The Good, The Bad and The Boycott
ဒစ်ဂျစ်တယ်နဂ္ဂတစ်
မောင်ဆိုတဲ့ မောင်မောင်ဆိုတာ ဘဝကို တော်တော်လေးအကောင်းမြင်တတ်သူ တစ်ယောက် ဖြစ်တာကြောင့် ချစ်သူကလည်း သည်းသည်းတုန်...အရပ်ကလည်း မောင်မောင် ဆိုရင် ပစ္စည်းတစ်ခုခုဝယ်ရင်တောင် ..အစစ်လေးထည့်ပေးချင်တာမျိုး....မျက်နှာလေးကလည်း ပျားလပို့လို ချိုနေတာလေ...
အကောင်းမြင်တတ်တာကလည်းတစ်ကြောင်း…
ကိုယ့်ကိုမှ ကိုယ်ထိလက်ရောက်မဖြစ်သရွှေ့တော့ မောင်တစ်ယောက် ကတော့ အကောင်းမြင်ဝါဒီ (9+) နဲ့ အသက်ရှင်နေသူတစ်ယောက်ပါ.....
မြန်မာနိုင်ငံကြီး အမှောင်ကျတော့..မောင်တစ်ယောက် တစ်ခဏတော့ စိတ်တိုလိုက်သေးတယ် ဟုတ်တယ်လေ မီးပျက် တယ်ဆိုတာ ဘာမှန်းတောင်သိတော့မဟုတ်ဘူး ...နောက်တော့လဲ ကိုယ်က ဘာမှမတတ်နိုင် .. အော်..ဒါကလည်း မီးများမီးနိုင်ဆိုသလို ဆိုတော့ အားမတန် မာန်လျှော့ လိုက်ရတာပါပဲ ....ဒီလိုနဲ့ နေ့ကနေ ည တစ်ရက်ပြီးတစ်ရက်ပြီးပြောင်းလာတော့ ပုံမှန်လိုမျိုးအသားကျသွားတော့တာပါပဲ..
အစက တော့ ဆန္ဓတွေ ဘာတွေလိုက်ပြလိုက်သေးတယ် နောက်တော့လဲ Online ပေါ်မှာ လူတွေက ဗျာ အွန်လိုင်းပေါ်မှာတော့ တော်လှန်နေကြတာပဲ အဲ ပြီးတော့လဲ Myanmar Plaza လဲသွားကြတာပဲ ရွှေနန်းတော်မှာလဲ ရွှေဝယ်ကြတာပဲ အိမ်ဘေးကကောင်တောင် Mobile Legend ဆော့ပြီး Streaming လုပ်နေကြတာပဲမလား မီတာ Box တွေလာဖြုတ် မီးတွေလဲလိုက်ဖြတ်ကြတော့ မီတာ လာမတောင်းခင်ကတည်းက ပြေးဆောင်ရတော့တာပဲ ...အဲ့အထိလည်းရသေးတယ်…
ဒါနဲ့ မီးဖြတ်မယ်ပေါ့...အချိန်နဲ့ပေးမယ်ဆိုပြန်တော့လည်း...အဆင်ပြေသလို..လုပ်ရမှာပေါ့ဆိုပြီး မောင်မောင်တစ်ယောက် အဲ့လို အတွေးလေးနဲ့ နေသေးတာ…ပြီးတော့တွေးလိုက်သေးတယ်..ငါ့တို့တွေ အရမ်း Screen Time တွေများနေတော့.ဒီလိုမီးလေးပြတ်တော့ ပုံမှန် မျက်စီနားချိန်ရတယ်ပေါ့....
ဘယ့်နှယ်ဗျာ ခုဟာက မျက်စိနားချိန်မဟုတ်ပဲ....အနားလွန်ပြီး မျက်ကွင်းတောင်ညိုတဲ့ ပန်ဒါ ဘဝရောက်ပါလေရော…
မီးလာပြီဆိုတာနဲ့
စက်ရုပ်လို လက်တွေက ပွားထားတဲ့အတိုင်းပဲ ...တစ်ဖက်က ထမင်းအိုးတည်...တစ်ဖက်က ဟင်းအိုးတည်...အဝတ်လျှော်စက်လေး ပြေးမီးခလုတ်အဖွင့်အပြီး မီးပြန်ပျက်သွားလေသတည်း....
အဲ့ဒါနဲ့ တအောင့်ပြန်စောင့်..မီးပြန်လာတော့....ရှိသမျှ Device တွေအားသွင်း...မီးပူလေးပြေးတိုက် ဘဝကြီးမယ်...EPC ကိုမျှော်တလင့်လင့်နဲ့ ပုံအပ်ထားရတဲ့ဘဝတွေလေ....အဲ့ဒါတွေလည်း ထားလိုက်ဦး
ပြသနာက ချစ်သူသက်တမ်းသိပ်မကြာသေးတဲ့ မေ နဲ့ မောင်ရဲ့ဘဝ…
ခြားနေတာတစ်ကမ္ဘာတင်မက ...ဆယ်ကမ္ဘာလောက်ခြားနေသလို ပဲလေ…
မြန်မာပြည်ကြီးမယ်နေပြီး....နေ့နဲ့ည မတူတဲ့ဘဝတွေဗျာ....
