The Soul-Mate (2018)
Byy ArielIMDb – 6.2/10, MyDramaList - 7.8
ဒီတစ်ခေါက် ပြန်လည်တင်ဆက်ပေးလိုက်ရတဲ့ ရုပ်ရှင်ကားကတော့ Comedy-Drama အမျိုးအစားဖြစ်ပြီး Castတွေအဖြစ် မင်းသားကြီး Ma Dong Seok, လတ်တလောနာမည်ကြီးခဲ့တဲ့ "Trigger"ဇာတ်ကားမှ မင်းသား Kim Young Kwangနဲ့ "Dare to Love Me"ဇာတ်ကားမှ မင်းသမီး Lee Yoo Youngတိုက အဓိကပါဝင်ထားပါတယ်။
ဇာတ်လမ်းကတော့ ချွဲဂျန်ဆူ (Ma Dong Seok) ဟာ ဂျူဒိုနည်းပြဖြစ်ပြီး မိန်းမဖြစ်သူ ဆုံးပါးသွားကတည်းက သူများကိစ္စကို စိတ်မဝင်စားတော့ဘဲ နှလုံးရောဂါရှိတဲ့သမီးလေးကိုပဲ ဂရုစိုက်ပြီး ပျိုးထောင်ပေးနေသူပါ။ဂန်ထယ်ဂျင်း (Kim Young Kwang) ကတော့ ရဲအရာရှိဖြစ်ပြီး ဟုန်းဟျွန်းဂျီ (Lee Yoo Young) ရဲ့ ချစ်သူကောင်လေးလည်းဖြစ်ပါတယ်။
တစ်နေ့မှာတော့ ဂန်ထယ်ဂျင်းဟာ အမှုတစ်ခုကိုစုံစမ်းစစ်ဆေးရင်းနဲ့ လုပ်ကြံခံလိုက်ရပြီး ခန္ဓာကိုယ်က ကိုမာအခြေအနေနဲ့ ဆေးရုံမှာရှိနေပေမဲ့ သူ့ရဲ့ဝိဉာဉ်ကတော့ သူ့ကိုမြင်ရတဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့ ချွဲဂျန်ဆူရဲ့နောက်ကို တကောက်ကောက်လိုက်ရင်းနဲ့ မပြီးပြတ်သေးတဲ့အမှုကို ဖြေရှင်းပေးဖို့ အကူအညီ တောင်းနေပါတော့တယ်။
ဒါကြောင့် သူများကိစ္စကိုစိတ်မဝင်စားတတ်တဲ့ ချွဲဂျန်ဆူတစ်ယောက် ဂန်ထယ်ဂျင်းရဲ့တောင်းဆိုမှုကို ကူညီဖြေရှင်းပေးပါ့မလား... ဂန်ထယ်ဂျင်းရဲ့ ဝိဉာဉ်ကရော နောက်ဆုံးမှာ မူလခန္ဓာကိုယ်ဆီ ပြန်ရောက်သွားနိုင်ပါ့မလားဆိုတာကို အမှုအခင်း၊ ဟာသလေးတွေနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်။