The Summer Hikaru Died
Pirate Anime MyanmarReview - အေးချမ်းသာယာနေတဲ့ ကျေးလတ်တောရွာလေး တစ်ရွာမှာပေါ့။ Yoshiki နဲ့ Hikaru လို့ခေါ်တဲ့ အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ နွေရာသီတစ်ခုမှာတော့ မထင်မှတ်ထားတာတွေဖြစ်လာပါတော့တယ်။
Hikaru တစ်ယောက် တောင်ကြားတွေထဲမှာ ရက်ပိုင်းလောက် ပျောက်သွားပြီးနောက်၊ ပြန်ရောက်လာတဲ့အခါမှာတော့ အရင်နဲ့မတူတော့ပဲ ထူးဆန်းနေပါတော့တယ်။ ဒါကို ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်တဲ့ Yoshiki ကပိုသိတာပေါ့။ ရုပ်၊ ခန္ဓာကိုယ်နဲ့ အသံ ကလွဲလို့ ပြုမှုပုံတွေ နေထိုင်တာတွေက Hikaru နဲ့ မတူမှန်းသူသေချာသိနေပါတယ်။ Hikaru ကတော့ ဘာမှမဖြစ်သလို ပုံမှန်လိုပဲ ဟန်ဆောင်နေထိုင်နေပါတယ်။
Yoshiki တစ်ယောက် သူ့သူငယ်ချင်း ကိုယ်ခန္ဓာကို တခြား သတ္တဝါတစ်ကောင် အစားထိုးဝင်ရောက်နေမှန်းသိပြီးသွားတဲ့နောက်၊ သူဘယ်လိုရင်ဆိုင်သွားမလဲ...? သူတစ်ချိန်တုန်းက သိခဲ့တဲ့ Hikaru မရှိတော့ဘူးဆိုတာ သိလိုက်ရပြီးနောက် သူလက်မခံနိုင်ဖြစ်သွားမလား...? ဒါမှမဟုတ် အရာအားလုံးကို လွှတ်ချပြီး ထူးဆန်းတဲ့သတ္တဝါကို လက်ခံလိုက်မလား...။ သူတို့ရဲ့ ရွာငယ်လေးကိုလည်း ပုံမှန်မဟုတ်ပဲ ထူးဆန်းတာတွေ၊ ရှင်းမပြနိုင်တဲ့အရာတွေ ဖြစ်လာပါတော့တယ်။
( ဒီ anime က eldritch horror ပုံစံမျိုးဖြစ်ပါတယ်။ ဥပမာပြောရရင် It ထဲက Pennywise လိုမျိုးပေါ့။ လူ၊ သရဲ၊ နတ်ဆိုး၊ မိစ္ဆာ၊ ဘာတစ်ခုမှမဟုတ်ပါဘူး။ ဂြိုလ်သားလောက်လဲမရိုးရှင်းပါဘူး။ ဘာဆိုဘာမှန်းမသိရတဲ့ သတ္တဝါမျိုးပါ။ )