The Conversation
ကြည့်..ကြည့်..ကြည့်Harry Caul ဆိုသူတစ်ယောက်က အင်မတန်မှ ရိုသေကိုင်းရှိုင်းသော ကက်သလစ်တစ်ဦးဖြစ်ပြီး စောင့်ကြည့်ရေး ကျွမ်းကျင်ပညာရှင်(Surveillance Expert) တစ်ယောက်လည်းဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုမှာလည်း သူ့ရဲ့ကိုယ်ပိုင် အသေးစားကုမ္ပဏီကို တည်ထောင်ထားသူလည်းဖြစ်ပါတယ်။ သူရဲ့ ဝန်ဆောင်မှုကတော့ အသေးစားထောက်လှမ်းမှုကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ ထူးခြားတာက Harry က စုံစမ်းမှုများအတွက် အသုံးပြုတဲ့ ထောက်လှမ်းရေး စက်ပစ္စည်းလေးတွေကို ကိုယ်တိုင် ဖန်တီးအသုံးပြုခြင်းပဲဖြစ်ပါတယ်။ သူ့ နည်းပညာတွေကလည်း အတိုင်းအတာတစ်ခုအထိ အလုပ်တော်တော်လေးဖြစ်တာကို တွေ့ရပါတယ်။ အဲ့ဒါကလည်း ဒီဇာတ်ကားလေးရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး ၁၉၇၄ ခုနှစ်ဝန်းကျင်က Surveillance Tools တွေကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။

ဒီတစ်ခါမှာတော့ Harry နဲ့ သူရဲ့လက်ထောက် Stan တို့ စုံစမ်းထောက်လှမ်းရမှာတော့ ခါတိုင်းနဲ့မတူပဲ စုံတွဲတစ်တွဲရဲ့ တွေ့ဆုံမှုတွေကို ထောက်လှမ်းဖို့ပါ။ ဒီလိုထောက်လှမ်းပြီး တစ်ဖက်က သူ့ရဲ့ Client ကိုပေးပို့ဖိုပဲဖြစ်ပါတယ်။ ထိုစုံတွဲရဲ့ အသံဖိုင်များနဲ့ ဓါတ်ပုံများကို ပေးပို့ရမှာက သူရဲ့ အဓိက တာဝန်ပဲဖြစ်ပါတယ်။ ဒီလို စုံစမ်းမှုတွေရလာတဲ့ အချက်အလက်တွေကြောင့် သေဆုံးသူတွေရှိလာတော့ Harry က တော်တော်လေးကို ချီတုံချတုံ ဖြစ်နေခဲ့တာပါ။ တစ်နေ့မှာတော့ စုံတွဲကြားက စကားတွေနားထောင်ရင်း ဒီစုံတွဲမှာ အန္တရာယ်တစ်ခု ကျရောက်တော့မှာကို သိနေနှင့်တဲ့ Harry ဟာ တာဝန်ကအရ Recording ဖိုင်တွေကို Client ကိုပေးမှာလား...ဒါမှမဟုတ် စုံတွဲတွေကို ကယ်တင်မလား..သူကိုယ်တိုင်ကရော အိပ်မက်ဆိုး တစ်ခုရဲ့ ဘယ်ဇာတ်ဆောင်နေရာကနေ ပါဝင်နေလဲဆိုတာကို ရင်ခုန်စွာနဲ့ ရှုစားရမှာပေါ့...1970 က နည်းပညားကိုလည်း တစ်ဝကြီးခံစားရမှာမို့ ကြည့်ရှုကြပါဦးဗျို့.....
ကြည့်ရှုရန် Link: https://moviesjoy.to/movie/the-conversation-17480