The Chronicles Of Evil (2015)

The Chronicles Of Evil (2015)

By Ariel

IMDb – 6.8/10, MyDramaList - 7.8


The Chronicles of Evil (2015)စုံထောက် Choi Chang-Sik ဟာ သမ္မတကိုယ်တိုင် ချီးမြှင့်တဲ့ ထူးချွန်ဆုကိုရရှိထားပြီး ဌာနမှာ ရာထူးတိုးဖို အလားအလာရှိ‌နေသူတစ်ယောက်ပါ။ဆုချီးမြှင့်ခံရသည့်ည ဂုဏ်ပြုညစာစားပွဲမှအပြန်လမ်းမှာကားမောင်းသမားယောင်ဆောင်ထားတဲ့ လုပ်ကြံသူ၏တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။


 နှစ်ယောက်သား ရုန်းရင်းဆန်ခတ်နဲ့ တိုက်ခိုက်နေကြရင်းChoi Chang- Sik မှ မတော်တဆ လက်လွန်သွားခဲ့ပါတယ်။ရာထူးတိုးဖိုအကြောင်းရှိနေတာကြောင့် အမှုကို ဖုံးကွယ်ဖိုကြိုးစားခဲ့ပေမယ့်နောက်နေ့မနက်မှာ တစ်စုံတစ်ယောက်က ဂန်းနမ်ရဲစခန်းရှေ့မှာအလောင်းကို လာချိတ်ထားခဲ့ပါတယ်။ထောင်ချောက်မိသွားမှန်း သိလိုက်ရတဲ့ Choi Chang-Sik တစ်ယောက်မိမိကို ဦးတည်တိုက်ခိုက်ရခြင်းရဲ့ နောက်ကွယ်က အဖြစ်မှန်ကိုတိတ်တဆိတ် စုံစမ်းဖို့ဖြစ်လာခဲ့ပါတယ်။


 လူသတ်မှုကိုပဲ ဆက်လက်ဖုံးဖိထားနိုင်မလား?????လွန်ခဲ့တဲ့၁၅နှစ်က အဖြစ်မှန်တွေပဲ ပြန်ရှာတွေ့သွားမလားဆိုတာကတော့The Chronicles Of Evil မှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။မင်းသားPark Seo Joon ပါဝင်တဲ့အပြင်စုံထောက်အက်ရှင်မင်းသားကြီး Ma Dong Seok ကပါ ပါဝင်အားဖြည့်ထားပြီးRatingကောင်းခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။



Report Page