The Shy Hero and Assassin Princesses

The Shy Hero and Assassin Princesses

Pirate Anime Myanmar

Review - ငယ်ရွယ်တဲ့ ဟီရိုး Toto။ သောက်ရမ်းကြမ်းပြီးတော့ အတိုက်အခိုက်မှာ စကေးတွေကြွယ်နေပေမဲ့ အရမ်းကိုရှက်တတ်ပါတယ်။ လူတွေနားမှာဆိုအရမ်းရှက်နေပြီးတော့ စကားပြောဖို့တောင်မဝင့်မရဲဖြစ်နေသူပါ (အထူးသဖြင့် မိန်းကလေးတွေနဲ့ဆိုရင်ပေါ့)။ ဒီအကြောင်းကြောင့်ပဲသူက တစ်ယောက်ထဲဖြစ်နေပြီး သူငယ်ချင်းမရှိ အသင်းအဖွဲ့မရှိဖြစ်နေပါတယ်။ လူအသစ်တွေနဲ့တွေ့ရမှာလည်းကြောက်တာကြောင့် သူ့ရဲ့စွန့်စားခန်းခရီးစဥ်က စခဲ့တဲ့မြို့မှာပဲပိတ်မိနေပါတယ်။

တစ်နေ့ သန်မာလှပတဲ့မိန်းမငယ် သုံးယောက်က Toto ကို သူတို့နဲ့အတူခရီးထွက်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့ အရာအားလုံးပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ တကယ်တမ်းတော့ အဲ့မိန်းကလေးသုံးယောက်က သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတာဖြစ်ပြီး ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးပါ။ Toto ကတော့ ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ မိန်းကလေးတွေနဲ့ နီးနီးကပ်ကပ်နေရတာကြောင့်ရော တစ်ယောက်ထဲမဟုတ်တော့ဘူးဆိုတဲ့အသိကြောင့်ရော ပျော်ရွှင်မှုတွေအထွတ်ထိပ်ရောက်ပြီး ငယ်ထိပ်ဆောင့်တက်နေပါတယ် (trailer မှာဆိုရင်လည်း နှာခေါင်းသွေးလျှံပြီး အိပ်ရာပေါ်လဲနေတဲ့ ဂေါင်းကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်)။

မိန်းကလေးသုံးယောက်ကကော Toto ကိုဘာကြောင့် သတ်ချင်နေကြတာလဲ...? သူတို့အောင်မြင်သွားကြမလား...? ခံစားချက်တွေအထွတ်ထိပ်ရောက်နေတဲ့ကောင်နဲ့ ဘယ်လိုတွေဆက်ဖြစ်သွားကြမလဲဆိုတဲ့အခါမှာတော့...

Report Page