The Great Hack
The Great Hack Movie Recommendation
========================
📽 ကဲရောင်းရင်းတို့ရေ Monday ကိုတော့ ပေါ့ပေါ့ပါးပါး Movie Recommendation ပေးချင်ပါတယ်..
“The Great Hack” ဆိုတဲ့ Documentary လေးတစ်ခုပါ။ အမြဲတမ်းပြောနေကျစကားအတိုင်းပဲပြောပါမယ်..”Free is not Free ပါ"။ လက်တွေ့ဘဝမှာ အလကားဆိုတာ ဘယ်မှာမှရှာမတွေ့နိုင်တဲ့အရာပါ။ Social Media တွေက Free လုံးဝမဟုတ်ပါဘူး။
🎦 The Great Hack Documentary အဓိကပေးချင်တဲ့ Message ကတော့ သင်ကိုယ်သိ၍သော်လည်းကောင်း၊ မသိ၍သော်လည်းကောင်းပေးလိုက်တဲ့ Data တွေကို ရဲ့နောက်ကွယ်မှာ Company တွေက Data တွေကိုရောင်းပြီး နယ်ပယ်ပေါင်းစုံအတွက်အသုံးပြုနေတာကိုပါ..ပြီးတော့ Donald Trump ရဲ့ မဲဆွယ် Campaign မှာလည်း ဒီနည်းလမ်းကိုအသုံးပြုခဲ့တယ်ဆိုတာကို အခြေခံထားပါတယ်....
အဲ့ Data တွေကို သူတို့ဘာကနေရတာလဲ ⁉️
ကဲ..ဒါကတော့ ရောင်းရင်းတို့ကိုပြောနေကျဖြစ်တဲ့ ကိုယ်အွန်လိုင်းပေါ်မှာဘာတွေတင်နေလဲ..ဘာတွေဝယ်နေလဲ..ဘာတွေရှာနေလဲ...ဘာတွေကြည့်နေလဲကနေ ရနိုင်သလို၊ အပျင်းပြေဆော့တဲ့ Quiz တွေ၊ Website ကြေငြာ နဲ့ ကြေငြာဗီဒီယိုကြည့်ပြီး Level တက်တဲ့ ဂိမ်းတွေကပဲဖြစ်ပါတယ်..အင်မတန်မှကြောက်စရာကောင်းပါတယ်..
အသေးစိတ်ကိုတော့ Movie ထဲမှာရှုစားရအောင်ပါ..
Netflix Link: https://www.netflix.com/title/80117542
Link: https://moviesjoy.to/movie/the-great-hack-5870
