The Most Hated Man on the Internet
နွေဦးလုံခြုံရေးဒီ Documentary ဟာ အပိုင်း 3 ပိုင်းပါဝင်ပါတယ်။ Isanyoneup.com (http://isanyoneup.com/) ဆိုတဲ့ website ပေါ်မှာ အမျိူးသမီးတွေရဲ့ naked ပုံတွေကို တင်ပြီး တင်ခံရသူတွေရဲ့ Social media account တွေထိ ထုတ်ဖော်ခြင်းခံရကာ Internet privacy ကို အပြည့်အဝ ချိူးဖောက်ခြင်းခံရပုံတွေ၊ အချက်အလက်တစ်ခုဟာ အင်တာနက်ပေါ်ကို ရောက်ရှိသွားတာနဲ့ လုံခြုံမှုမရှိတော့ဘူးဆိုတာတွေနဲ့ ဒီလိုအင်တာနက်ပေါ်က ကိုယ်ရေးကိုယ်တာလုံခြုတွေ့မှုတွေချိုးဖောက်ခံရခြင်းမှာစပြီး အစစအရာရာဆုံးရှုံးခဲ့ရတဲ့ ဘဝတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ပထမဆုံး အပိုင်းမှာတော့ Kayla ဆိုတဲ့ကောင်မလေးဟာ isnayoneup webiste မှာ သူကိုယ်တိုင် သူ့အိမ် သူ့အခန်းထဲမှာရိုက်ထားတဲ့ ဓာတ်ပုံတွေကို တင်ခံလိုက်ရပါတယ်။ သူဟာ သူ့ပုံတွေကို သူ့ရဲ့ Gmail ပေါ်ကို တင်လိုက်ပြီး ပဲမြင်ရနိုင််အောင်သိမ်းဆည်းလိုက်တာပေမယ့် သူ့ Gmail Hack ခံလိုက်ရချိန်မှာတော့ ဒီပုံတွေကို website ပေါ်မှာ တင်ခံလိုက်ရတာပဲဖြစ်ပါတယ်။ ဒီအကြောင်းကို Kayla ရဲ့အမေဖြစ်သူ Charlotte သိရှိသွားချိန်မှာတော့ …..
isanyoneup ရဲ့ Website ဖန်တီးသူ Hunter Moore ကို ရအောင် ဆက်သွယ်ပြီး သူ့သမီးရဲ့ ပုံတွေကို website ပေါ်က ဖြုတ်ချပေးရေးအတွက် စတင်ကြိုးစားပါတယ်၊ အမျိုးမျိုးသော ချိန်းခြောက်မှုတွေကိုခံရပြီးနောက်မှာ Kayla ရဲ့ ပုံတွေပြုတ်ကျသွားပေမယ့် သူမဟာ သူမရဲ့သမီးလို ခံခဲ့ရတဲ့ တခြားအမျိုးသမီးတွေရဲ့အခွင့်အရေးအတွက် ဒီ website လုံးဝ အပြီးအပိုင် ဖျက်သိမ်းနိုင်အောင် လုပ်ပါတော့တယ်။
ဒီလို ရဲရဲတောက် Charlotte ရဲ့ website ပိတ်သိမ်းရင် ပြုလုပ်ကြိုးပမ်းတာတွေကို ဒီ Documentary မှာမြင်တွေ့ရမှာဖြစ်ပီး website ပေါ်မှာ မတရားသဖြင့် ပုံတွေ video တွေတင်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ၊ အပြင်လှုမှု ဘဝ အလုပ်အကိုင်တွေ ဘယ်လိုထိခိုက်ခဲ့ရလဲ ၊ ဘယ်လို အန္တရာယ် ချိန်းခြောက်မှုတွေနဲ့ ကြုံတွေရမလဲဆိုတာကို သောကြာနေ့ညမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုနိင်ဖို နွေဦးလုံခြုံရေးဝိုင်းတော်သားတွေက ဒီ Documentary လေးကို ညွှန်းပေးလိုက်ရပါတယ်။
Link - https://moviesjoy.to/tv/the-most-hated-man-on-the-internet-85080