အဖြစ်က အငြိမ့်မယ်နဲ့ မင်းသား ဇာတ်လမ်းလို...မောင်နှံနှစ်ယောက်မစုံနိုင်…
အဘယ်ကြောင့်ဆိုသော်....EPC ကြောင့်တည်း…
မောင်မီးလာ....မေ အပိုင်းမလာ…
မေ မီးလာရင်...မောင်က ပျက်လိုက်နဲ့ ဘဝတွေက လှမနေဘူးရယ်....
နေရာလည်းမတူ..မီးလာတဲ့အချိန်လည်း မတူပြီမို့…. မြန်မြန်သာ မင်္ဂလာဆောင်လိုက်ရကောင်းမလားပဲ စဉ်းစားရင်း အကောင်းမြင်တတ်တဲ့ မောင်တစ်ယောက် ငတက်ပုကို မနက် တစ်ကြိမ်...နေ့လည်တစ်ကြိမ်..ညသုံးကြိမ် မေတ္တာကြိတ်ပို့ရင်းနဲ့ပဲ......ငပိနဲ့ပဲ ထမင်းကြိတ်နေရတဲ့ ဘဝကြီးကို မုန်းလာတယ်ပေါ့....
အခြေအနေက ကြည့်ဦးလေဗျာ....နေ့ဆိုလည်းပျက် ..ညဆိုလည်းပျက်..ထမင်းအိုးတစ်လုံးတောင် ခုထိမကျက်နဲ့ ဘာမှ လုပ်မရ ကိုင်မရ... အားရင် ထိုင်...ယားရင် ကုတ်နေရတော့ ကိုယ့်ဘဝကိုလည်း ပိုတွေးချိန်ရတာပေါ့။
အရင်ဆို ချစ်ချစ်ကို အချိန်အပြည့်ပေးထားတာ၊ သူလည်း ဂရုစိုက် ၊ ကိုယ်လည်းဂရုစိုက်နဲ့ သိပ်ချစ်လိုက်ကြတာ၊ အခုဆို မီးကလည်းပျက် အင်တာနက်ဈေးတွေကလည်း တက်တော့ ဖုန်းခေါ်ရလည်း သက်သာမလား မှတ်တယ်၊ မီးကပျက်တော့ ဖုန်းအားကလည်း သွင်းမရတာ၊ နာရီဝက်လောက်ကျော်လာရင် ချစ်ပေမယ့်လည်း ဖုန်းအားလေးကို နှမြောလာရော။ အဆင်မပြေပါဘူး။
ပြောချင်တာကဗျာ....တော်လှန်ရေးကြီးမယ်,..အားလုံး ပြိုင်တူတွန်းမှရွှေ့မှပါ…
အွန်လိုင်း Revolutionist လုပ်နေပြီး အွန်းလိုင်းမှာပဲ တော်လှန်ရေးဖြစ်နေလို့မရ...အဲ့လိုပြောလို့ အလှပုံတင်တဲ့သူတွေလည်းပါသဗျို့...ချီချီအောက်က Comment မန့်တဲ့သူတွေလည်း ပါတယ်လို့.....
ဇွဲထက်မှာ ရွှေသွားလုပ်နေတဲ့ လူတွေ ကိုယ့်ဘဝကိုယ် စဉ်းစားသင့်ကြောင်းပါ...
Boycott ကို ပီပီပြင်ပြင် လုပ်မနေသရွှေ့ ကိုယ်လူရေ...စောက်ပိုလုပ်ပြီး တော်လှန်ရေးအကြောင်းပြောမနေနဲ့ဗျို့…
ပြောချင်တာက...သင်တော်လှန်ရေးလုပ်လုပ်..မလုပ်လုပ်..ခံစားရမယ့် ဖြစ်လာမယ့် ဟာတွေက အတူတူပဲမို့....
အားလုံးကို ရင်စီးခံရမှာက ပြည်သူပေတွေပဲမလား....
သေချာတာတော့ ရေပေါ်ဆီတွေမပါဘူးဗျို့....
တောထဲက ငပိနဲ့ ထမင်း ပလိန်းကြီးစားပြီး အနှစ်နာခံနေရတဲ့ သူတွေကို နည်းနည်းလေး အားနာစိတ်လေးရှိပြီး ရနိုင်သလောက်လေး တတ်နိုင်သလောက်လေး ရရာနေရာကနေ တော်လှန်ပါ....မီးပျက်တာက အသားကျစရာမဟုတ်သလို...အခုဖြစ့်ပျက်နေတာအားလုံးကို တာဝန်ယူရမှာက အစိုးတစ်ရပ်ပါ....
ငပိနဲ့စားရလည်း နိုင်ငံရေး…
မီးပျက်လည်း နိုင်ငံရေး....
အခုချိန်ထိအောင် ဝါဆိုမိုးဦး Tik Tok အောက်မှာ Comment ရှိရင်...ကိုယ့်လူရေ.. Channel ကို Subscribe ပြန်ဖြုတ်လိုက်ပါ...ရှက်လို့ပါဗျို့......