The Spy in Your Phone

The Spy in Your Phone

ကြည့်..ကြည့်..ကြည့်


Smart Phone တွေဟာ နေ့စဉ်လုပ်ဆောင်မှုတွေကို အရင်ကမလုပ်နိုင်ခဲ့တဲ့ မြန်နှုန်းတွေနဲ့ လုပ်ဆောင်နိုင်လာပြီး ဖျော်ဖြေမှုလေးပေးစွမ်းနိုင်ပါတယ်။ ဖုန်းတစ်လုံးရှိရုံနဲ့ တစ်ကမ္ဘာလုံး နဲ့ ချိတ်ဆက်နိုင်လာပြီး များပြားလှတဲ့ လုပ်ဆောင်မှုတွေကို Screen တစ်ခုပေါ်ကနေ ခလုတ်တစ်ချက်အဝေးမှာပဲ ရှိပါတော့တယ်။ ဒီလိုအားကောင်းလှတဲ့ စက်ပစ္စည်းတစ်ခုကို ကိုယ်တိုင်ငွေကြေးပေးဝယ်ယူထားပေမယ့် ဒီစက်ပစ္စည်းဟာ ကိုယ့်အပေါ်မှာ သစ္စာခံပါသလား။

  ဖုန်းတွေထဲမှာ ရှိတဲ့ အချက်အလက်တွေဟာ ဖုန်းထက်အဖိုးတန်လှတယ်ဆိုတာကို နားလည်သဘောပေါက်တဲ့သူရှားပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေရဲ့ တန်ဖိုးကို နားလည်တဲ့ သူတွေက သပ်သပ်ရှိနေပြီး နည်းလမ်းအမျိုးမျိုးနဲ့ ရယူနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဖုန်းထဲမှာ ထည့်ထားတဲ့ Application တစ်ခုဟာ ဆက်သွယ်ပြောဆိုဖို့ သုံးတယ်ဆိုပါစို့၊ စကားပြောဆက်သွယ်နေတဲ့သူတွေအပြင် Application ကို ဖန်တီးရေးသားသူတွေက သိနေပြီး အတွင်းရေးတွေကို စောင့်ကြည့်နေနိုင်ပါတယ်။ ဒါ့အပြင် ဒီအချက်အလက်တွေကို ဘယ်သူတွေကို မျှဝေနေလည်းဆိုတာကိုလည်း နားလည်နေဖို့ လိုပါတယ်။ အစိုးရတွေကလည်း ပြည်သူတွေကို ဖုန်းတွေက ထုတ်လုပ်တဲ့အချက်အလက်တွေကတစ်ဆင့် စောင့်ကြည့်ဖို့ နဲ့ ပုံသွင်းဖို့ ကြိုးစားနေကြပါတယ်။ Spyware တွေကတစ်ဆင့် ဘာတွေကို ထောက်လှမ်းနေနိုင်လဲ၊ Spyware တွေက ဘယ်လို အလုပ်လုပ်လဲ။ နောက်ကွယ်မှာရော ဘယ်သူတွေ ရှိနေတာလဲ။ အဲ့လို Spyware တွေရန်ကလည်း ဘယ်လိုကာကွယ်နိုင်လဲဆိုတာတွေကိုတော့ Documentary ကို ကြည့်ရှုလေ့လာနိုင်ပါတယ်။

Report Page