They know everything!

They know everything!

ဒစ်ဂျစ်တယ်နဂ္ဂတစ်များ


သိလှချည်လားဟ..ငါ့ကောင်ရ....

ဒီနေ့ကတော့ ရုံးပိတ်ရက်လည်းဖြစ်တာကတစ်ကြောင်း မိုးလေးအေးတာက တစ်ကြောင်း နဲ့ ကျော်ကြီးမယ်...အေးဆေးကွေးနေတုန်း....(တစ် ဒုန်း..ဒုန်း...ထုတဲ့ အသံကြောင့်) အပြေးအလွှား မထချင်ထချင်နဲ့...ထပြီး တံခါးဖွင့်တော့....သကောင့်သား "လေကြီး" အိမ်ရှေ့ရောက်လေရဲ့...."လေကြီး" ဆိုလို့ တစ်မျိုးမထင်နဲ့ ဒီကောင်က လေကြီးလွန်းလို့...ငယ်နာမည်လိုတောင်ဖြစ်နေတာ… ဒါပေမယ့် ကျော်ကြီးတို့ရှေ့တော့ လေမကြီးရဲ့ဘူးဗျို့....သူက အိမ်ကျယ်...ကိုယ်ပိုင်ကွင်းမှာ ကျယ်မရတော့...သူထပ် (၄) နှစ်ငယ်တဲ့ ကလေးတွေနဲ့ပေါင်းပြီး သူက ဆရာကြီးလိုလို လုပ်ပြီး အာတွေစွတ်ကျယ်နေတာပေါ့...လေသာကြီးတာ..တစ်ခါတလေ ကျွန်တော်နဲ့ဆို လိုက်မမှီတဲ့ Topic များပြောမိရင် ပါးစပ်လေးဟ ပြီး နားထောင်တယ်ပေါ့ဗျာ.....



အခုလည်း အိမ်ရှေ့စပ်ဖြီးဖြီးနဲ့ ရောက်နေပြီး…

လေကြီး။  ။ဟျောင့် ..သားကြီး ငါမင်းအတွက် လက်ဖက်ရည် ဝယ်လာတယ်ကွ သားကြီးရ..တံခါးဖွင့်ကွာ

ကျော်ကြီး။ ။စောစောစီးစီးကွာလို့..ပြောမလို့ရှိတုန်း...နာရီစင်မှာ ၁၂ ချက် ခေါင်းလောင်းတီးတော့..ရှက်ပြုံးပြုံးရင်း...မင်းလက်ဖက်ရည်ကြောင့် နော်..ဒီတစ်ခါလက်ခံလိုက်မယ်..လာဝင်ခဲ့

ကျော်ကြီး။   ။ ကဲ..ဆိုစမ်းပါဦး..မင်းလိုက်မမှီတဲ့ Topic တွေရှိနေပြန်ပြီမလား?

လေကြီး။ ။ အဲ့လိုလည်းမဟုတ်ပါဘူး ငါ့ကောင်ရ..မင်းကိုလွမ်းတာလည်းပါတော့.....

ကျော်ကြီး။ ။ ချီး...သောက်တဲ့ လက်ဖက်ရည်တောင် ခါးကုန်ပြီကွ...လာတဲ့အကြောင်းအရင်းသာပြောကွာ…


လေကြီး။ ။ အဲ့ဒါဆိုရင် ဒဲ့ချပြီ ငါကောင့်​ရေ...ငါနဲ့အခုလက်ရှိတွဲနေတဲ့ ကောင်ဆိုးလေး တစ်သိုက် မင်းသိတယ်ဟုတ်....အခုတစ်လော သူတို့ ဝိုင်းထဲ Topic အစမ်းတွေသယ်လာနေလို့..ငါလည်း ဗဟုသုတ အားလည်းမနည်း..စာဖတ်အားလည်း သိပ်မနည်းတဲ့ ငါ့လိုလူတစ်ယောက်တောင် အဲ့ဒီ Topic ကို သိပ်နားမလည်ဘူးဖြစ်နေလို့...အသက်ကြောင့်လည်းပါမယ်ထင်တာပဲ..မင်းတို့..ငါတို့က ၃၀ ဝန်းကျင်ဆိုတော့ကား.....အဲ့ကိစ္စကွ...မကြေမလည်ဖြစ်နေလို့


ကျော်ကြီး။ ။ ဘာမှ ငါ့ကိုဆွဲမထည့်နဲ့ ဟျောင့်..မင်းလိုက်မမှီဘူးဆိုတဲ့ Topic သာပြော ကိုယ့်လူ...ပိန်းတာလည်းဝန်မခံ..အဖေါ်ကလည်း ညှိနေသေးတာ အံ့သြပါ့…


