The Secret Scandal (2013)
by arielIMDb – 5.5/10, MyDramaList - 7.2
ဖြစ်ရက်မှန်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။Norigae ဆိုတဲ့ စကားလုံးက sex toy လိုအဓိပ္ပာယ်ရပြီးတော့၂၀၁၃ ခုနှစ်မှာထွက်ခဲ့တဲ့ drama/thriller အမျိုးအစားရုပ်ရှင်ကားဖြစ်ပါတယ်။ကိုရီးယားရုပ်ရှင်လောကရဲ့အရှုပ်အထွေးတွေကို ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့….သတင်းထောက်လီဂျန်ဟိုက မင်းသမီးဂျောင်ဂျီဟဲ suicude လုပ်သွားတဲ့ကိစ္စရဲ့နောက်ကွယ်ကအကြောင်းတွေကိုလိုက်စုံစမ်းရင်းမင်းသမီးကိုဒါရိုက်တာနဲ့ ပရိုဂျူဆာတိုကလိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့အကြောင်းတွေပါပေါ်လာကြပြီးတော့တရားရုံးမှာအမှုရင်ဆိုင်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။
ငွေရှိရင်ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့အတိုင်း ငွေရှိတဲ့သူတွေကလူပါးဝပုံတွေမင်းသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကိုပါဒီဇာတ်ကားမှာတွေ့နိုင်ပါတယ်။အဲ့ဒီ့ကနေတရားရင်ဆိုင်ကြရင်ဖြစ်လာတဲ့အဆက်အခဲတွေဒီအမှုကိုနိုင်သွားမှာလား ရှုံးနိမ့်မှာလားဆိုတာကတော့ဒီဇာတ်ကားထဲမှာဆက်လက်ကြည့်ပေးကြပါဦး
( p.s – ဒီဇာတ်ကားက ကိုရီးယားမင်းသမီးဂျန်ဂျာယွန်းရဲ့အဆုံးစီရင်မှုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်လမ်းထဲကအတိုင်းအပြင်မှာလည်းတကယ်ဖြစ်ခဲ့တာပါ မင်းသမီးဂျန်ဂျာယွန်းက F4 ကားထဲမှာ ဂင်ဂျန်ဒီကိုဝိုင်းအကျင့်မကောင်းကြတဲ့ကျောင်းသူသုံးယောက်ထဲက တစ်ယောက်အနေနဲ့သရုပ်ဆောင်ခဲ့ဖူးပါတယ် )