The First Ride (2025)
By ArielIMDb – 6.9/10, MyDramaList - 8
Kang Ha-Neul, Kim Young-Kwang, Cha Eun-Woo, Kang Yeong-Seok နဲ့ Han Sun-Hwa တိုလို နာမည်ကြီး မင်းသား မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင် ဟာသကားသစ်လေး ထွက်ရှိလာပြီနော်။ 2023 ခုနှစ်တုန်းက အရမ်းပေါက်ခဲ့တဲ့ Love Reset ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာရဲ့ လက်ရာလေးမိုလို ရယ်ရမှာတော့ ကျိန်းသေတဲ့အပြင် Friendship ကို အသားပေး ရိုက်ပြပေးထားတာမိုလို ကြည့်ရင်း ရင်ထဲ နွေးထွေးကြည်နူးရစေဦးမှာ အမှန်ပါပဲ။
- ဇာတ်လမ်းအကျဉ်း -
တစ်နေ့မှာ သုံးနာရီပဲ အိပ်ရလောက်တဲ့အထိ စာမှစာပဲ စိတ်ဝင်စားတဲ့ တစ်ကျောင်းလုံး အဆင့်တစ် ဂျောင်ထယ်ဂျောင်း (Kang Ha-Neul)...DJ တစ်ယောက်ဖြစ်ဖို အိပ်မက်မက်နေတဲ့ လူချောလေး အန်ယွန်းမင်း (Cha Eun-Woo)...ဘတ်စကတ်ဘောအသင်းခေါင်းဆောင် ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာကြောင့် ရပ်နားလိုက်ရပြီးနောက် ယွန်းမင်းကြောင့် DJ ဖြစ်ဖို စိတ်ဝင်စားလာတဲ့ ဂိုဒိုဂျင်း (Kim Young-Kwang)...ဗုဒ္ဓဘာသာကိုင်းရှိင်းတဲ့ မိသားစုက သားလေး ဂယ်ဂွန်းဘို (Kang Yeong-Seok) တို လေးဦးဟာ ၆ နှစ်အရွယ်ကတည်းက ခင်မင်လာကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။
အထက်တန်းကျောင်းပြီးတဲ့နောက်မှာ ယွန်းမင်းက နယူးဇီလန်ကို ပြောင်းရွှေ့နေထိုင်ရမှာဖြစ်တာကြောင့်
ယွန်းမင်း မပြောင်းသွားခင် ယွန်းမင်းနဲ့ ဒုံဂျင်းတို သဘောကျတဲ့ DJ South ရဲ့ ဖျော်ဖြေပွဲကို ကြည့်ဖို
လေးယောက်အတူ ထိုင်းကို ခရီးထွက်ဖို ဆုံးဖြတ်လိုက်ကြပါတော့တယ်။
ဒါပေမဲ့ လမ်းမှာ တွေ့ကြုံရတဲ့ ဖြစ်ရပ်လေးတစ်ခုကြောင့် လေယာဉ်မစီးလိုက်ရဘဲ ယွန်းမင်းလည်း
ဒီအတိုင်း နယူးဇီလန်ကို ထွက်ခွာသွားရတဲ့အခါမှာတော့. သူတိုသူငယ်ချင်းလေးဦး အရွယ်ရောက်လာတဲ့အခါမှာ အထက်တန်းတုန်းက မထွက်ဖြစ်လိုက်တဲ့ နိုင်ငံခြားခရီးစဉ်ကို လေးယောက်အတူ ထွက်ဖြစ်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးရှင်။