲအခြားapp​တွေလိုပဲကိုယ်လုပ်ချင်တဲ့အရာ​တွေကိုရက်​၊အချိန်အတိအကျနဲ့မှတ်နိုင်ပါတယ်။ User interfaceကလဲရိုးရှင်းတာမလို့ microsoft accရှိရုံနဲ့တင်လွယ်ကူကူအသုံးပြုနိုင်ပါတယ်။


Routinery 🔄

✔️ဒီapp​လေးက​တော့daily routineကိုအဓိကထားတဲ့appပဲဖြစ်ပါတယ်။ ဒီappမှာဆိုရင် မနက်အိပ်ယာနိုးက​နေ ညမိုးချုပ်အိပ်တဲ့အချိန်ထိတစ်​နေကုန်အသုံးပြုနိုင်မဲ့routine​တွေကို ကိုယ်တိုင်ပြင်ဆင်လို့ရသလို appက​နေအဆင်သင့်ပြင်ဆင်ထားပြီးသား​တွေလဲရှိတာမလို့လွယ်လွယ်ကူကူယူသုံးနိုင်ပါတယ်။

ဒါ​ပေမဲ့ဒီapp​လေးက​တော့free versionဆိုရင် routineနှစ်ခုပဲအများဆုံးထားလို့ရတာမလို့ adminတို့လိုfree user​တွေအတွက်အခက်အခဲ​လေး​တော့ရှိပါတယ်။


Study bunny 🐰📖

✔️ဒီapp​လေးက​တော့studyလုပ်တဲ့​နေရာမှာအလွန်အသုံးဝင်တဲ့app​လေးတစ်ခုပဲဖြစ်ပါတယ်။ study focusလုပ်ဖို့timer​လေးလဲပါပြီးအချိန်​စေ့သွားရင်​တော့ကိုယ်စာလုပ်ခဲ့တဲ့ကြာချိန်အတိုင်းcoin​လေး​တွေရမှာဖြစ်ပြီးbunny​​လေးကိုdecorateပြုလုပ်နိုင်ပါတယ်။ ဒီapp​လေးဟာဆိုရင်asetheticနဲ့cozy vibeကိုရနိုင်တဲ့အတွက်aesthetic and cozy vibeမျိုးကိုနှစ်သက်တဲ့သူဆိုရင်​တော့အသုံးပြုဖို့အကြံ​ပေးချင်ပါတယ်။ Studyလုပ်ဖို့အတွက်သုံးတာဖြစ်လို့ ဖုန်းမှာfocus mode onပြီးသုံးမယ်ဆိုရင်စာလုပ်ရာမှာအနည်းနဲ့အများအ​ထောက်အကူပြုနိုင်ပါတယ်။


School Planner 📅🏫

✔️ဒီapp​လေးက​တော့online classတက်တဲ့သူ​လေး​တွေအတွက်ပိုပြီးအ​ထောက်အကူပြုနိုင်ပါတယ်။ အတန်းရဲ့time tableကိုမှတ်ထားနိုင်ပြီး အတန်းမစခင်remindလုပ်​ပေးတဲ့အတွက်အတန်း​နောက်ကျမှာ​တွေစိတ်ပူစရာမလို​တော့ပါဘူး။ Timetableကလဲမှတ်ရတာလွယ်ကူပြီး အခြားအရာ​တွေဖြစ်တဲ့ exam, reminderနဲ့homework​တွေကိုပါ မှတ်ထားနိုင်တာ​ကြောင့်​ကျောင်းသား​​ကျောင်းသူ​တွေအတွက်အထူးသင့်​တော်တဲ့app​လေးပဲဖြစ်ပါတယ်။


Forest 🌱

​✔️နောက်ဆုံးapp​လေးက​တော့ အ​ရှေ့မှာ​ပြောခဲ့တဲ့study bunnyလိုပဲ study focusရာမှာအသုံးပြုနိုင်ပါတယ်။ ကိုယ်studyတဲ့တစ်​​လျှောက်လုံးအသုံးပြုမယ်ဆိုရင်အချိန်ပြည့်တဲ့အခါသစ်ပင်​လေးတစ်ပင်ရရှိမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲအချိန်မပြည့်ခင်ထွက်လိုက်မယ်ဆိုရင်​တော့ညှိုးနွမ်း​နေတဲ့အပင်ကိုရမှာပါ။ ဒါကြောင့်သတ်မှတ်ထားတဲ့အတိုင်းစာသေချာလုပ်ရင်းစိမ်းလန်းတဲ့သစ်ပင်လေးတွေရအောင်ကြိုးစားကြည့်ကြပါနော်။ ဒီappကိုအသုံးပြုပြီး စာလုပ်ရင်းကိုယ်ပိုင်သစ်​တော​လေးတစ်ခုကိုပိုင်ဆိုင်နိုင်မှာတဲ့အပြင် စာကိုလဲအာရုံစိုက်နိုင်တာကြောင့်အသုံးပြုဖို့အကြံပေးချင်ပါတယ်။ အသုံးပြုရတာလဲခက်ခဲတဲ့အထဲမပါတာ​ကြောင့်လူတိုင်းနီးပါးအသုံးပြုနိုင်ပါတယ်။


#study

#tips

#student

#timemanagement



Report Page