The Social Network
ကြည့်..ကြည့်...ကြည့်
Harvard တက္ကသိုလ်က ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းတဲ့ ဉာဏ်ကြီးရှင် ကောင်လေးတစ်ယောက်က သူရဲ့ ကောင်မလေးရဲ့ ငြင်းဆိုလိုက်ခြင်းခံရမှုအပေါ် ဒေါသူပုန်ထပြီး Harvard တစ်ခွင်က Hot အဖြစ်ဆုံး အမျိုးသမီးများကြည့်နိုင်ရန် Site တစ်ခု တီထွင်ခဲ့ရာ အမျိုးသားထုကြီးရဲ့ အားပေးမှုကအရမ်းကြမ်းတော့ ထင်မှတ်မထားလောက်အောင် ဝှက်ဝှက်ကွဲ အောင်မြင်သွားတာကြောင့်.... အဲ့ဒီကနေတစ်ဆင့် “The Facebook” ..”The Facebook” ကနေ လက်ရှိ အားလုံးလက်ထဲက မချချင်အောင် သုံစွဲကြတဲ့ ဇူ့ဇူ့ရဲ့ Facebook ဖြစ်လာခြင်းရဲ့ နောက်ကွယ်က Idea ဆိုလည်းမမှားပါဘူး...Facebook လွယ်လွယ်ဖြစ်လာမျိုးတော့မဟုတ်ပဲ ထုံးစံအတိုင်းပဲ သူငယ်ချင်းလည်းဖြစ် Funding ရအောင် လုပ်ပေးတဲ့သူတွေအကြား နောက်ပိုင်းမှာတော့ ရုံးရောက်..ဂဒ်ရောက် ဇူဇူ့ကို တရားစွဲဆွဲမှုတွေအကြား ဘယ်လိုဖြေရှင်းပြီး ရပ်တည်ခဲ့လည်းကို စိတ်ဝင်စားစရာပါ…လှည့်ကွက် မြှုပ်ကွက်တွေ ရှိတယ်ပဲ ဆိုကြတာပေါ့ဗျာ...
ရောင်းရင်းတို့ရေ လူတွေရဲ့ Data မြောက်များစွာကို ယူနေတဲ့ Facebook ကြီးကလည်း လက်ခံချင်ချင်..လက်မခံချင်ချင် FB ကတော့ ကမ္ဘာ့လူဦ်းရေရဲ့ (၃) ပုံ (၁)ပုံနီးပါးက Facebook User တွေဖြစ်ပြီး နိုင်ငံပေါင်းများစွာမှာ ဝင်ထမ်းပေါင်း ၁၇၀၀၀ နဲ့ အထက် ခန့်ထားနိုင်တဲ့ အပြင် အခြားသော နည်းပညာတွေနဲ့ App များစွာကို ကျော်တက်ပြီး Traffic အများဆုံးဆိုတာကလည်း ငြင်းဆိုလို့မရတဲ့အချက်ပါပဲ…
ဒီဇာတ်ကားလေးမှာတော့ FB ကြီးဖြစ်တည် တည်ရှိမှုကြီးက ဉာဏ်ထက်မြက်ခြင်း..ကံကောင်းခြင်းတွေအပါအဝင် အချောင်းသမား ဝါဒီကြီးကလည်း တစ်စိတ်တစ်ပိုင်းနေတယ်ဆိုတာ မြင်တွေ့ရမှာ...အသက်အငယ်ဆုံး Billionaire ဖြစ်မှုကြီးနောက်ကွယ်မှာတော့ တစ်ခြားသော အကြောင်းအရာတွေအများကြီး ပါဝင်နေတာမို့…
Movie ကြည့်ရှုရန် Link: https://moviesjoy.to/movie/the-social-network-18956
ကိုယ့်လူတို့ရေ..ကြီးပြီးရင်လည်း အတွေးအမြင်များ ချန်ထားပြီး ဉာဏလေး ဒါနပြုခဲ့ပါဦးဗျို့…
ကြည့်..ကြည့်..ကြည့် Program မှာ Movie မကြည့်ပဲ Content နဲ့ Comment ပဲဖတ်သူများ...သာဓု...ခေါ်စေသော်.....
#ကြည့်.,.ကြည့်..ကြည့်