The Imitation Game
ကြည့်..ကြည့်..ကြည့်The Imitation Game ကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိတဲ့ အမေရိကန်ရဲ့ သမိုင်းဆိုင်ရာ Drama တစ်ခုဆိုလည်းမမှားပါဘူး။ ဇာတ်ကားကို ရိုက်ကူးပုံဖော်ခဲ့တဲ့သူကတော့ Morten Tyldum ပဲဖြစ်ပါတယ်။ ဇာတ်ကားလေးက ၁၉၈၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Enigma ဆိုတဲ့ စာအုပ်လေးကိုရိုက်ကူး ပုံဖော်ထားတာပဲဖြစ်ပါတယ်။ စာအုပ်ကတော့ Alan Turing လို့ခေါ်တဲ့ သင်္ချာပညာရှင်လည်းဖြစ် Code breaker တစ်ယောက်လည်းဖြစ် Computer Science ကိုလည်း ကျွှမ်းကျင်တဲ့ Turing ရဲ့ အတ္ထုပ္ပတ္တိ ကိုရေးသားထားပဲဖြစ်ပြီး သူ့အကြောင်းကို ပြန်လည်ပုံဖော်ရိုက်ကူးခဲ့တာပဲ။ ဇာတ်ကားလေးကိုတော့ နိုဝင်ဘာ ၂၈ ရက်နေ့ ၂၀၁၄ မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီးတော့ nomination (8) နေရာကိုရခဲ့တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ Turing လို့ခေါ်တဲ့ ကောင်းလေးတစ်ယောက်က ကျောင်းမှာ အမြဲအနိုင်ကျင့် ခံရပြီး စိတ်ပျက်နေတဲ့အချိန်မှာ Christopher ဆိုတဲ့သူငယ်ချင်းနဲ့စတွေ့ခဲ့ပါတယ်။ Christ က Turing စိတ်ဝင်စားတဲ့ Cryptography (Code တွေဖန်တီးခြင်း/ ဖြည်ခြင်းပညာ) ကိုလည်း အားပေးတဲ့အတွက် သူတို့နှစ်ယောက်က အတော်လေးနီးစပ်ခဲ့ပေမယ့် Christ ကနောက်ပိုင်း အဆုတ်ရောဂါနဲ့သေဆုံးခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတောအတွင်းမှာ နာစီတွေဘက်ကပို့နေတဲ့ ဝှက်စာတွေကို ပြန်ဖြည်ဖို့ Turing ကိုရုန်းကန်ကြိုးစားခဲ့တာပါ။ တစ်ဖက်က ဝှက်စာတွေနဲ့ပေးပို့တဲ့စာတွေကို ပြန်ဖြည်ပြီးကြည့်နိုင်မယ့် စက်တစ်လုံးကိုလည်း တီထွင်ခဲ့တာပါ။ ဒီလို အမျိုးသားအများစု ကြီးစိုးနေတဲ့ အချိန်တစ်ခုမှာ Joan ဆိုတဲ့ အမျိုးသမီးတစ်ယောက်လည်း Turing တို့အဖွဲ့မှာ ပါဝင်လာခဲ့တာပါ။ ဒီဇာတ်လမ်းထဲမှာတော့ နည်းပညာနယ်ပယ်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ပါဝင်မှုကို တွေ့ရမှာဖြစ်သလို လိင်တူဆက်ဆံတာကို လက်မခံနိုင်တဲ့ အချိန်ကာလတစ်ခုမှာ Turing ရဲ့ လိင်တူသဘောကျခြင်းကလည်း အခက်အခဲတစ်ခုအနေနဲ့ ရှိနေပြန်ပါတယ်။ Encryption (ဝှက်စာစနစ်) ကို ကောင်းကောင်းနားလည်ချင်တယ်ဆိုရင်တော့ ခေတ်တွေကြာသွားပေမယ့် လက်မလွှတ်တန်း ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကိုအခြေခံပြီးရိုက်ထားလို့ စစ်နောက်ခံလေးတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရဦးမှာပါ။
ကြည့်ရှုရန် Link: https://moviesjoy.to/watch-movie/the-imitation-game-19720.5297398
ကြည့်ပြီးသားရောင်းရင်းတွေ ရှိရင်လည်း Comment မှာ ရေးခဲ့ပေးပါဦးဗျို့..