လေကြီး။ ။ ဒီလိုကွာ အဲ့ဒီကောင်ဆိုးလေးတွေက ဖုန်းသုံးရင်းပြောနေကြတာ...Facebook နဲ့ Google က သဗ္ဗညုတဉာဏ်ရနေလားမသိဘူးတဲ့...သူတို့ စိတ်ထဲကမှန်းလိုက်တာနဲ့ ကြည့်ချင်တာတွေလည်းမြင်ရ...စိတ်ထဲက ရှာဖို့တွေးထားတဲ့ဟာတွေတောင် သိပြီးပြပေးတယ်တဲ့..ပြီးတော့..အလကားသုံးရတာ ဘယ်လောက်မိုက်သလဲတဲ့…


ကျော်ကြီး။ ။ သူတို့က ဘာလို့အဲ့လိုထင်တာတုန်း…

လေကြီး။ ။ ဒီကောင်တွေက G-mail တောင်မသုံးတတ်ပဲကွာ နည်းနည်း ကြီးကြီကျယ်ကျယ်တွေ ပြောနေတာကွ....

ကျော်ကြီး။ ။ အဲ့ဒါဆိုမင်းအမြင်ကရော?

လေကြီး။ ။ မင်းကတော့ လုပ်ပြီ..မသိလို့လာပါတယ်ဆိုမှ…

ကျော်ကြီး။ ။ သေချာပြောပြလို့ရအောင် အဖြစ်အပျက်လေးမစဦး


လေကြီး။ ။ ဒီလိုကွာ..ဒီကောင်တွေနဲ့ ငါက တစ်ခြားနေရာမှာသာ မညီတာကွာ ၁၈+ ကြည့်မယ်ဆို ပုရိသတို့မည်သည် အချင်းချင်းမစကြသည်ပေါ့...အဲ့မှာ...သူတို့သတိထားမိတာတဲ့..သူတို့ကြည့်ချင်တဲ့ အကြိုက်ပုံစံမျိုးကို YouTube ကပြပေးတာတဲ့ ကိုယ့်လူရေ...အများကြီးတောင်ရှာရ ဖွေရတယ်မရှိဘူးဗျ....ငါ့ဖုန်းကတော့ G-mail တောင်သုံးမရလို့...ဒီကောင်တွေ Download လုပ်ထားတာကို Zapya က Share ယူရသေးတာ.....


ပြီးတော့ ဟိုနေ့က ကောင်ဆိုးလေးထဲက တစ်ယောက်ရဲ့ စော်မွေးနေ့ကွာ..သူလည်း နာရီလေးပေးရင် ကောင်းမလားဆိုပြီးရှာကြည့်တာတဲ့... Messenger မှာတက်လာလိုက်တဲ့ နာရီ ကြေငြာတွေ တစ်ပုံကြီးတဲ့.....

အဲ့တော့ ဒီကောင်တွေက Facebook …YouTube ကိုလွှတ်ကြိုက်နေတာ ငါ့ကောင်ရေ..ဘာတဲ့ နာမည်ဝှက်တောင်ပေးလိုက်သေးတာ....ဘာပဲလိုလို ကွီး FB ကိုမေးတဲ့.....


ကျော်ကြီး။ ။ အာ..တီးမိခေါက်မိရှိသွားပြီ..ငါ့ကောင်ရေ..ကိစ္စက ဒီလိုကွ…

မင်းတို့နားလည်မယ့် လူပိန်းနည်းနဲ့ ပြောလိုက်ရမယ်ဆိုရင်ဖြင့် မင်း ရထားပေါ်မှာ သတင်းစာ တစ်စောင်ကို ဖတ်နေတယ်ပဲထား. ဒါမှမဟုတ်..ဖုန်းသုံးနေတယ်ပေါ့ .အဲ့အချိန်မှာ ဘေးနားက နေရာမရပဲ မတ်တပ်ရပ်နေတဲ့ လူကလည်း မင်းဖုန်းဘာကြည့်နေသလဲစိတ်ဝင်စားသလို..နေရာရပြီး မင်းဘေးက ခုံဘေးကလူလည်း မင်းဘာကြည့်နေလဲစိတ်ဝင်စားတယ်ကွာ....


Facebook နဲ့ Google တို့လည်းအဲ့လိုပဲကွာ..အလကားပေးသုံးတယ်လို့ထင်ရပေမယ့်..ငါတို့ဆီက အချက်အလက်တော်တော်များများစုဆောင်းတယ်...အဲ့ကလည်း ပိုက်ဆံရတယ်ကွ…


မင်းဆီက ဘယ်အချက်အလက်တွေစုစောင်းလည်းဆိုရင်...မင်းရဲ့ အင်တာနက်အသုံးပြုမှုအလေ့အထ..ရှာဖွေမှုမှတ်တမ်...Online မှာ စျေးဝယ်တဲ့ ပုံစံက အစကွာ သူတို့မှတ်ထားတယ်....ပြီးတော့မှ မင်းအကြိုက် ချကျွေးတာပေါ့ကွာ....


