Three possibilities for the legendary devil fruits
JoJoလေးဆင့်တိုင် Flashback ကြီးမလာခင်ကတောင် Elbaph Arc ရဲ့ Mysteries တွေပြောပါဆို များလွန်းလို့ လက်တန်းပြောနိုင်မယ်လို့တောင် မထင်မိဘူး။ ဒါပေမဲ့ Arc အစ Loki ကို အသေအချာတွေမိတ်ဆက်လာတဲ့ဝန်းကျင်မှာပဲ သူနဲ့အတူ Elbaph ရဲ့ Legendary Devil Fruit ဆိုတာကြီးကိုပါ Plot ဆင်လာတယ်။ Flashback အစမှာပဲ အဲ့ Devil Fruit ထားတဲ့နေရာကိုတောင် မြင်ခဲ့ရသေးတယ်၊ အဲ့တာနဲ့အတူ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုအပါပေါ့။ အခြားတော့မဟုတ်ပါဘူး၊ Devil Fruit ထားတဲ့အခန်းကိုဝင်တဲ့အခါမှာ အထဲမှာသိမ်းထားတယ် ယူဆလို့ရတဲ့သေတ္တာအနီး မဲမဲနဲ့ ထောင့်မှန်စတုဂံပုံအရာကြီးပါပဲ။
ကျွန်တော်မှတ်မိသလောက်ဆို Elbaph မှာ အဲ့လိုအရာနဲ့ဆင်တူတာဆိုလို့ တစ်ခုပဲရှိနိုင်လောက်မယ်၊ Loki ရဲ့ Ragnir တူကြီးပေါ့။ သေချာမမြင်ခဲ့ရပေမဲ့ Color Tone နဲ့ Design အရ Ragnir ကလွဲ ကိုက်ညီတာမျိုးမတွေ့မိတာ အမှန်ပါပဲ။ လက်ရှိသိရသလောက်လည်း လွန်ခဲ့တဲ့ 14 နှစ် တုန်းက Loki အနေနဲ့လည်း Ragnir မဟုတ်တဲ့လက်နက်ကိုင်တာမို့ ဒီလိုထိန်းသိမ်းခန်းမှာ တွေ့ရတဲ့သဘောအရ သူလည်း Elbaph က လက်ဆင့်ကမ်းတဲ့ Artifact ပုံစံမျိုးလို့တော့ ထင်မိတယ်။ ဒါပေမဲ့ အဲ့လိုဆိုရင် ပြဿနာတစ်ခုကရှိလာပြီ။ Oda ရဲ့ Size Issues တွေပဲလားမသိပေမဲ့ Ragnir ရဲ့ထုထည်က Hajrudin ရဲ့ တစ်ကိုယ်စာဝန်းကျင်လောက်ရှိတာကို Loki လွတ်တဲ့အချိန်မှာ မြင်ခဲ့ရတယ်။ အခု Devil Fruit ထည့်ထားပါတယ် ယူဆရတဲ့ Chest ကြီးကလည်း အဲ့နီးနီးဆိုတော့ Giant တစ်ကောင်ကို အသာလေးခေါက်ထည့်ထားလို့ရတဲ့ အနေအထားဖြစ်နေပြီ။ နဂိုကတည်းက Giant တွေရဲ့ အသီးအနှံဆိုဒ် Devil Fruit တွေရှိသလားတောင် ယုံရခက်နေပါတယ်ဆို တစ်ဆင့်ကျော်ပြီး တကယ့် 15 meters ဝန်းကျင်ရှည်တဲ့ Giants တွေလောက်ရှိတဲ့ Devil Fruit ဆိုတာကြတော့ အဓိပ္ပါယ်မဲ့တဲ့ဘက်ပါ ရောက်သွားမယ်ထင်တယ်။
ဒါကတော့ ကျွန်တော့်အမြင်တင်ပဲမို့ ဘက်မလိုက်တမ်းတွေးရမယ်ဆိုရင်တော့ ဖြစ်နိုင်ချေသုံးခုကို စဉ်းစားမိတယ်။ ပထမဆုံးကတော့ Devil Fruit က သာမန်ဖြစ်ပြီး Oda ရဲ့ Size Issues ကြောင့် အမြင်မသင့်တာဆိုတာရယ်၊ Devil Fruit က သာမန်မဟုတ်ဘဲ အဆပေါင်းများစွာကြီးနေလို့ဆိုတာရယ်၊ တတိယနဲ့ နောက်ဆုံးအချက်ကတော့ Devil Fruit ဆိုတာမရှိဘဲ Ragnir ကသာ တနည်းနည်းနဲ့ Elbaph ရွာသားတွေ ရည်ညွှန်းနေကြတဲ့ Legendary Devil Fruit ဆိုတာကြီးပဲ။ ဒါပေမဲ့ ဒီဖြစ်နိုင်ချေအားလုံးဟာ Chest ဘေးနားက ဘာမှန်းမသိတဲ့အရာကြီးကို Ragnir လို့ယူဆတာကနေပဲ တည်ဆောက်ထားတာမို့ အခြေခိုင်နေတာမဟုတ်ဘဲ တွေးလို့တော့ကောင်းစေမဲ့ Topic ဖြစ်တာနဲ့အညီ တင်ဆက်ပေးရခြင်းပါ။ ဒီထက်ကို ပိုပြီးတွေးလို့ကောင်းတာကလည်း အဲ့ Panel အတွင်းမှာ ဖြစ်သွားသေးပြီး အဲ့တာကတော့ ကျွန်တော်ပြောခဲ့တဲ့ ကြီးလှပါတယ်ဆိုတဲ့ Chest ကြီးပေါ် မိုးနေတဲ့အရိပ်ကို ကြည့်ခြင်းအားဖြင့် Giant ဖြစ်နိုင်ချေရှိတာမို့ Elbaph မှာ Traitor ရှိလာမလားနဲ့ အခြားသောအလှည့်အပြောင်းတွေကို မြင်လာရနိုင်တာပါပဲ။
*Note*
Spoilers မထွက်ခင် အရင်အပတ်လောက်ကတည်းက ရေးထားပေမဲ့ အခုမှတွဲတင်ဖြစ်ပြီး Spoilers ထဲမှာပါ ဒီ Content ကို ထောက်ခံတဲ့အချက်အလက်တွေပါလာတာမို့ နှစ်ခုစလုံး ဖတ်ပြီးသူတွေအဖို့တော့ ရေကန်အသင့်၊ ကြာအသင့် ဖြစ်နေစေမယ်ထင်ပါတယ်။
Hope you'll enjoy it! Adios!