The Amazing Maurice (2022)
By ArielIMDb – 6.2/10, Rotten 🍅 – 73%
ဇာတ်လမ်းအကျဉ်းလေးကတော့ စကားပြောတတ်တဲ့ ကြွက်ကလေးတွေရယ်၊ ကိသ်ဆိုတဲ့ မိဘမဲ့ကောင်လေးရယ် စကားပြောတတ်တဲ့ မော်ရိစ် ဆိုတဲ့ကြောင်လေးရယ်၊ သူတို့တွေက လူတွေဆီကပိုက်ဆံကို လိမ်ယူကြတယ်။ လိမ်ပုံလိမ်နည်းကတော့ ကြွက်တွေကိုမြို့တစ်မြို့ဆီကို အရင်ဝင် ခိုင်းပြီး သောင်းကျန်းခိုင်းလိုက်တယ်။ ကြွက်တွေကြောင့်လူတွေဟာ အအိပ်ပျက် အစားပျက်နဲ့ ဒုက္ခတွေရောက်ကြတယ်။ပုလိပ်ရောဂါရမှာကိုလည်း စိုးရိမ်ကြတယ်။
အဲ့ဒီအချိန်ကျမှ ကယ်တင်ရှင်ကြီးအနေနဲ့ မော်ရိစ်ဟာ ကိသ်ကို The Piper ပုလွေသမားလေးပုံစံဟန်ဆောင်ပြီးပုလွေနဲ့သီချင်းတီးကာ ကြွက်တွေကိုမြို့နဲ့ ဝေးရာကိုခေါ်သွားစေတယ်။ ကြွက်တွေမရှိအောင်ဆောင်ရွက်ပေးတဲ့အတွက် လူတွေပိုက်ဆံတွေပေးကြတယ်။
ဒီလိုနဲ့တစ်မြို့ပြီးတစ်မြို့ပိုက်ရှာနေရင်းနဲ့ဘက်လစ်ဇ်ဆိုတဲ့မြို့ကိုလိမ်ဖို့ရောက်လာကြတယ်။ မြို့ဟာ အချက်အခြာကြပြီးမြို့ကြီးမြို့ကောင်းဆိုပေမယ့် ထူဆန်းစွာနဲ့ တစ်မြို့လုံးဟာတိတ်ဆိတ်နေကြတယ်။အကြောင်းကတော့ စားစရာမှန်သမျှဟာ တစ်ခုမကျန်ပျောက်ဆုံးနေပြီး တစ်မြို့လုံးဟာ အငတ်ဘေးဆိုက်နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့လိမ်မယ်ဆိုတာကို စွန့်လွှတ်ပြီးတော့ မြို့တော်ဝန်သမီးနဲ့အတူ အဖြေလိုက်
ရှာတဲ့အခါမှာတော့…..