ဉပမာ− မင်းက Google ကနေ တစ်ခုခုရှာမယ်ကွာ...မင်းတို့ဉာဏ်မှီအောင်ဆို ပထမတစ်ခေါက် တားဆေးရှာမယ်ကွာ...နောက်တစ်ခေါက်ကျရင် ဟိုတယ် (ဒါမဟုတ်) မိုတယ် တစ်ခုခု ငှါးဖို့ဘယ်နားကောင်းမလဲ ရှာမယ်ကွာ.... ပြီးရင် ကွန်ဒုံး ရှာမယ်ပဲထား....အဲ့ဒါဆိုရင် မင်းကို Google က မင်းရဲ့ ရှာဖွေမှုမှတ်တမ်းတွေကို မှုတည်ပြီး မင်းရဲ့ ဒစ်ဂျစ်တယ်ပုံရိပ် ( Digital Image) တစ်ခုကို ဖန်တီးလိုက်တယ်ကွာ...ဒီ Gmail အကောင့်နဲ့ ချိတ်ဆက်တဲ့ ဒီလူက ဒါတွေကြိုက်တယ်..ဒါတွေရှာနေတယ်ပေါ့...ပြီးရင် မင်းရဲ့ ရှာဖွေမှုပေါ်မှုတည်ပြီးတော့ မင်းကို ကြေငြာတွေပြမယ်ကွာ...ဘယ်လိုကြေငြာလဲဆိုတော့...၅၀% Discount ချနေတဲ့ မိုတယ်တွေ..ကွန်ဒုံးအမျိုးအစားတွေ ပြပေးမယ်ကွာ…


ဖေ့ဘွတ်လည်းထိုနည်းလည်းကောင်းပဲ...မင်းဘာတွေအများဆုံးကြည့်နေလဲ..အဲ့ဒါတွေနဲ့ related ဖြစ်တဲ့ဟာတွေပြမယ်..ရောင်းမယ်ကွာ...

မင်းရဲ့ ရှာဖွေမှုပုံစံတွေကိုသိမ်းထားတော့...သူတို့ဘာရမှာလဲဆိုတဲ့ မေးခွန်းရှိတယ်မလား

ရတယ်ကွ..ဖေ့ဘွတ်မှာဆို Boosting လိုမျိုးကနေ ပိုက်ဆံအများကြီးရနိုင်သလို...ငါတို့ ဒေတာတွေကို ဘယ်သူတွေနဲ့ ထပ် Share ပြီး အသုံးချနေမလဲဆို ငါတို့မသိနိုင်ဘူးကွ....အဲ့လို ဒေတာတွေနဲ့သူတို့ပိုက်ဆံရနေတာကွ....အဲ့တော့ သူတို့ကို အလကားသုံးရတယ်လို့ ဆိုနိုင်ပေမယ့်..ပိုက်ဆံအနေနဲ့ ငါ့တို့ ဒေတာတွေကိုလဲပေးလိုက်ရတာမျိုးကို ဆိုလိုတာ..


လေကြီး။ ။ အဲ့ဒါဆို ငါတို့က အဲ့လိုသိမ်းတာကိုလက်မခံနိုင်ဘူးဆိုရင်ရော

ကျော်ကြီး။ ။ အဲ့ဒါကတော့ကွာ သူတို့ platform သုံးရင်..သူတို့ တောင်းတာပေးရမှာလို့ မသုံးခင် Agree လုပ်ရတယ်လေကွာ..သိပ်ကြောက်နေရင်တော့ Setting ထဲမှာမလိုတာလေးတွေဝင် ချိန်ညှိပေါ့ကွာ....


လေကြီး။ ။ ငါ ဟိုကောင်စိုးလေးတွေကို ပွားလို့ရအောင်..ကိုယ့်ဆရာ သင်ပေးပါဦး

ကျော်ကြီး။ ။ Channel ထဲဝင်ဖတ်ကွာ....ငါ အောက်မှာ Link ပေးမယ်…

လေကြီး။ ။ ငါ့ကောင်ကြီးက ဘယ်ဆိုးလို့လဲ...သိလှချည်လားကွ…

ကျော်ကြီး။ ။ အဲ့ဒါကြောင့် မင်းလို လေကြီးတွေကို နှိပ်နင်းနိုင်တာပေါ့ကွာ....သွားတော့ လက်ဖက်ရည်ကုန်ပြီ..ငါလည်းနားပြီ....ဘိုင့်ရီး.......


Facebook Privacy Setting: https://t.me/SpringRevSecurity/65

G-mail Security:  https://t.me/SpringRevSecurity/73

G-mail Location History: https://t.me/SpringRevSecurity/83





Report Page